Grab Launches Hotel Bookings

0
153

Ei Thandar Tun/Myanmar Business Today

Online-to-Offline platform Grab has launched GrabHotels, allowing users to book hotels and other accommodation on Agoda and Booking.com directly from the Grab app.

“With the new feature, Grab users can search for the best quality hotel within their budget from the world’s top hotel booking sites, and they enjoy more value with exclusive discounts available only to them,” said Cindy Toh, Country Head of Grab Myanmar.

Capitalizing on the fact that more and more travelers in Myanmar are arranging their trips themselves as inbound tourism improves, Grab introduced hotel bookings by partnering with Agoda and Booking.com.

Grab users in Myanmar can use the feature to access and compare prices across a selection of over two million places to stay, ranging from luxury and budget hotels to apartments and vacation homes.

“We believe Grab users in Myanmar will readily adopt and embrace the opportunity of booking domestic and international accommodation seamlessly on the Agoda platform through this one-stop app,” said Damien Pfirsch, Agoda’s vice president for strategic partnerships and programs.

Grab users in Yangon, Mandalay and Bagan will be able to see the ‘Hotels’ tile on the App’s home screen and have the option of creating or logging in to their Agoda and Booking.com accounts. They can then browse the selection of hotel listings on Agoda and Booking.com and book their hotel stays without having to leave the Grab app. Users will receive an email directly from the booking partner once the booking is complete.

Grab users can enjoy 10 percent cashback for bookings of selected hotels made on Booking.com within the Grab app. The promotion is valid for bookings until December 31 and for stays until June 30, 2020 at destinations worldwide.

Grab offers the widest range of on-demand transport services in the region, in addition to food, package delivery, digital payments and financial services across 339 cities in eight Southeast Asian countries. The app has been downloaded onto over 163 million mobile devices.


Myanmar Summary

Grab App တွင် ဟိုတယ်ဘိုကင်တင်နိုင်သည့် ဝန်ဆောင်မှှုသစ်မိတ်ဆက်

Agoda နှင့် Booking.com တို့တွင် ရရှိနိုင်သော ဟိုတယ်နှင့် အခြား နေရာထိုင်ခင်းအစီအစဉ်များကို Grab က ၎င်း၏ Grab အပလီကေးရှင်းတွင် တိုက်ရိုက် ဘွတ်ကင်တင်နိုင်မည့် ‘Hotels’ အမည်ရှိ ဝန်ဆောင်မှုအသစ်တစ်ခုကို မိတ်ဆက်ခဲ့သည်။

“ ‘Hotels’ ဝန်ဆောင်မှုကို သုံးပြီး Grab အသုံးပြုသူတွေဟာ ကမ္ဘာ့ထိပ်တန်း ဟိုတယ်ဘွတ်ကင် ဝက်ဘ်ဆိုက်တွေကနေ ကိုယ့်ရဲ့ဘတ်ဂျက်အတွင်းမှာရှိတဲ့ အကောင်းဆုံးဟိုတယ်တွေကို ရှာနိုင်မှာဖြစ်တဲ့အပြင် Grab သုံးတဲ့သူတွေပဲ ရနိုင်မယ့် အထူးဈေးနှုန်းတွေနဲ့ သီးသန့်လျှော့ဈေးတွေကိုလည်း ရရှိခံစားနိုင်မှာပါ” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောသည်။

ပြီးခဲ့သည့် နှစ်များအတွင်း ပြည်တွင်းခရီးသွားကဏ္ဍ တိုးတက်လာသည်နှင့်အမျှ လူအများစုမှာ ကိုယ်တိုင်စီစဉ်သည့် ခရီးစဉ်များကို ပိုမို နှစ်သက်သဘောကျလာသောကြောင့် Grab မှ အသုံးပြုသူများအား ဟိုတယ် ဘွတ်ကင် အလွယ်တကူ ပြုလုပ်နိုင်ရန် Agoda နှင့် Booking.com ကို ထည့်သွင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ယခု ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အရှေ့တောင်အာရှနှင့် ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှ ခရီးသွားများအနေဖြင့် ပိုမိုရိုးရှင်းလွယ်ကူစွာ  အသုံးပြုနိုင်ပြီး လိုအပ်သည့်  ခရီးသွားလာရေး ဆိုင်ရာ လိုအပ်ချက်များအား နည်းပညာဖြင့်  ဝန်ဆောင်ပေးနိုင်မည်ဖြစ်သည်။

