Grab Launches Food Delivery Service in Myanmar

0
1120

Ei Thandar Tun/Myanmar Business Today

Online-to-Offline mobile platform Grab launched GrabFood beta in Myanmar on November 26, taking the number of countries where GrabFood is available to seven.

GrabFood promises to deliver a wide range of food and beverages, fresh and hot, to the home or office through one seamless transaction on the Grab application.

There are no minimum orders and GrabFood promises affordable service regardless of order size. Through the app, users can track order status and location of the delivery personnel.

“The Grab platform also helps restaurants and food vendors reach a wider customer base than if they were to attempt this on their own,” said Cindy Toh, Country Head of Grab Myanmar. “And with the benefit of not incurring costs to set up new outlets or in-house delivery systems, our merchant-partners can expect to see their bottom lines increase as the GrabFood team focuses on marketing and promotional opportunities for them.”

The service’s initial merchant partners include popular homegrown restaurants Mr. Wok and Rangoon Teahouse as well as international brands KOI, Lotteria and Gong Cha.

GrabFood will operate across nine townships in Yangon, namely Kamayut, Dagon, Bahan, Yankin, Sanchaung, Lanmadaw, Latha, Pabedan and Kyauktada, between 9 a.m. and 8 p.m.

The fee is K2,500 per delivery. GrabFood offers GrabReward points on every order, which users can redeem for the reward they want from Grab’s loyalty program catalog.


Myanmar Summary

GrabFood ဝန်ဆောင်မှုကို ခုနှစ်နိုင်ငံမြောက် နိုင်ငံအဖြစ် မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

အာရှနိုင်ငံခြောက်နိုင်ငံတွင် ဝန်ဆောင်မှုပေးလျက်ရှိသော Grab က အွန်လိုင်း မှတဆင့် အစားအသောက်မှာယူနိုင်သည့် GrabFood ဝန်ဆောင်မှုကို နိုဝင်ဘာ ၂၆ ရက်က မြန်မာနိုင်ငံတွင် ခုနှစ်နိုင်ငံမြောက်အဖြစ် မိတ်ဆက်လိုက်သည်။

အလုပ်လုပ်ကိုင်နေသူများနှင့် ချက်ပြုတ်စားသောက်ရန် အခက်အခဲရှိသူများကို ကူညီဖြေရှင်းပေးရန် အဆိုပါ ဝန်ဆောင်မှုကို ပြည်တွင်းတွင် လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းဝန်ဆောင်မှုကိုအသုံးပြုလိုပါက Grab အပလီကေးရှင်းမှတဆင့် မှာယူနိုင်မည်ဖြစ်သည်။

အဆိုပါဝန်ဆောင်မှုကို ရရှိရန်အတွက် အနည်းဆုံးမှာယူရမည့် အရေအတွက် ပမာဏကို ကန့်သတ်ထားခြင်းမရှိသည့်အပြင် မိမိလိုအပ်သည့်အချိန်တွင် စိတ်ကြိုက်မှာယူနိုင်မည်ဖြစ်သည်။ မှာယူရာတွင်လည်း အမှာစာရယူခြင်း၊ အစားအသောက်ပြင်ဆင်ခြင်းနှင့် မိမိဆီလာရောက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို အက်ပလီကေးရှင်းရှိ မြေပုံမှတဆင့် အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ စားသောက်ဆိုင်နဲ့ အစားအသောက် ရောင်းချသူတွေအတွက် စားသုံးသူပမာဏ ပိုပြီးများပြားလာဖို့အတွက် Grab ပလက်ဖောင်းက အကူအညီပေးမှာဖြစ်ပါတယ်။ GrabFood အနေနဲ့ အရောင်းမြှင့်တင်ရေးနဲ့ ပရိုမိုးရှင်းအစီစဉ်တွေကို အလေးပေးလုပ်ဆောင်ပေးမယ့်အပြင် စားသောက်ဆိုင် လုပ်ငန်းရှင်အနေနဲ့ ဆိုင်ခွဲသစ်တွေ ဖွင့်တဲ့စရိတ်၊ ကိုယ်ပိုင် ဖြန့်ချိရေးငှားပြီးလုပ်တဲ့ စရိတ်တွေကို ကာမိမှာဖြစ်တဲ့အတွက် ဝင်ငွေလည်း တိုးတက်လာမှာပါ” ဟု Grab Myanmar မှ Country Head ဖြစ်သူ Cindy Toh က ပြောသည်။

GrabFood ဝန်ဆောင်မှုကိုအသုံးပြု၍ နိုင်ငံတကာ စားသောက်ဆိုင်များဖြစ်သည့် KOI, Lotteria, Gong Cha, Mr.Wok, Rangoon Teahouse တို့အပါအဝင် ပြည်တွင်းရှိ အခြားသော နာမည်ကြီး စားသောက်ဆိုင်များမှ အစားအသောက်များကိုလည်း မှာယူနိုင်မည်ဖြစ်သည်။

GrabFood ဝန်ဆောင်မှုကို မှာယူအသုံးပြုလိုပါက နံနက် ၈နာရီမှ ည ၈နာရီအထိ ရန်ကုန်မြို့တွင်းရှိ မြို့နယ် ၉ခုဖြစ်သည့် ကမာရွတ်၊ ဒဂုံ၊ ဗဟန်း၊ ရန်ကင်း၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ်တို့တွင် ဝန်ဆောင်မှှုကိုယူနိုင်မည်ဖြစ်ပြီး အခြားသော မြို့နယ်များတွင်လည်း တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အစားအသောက်များ မှာယူသည့်အတွက် ဝန်ဆောင်မှုအနေဖြင့် တစ်ကြိမ်လျှင် ဝန်ဆောင်ခ ၂၅၀၀ ကျပ်ကို ပေးဆောင်ရမည်ဖြစ်ပြီး မှာယူအသုံးပြုသူများအတွက် Grabမှ တက္ကစီ ငှားရမ်းအသုံးပြုသည့်အတွက် ရရှိသည့် GrabReward ပွိုင့်များကိုလည်း GrabFood မှာယူအသုံးပြုတိုင်း ရရှိနိုင်မည်ဖြစ်သည်။ထိုပွိုင့်များဖြင့် အရှေ့တောင်အာရှရှိ Loyalty program ကတ်တလောက်မှ မိမိကြိုက်နှစ်သက်သည့် ဆုလက်ဆောင်များနှင့် လဲလှယ်ရယူနိုင်မည်ဖြစ်သည်။

 

SOURCEEi Thandar Tun/Myanmar Business Today
Previous articleYangon to Tackle Unauthorized Overhead Cables
Next articlePrudential Awarded Life Insurance License