HomeBusinessGovt to provide social welfare pension to senior citizens over 85 years...

Govt to provide social welfare pension to senior citizens over 85 years of age

The Ministry of Social Welfare, Relief and Resettlement has invited senior citizens over 85 years of age to apply for financial assistance. 

This program aims to support the well-being and nutrients of senior citizens in the country while enhancing financial security and reducing the vulnerability of their families. 

The program will provide K30,000 financial assistance to senior citizens over 85 years of age once every three months. 

Senior citizens can apply for financial assistance by providing ID card or family registration forms to the township/quarter/village general administrator office or the nearest office of the Social Welfare Department. 

If both documents are not available, they can still apply for financial assistance with recommendation forms. 

To complain or suggest on the program, people can reach out to the department by calling 067-3304583, 067-3404077, 067-3404222, or 067-3404999. 

Written by Ko Myo


အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးရွယ်အိုများအနေဖြင့် နိုင်ငံတော်မှ ထောက်ပံမည့် လူမှု ရေးပင်စင်ကို လျှောက်ထားနိုင်ကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထား ရေးဝန်ကြီးဌာနမှ သိရသည်။ 

မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုများ၏ကျန်းမာရေး နှင့် အာဟာရ ဖွံ့ဖြိုးတိုးတက်စေရန်၊ သက်ကြီး ရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကို မြှင့်တင်ရန်နှင့် ၎င်းတို့မိသားစုများ၏ ထိခိုက်လွယ်မှုကို လျှော့ချ ရန်ရည်ရွယ်၍ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေး ပင်စင် ထောက်ပံ့ခြင်း အစီအစဉ်ကိုအကောင် အထည် ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုသို့ ငွေကြေးထောက်ပံ့မည့် အစီအစဉ်တွင် အကျုံးဝင်သည့် သက်ကြီးရွယ်အိုများကို တစ်ဦး လျှင် တစ်လ ကျပ်(၁၀,၀၀၀/-)နှုန်းဖြင့်(၃)လလျှင် တစ်ကြိမ် ကျပ်(၃၀,၀၀၀/-) ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်တွင် အကျုံးဝင်သည့်သက်ကြီး ရွယ်အိုများအနေဖြင့် မိမိတို့နေထိုင်သည့် နီးစပ် ရာ မြို့နယ်/ ရပ်ကွက်/ ကျေးရွာရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများနှင့် တိုင်းဒေသကြီး/ ပြည် နယ်/ခရိုင်/ မြို့နယ် လူမှုဝန်ထမ်းရုံးများ၌ အသက်အတွက် အထောက်အထားများ ဖြစ်သည့် မှတ်ပုံတင်/ နိုင်ငံသားစိစစ်ရေး ကတ်ပြား (သို့မဟုတ်) အိမ်ထောင်စုလူဦးရေ စာရင်း (ပုံစံ ၆၆/၆)ဖြင့် စာရင်းသွင်းလျှောက်ထား နိုင်ကြောင်းသိရသည်။

အဆိုပါ အသက်အထောက်အထား သက်သေခံ (၂)မျိုးစလုံး မရှိပါက ဖြေလျှော့ခြင်း အဆင့်(၄) ဆင့်ပါ  ထောက်ခံစာပုံစံဖြင့် စာရင်းပေးသွင်း လျှောက်ထား နိုင်ကြောင်း သိရသည်။ 

အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို များ အတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် ပတ်သက်၍ အကြုံပြုခြင်းနှင့် တိုင်ကြားခြင်းများ ဆောင်ရွက်လိုပါက လူမှုဝန်ထမ်းဦးစီးဌာန ဖုန်းနံပါတ် ၀၆၇-၃၄၀၄၅၈၃ ၊ ၀၆၇-၃၄၀၄၀၇၇ ၊ ၀၆၇-၃၄၀၄၂၂၂ ၊  ၀၆၇-၃၄၀၄၉၉၉ များသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img