အဆိုပါဝန်ဆောင်မှှုကို ခရစ်စမတ်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်များ မတိုင်မီ စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး ဈေးနှုန်းသက်သာသော ဟိုတယ်ခန်းများမှစပြီး တိုက်ခန်းနှင့် အပန်းဖြေအိမ်များအထိ တည်းခိုစရာနေရာ အမျိုးအစားပေါင်း (၂) သန်းကျော်မှ ဈေးနှုန်းများကို အလွယ်တကူ နှိုင်းယှဉ်ကြည့်ကာ ဘွတ်ကင်တင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

” မြန်မာနိုင်ငံက Grab အသုံးပြုသူတွေအနေနဲ့ Grab အက်ပလီကေးရှင်းက တစ်ဆင့် Agoda ပလက်ဖောင်းပေါ်က ပြည်တွင်းနဲ့ ပြည်ပမှာရှိတဲ့ ဟိုတယ်တွေကို အဆင်ပြေပြေနဲ့ ဘွက်ကင်တင်နိုင်မယ့် အခွင့်အလမ်းကိုလည်း တဖြည်းဖြည်းနဲ့ ရင်းနှီးကျွမ်းဝင်လာကြမယ်လို့ ယုံကြည်ပါတယ်” ဟု Agoda မှ VP Strategic Partnerships & Programs ဖြစ်သူ Damien Pfirsch က ပြောသည်။

ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့ရှိ Grab အသုံးပြုသူများအနေဖြင့် Grab app မှ Agoda နှင့် Booking.com တို့တွင် ဖော်ပြထားသည့် ဟိုတယ်များအတွင်း ဝင်ရောက်ကြည့်ရှု့ရွေးချယ်နိုင်ပြီး တည်းခိုလိုသည့် ဟိုတယ်ကို တိုက်ရိုက်ဘွတ်ကင်ပြုလုပ်နိုင်မည် ဖြစ်သည်။

Grab အသုံးပြုသူအားလုံး Booking.com အတွင်းရှိ သတ်မှတ်ထားသော ဟိုတယ်များတွင် Grab App မှတစ်ဆင့် ဘွတ်ကင်ပြုလုပ်ပါက ကုန်ကျစရိတ်၏ ၁၀ ရာခိုင်နှုန်းကို ငွေသားပြန်အမ်းပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Grab app ကို ဒေါင်းလုတ်ထားသည့် မိုဘိုင်းဖုန်းပေါင်း (၁၅၂) သန်းကျော်ရှိပြီး ယင်းအသုံးပြုသူများအတွက် ယာဉ်မောင်းများ၊ လုပ်ငန်းရှင်များနှင့်  အေးဂျင့်များ စုစုပေါင်း (၉) သန်းကျော်ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိသည်။

Grab သည် ဒေသတွင်း အငှားယာဉ်ဝန်ဆောင်မှု အမျိုးအစား အများဆုံးကို ဝန်ဆောင်မှုပေးနေပြီး အစားအသောက်၊ ပစ္စည်းပို့ဆောင်ရေး၊ မိုဘိုင်းငွေပေးချေစနစ်နှင့် ဘဏ္ဏာရေး ဆိုင်ရာ ဝန်ဆောင်မှုများကို အရှေ့တောင်အာရှ (၈) နိုင်ငံရှိ မြို့ပေါင်း (၃၃၉) မြို့တွင် ပေးအပ်လျက်ရှိသည်။