GrabFood to Launch in Mandalay by Midyear

0
290

Having rolled out service in Myanmar’s commercial capital, GrabFood plans to expand to Mandalay, the country’s second-largest city, by midyear.
“We plan to start providing delivery service in mid-2020, but we cannot say the exact date. Once the service is launched, residents in Mandalay will be able to make orders online,” Ko Myat Kaung Min, head of GrabFood, told Myanmar Business Today.
GrabFood is also eyeing expansion to other major cities while working to enhance service quality.
Ride hailing platform Grab launched its Myanmar food delivery service in November, covering nine downtown townships in Yangon: Kamayut, Dagon, Bahan, Yankin, San Chaung, Lammadaw, Latha, Pabedan and Kyauktada. The delivery fee is K2,500 per delivery.
GrabFood has been expanding its presence in Asia and Myanmar is the seventh country it operates in.

GrabFood  ဝန်ဆောင်မှုကို ယခုနှစ် နှစ်လယ်ပိုင်းတွင် မန္တလေးမြို့၌ စတင်မိတ်ဆက်မည်

GrabFood အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှှုကို ယခုနှစ် နှစ်လယ်ပိုင်းတွင် မန္တလေးမြို့၌ စတင် မိတ်ဆက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း Grab Myanmar မှ သိရသည်။

“ မန္တလေးမြို့မှာ ယခုနှစ်လယ်ပိုင်းမှာ စပြီး ဝန်ဆောင်မှုပေးမယ်ဆိုပေမယ့် အချိန်ကာလကိုတော့ အတိအကျ ပြောလို့မရသေးဘူး။ ဒါကြောင့် နှစ်လယ်ပိုင်းလို့ဘဲ ခန့်မှန်းထားတာပါ။ ဒီဝန်ဆောင်မှုကို စတင်ရရှိတာနဲ့ မန္တလေးမှာ နေထိုင်သူတွေအနေနဲ့လည်း အလွယ်တကူ အွန်လိုင်းအက်ပလီကေးရှင်းကနေပြီး မှာစားလို့ရမှာပါ ” ဟု Grab Myanmar မှ Head of GrabFood ဖြစ်သူ ကိုမြတ်ကောင်းမင်းက MBT သို့ ပြောသည်။

မန္တလေးမြို့ရှိ ဒေသခံစားသောက်ဆိုင်များနှင့် သယ်ယူပို့ဆောင်ရေး မိတ်ဖက်များအတွက် ဝင်ငွေအခွင့်အလမ်း များ ပိုမိုရရှိစေရန် GrabFood ကို မန္တလေးတွင် စတင်အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိပြီး အခြားသော မြို့များတွင်လည်း ဝန်ဆောင်မှုများကို တိုးချဲ့ခြင်း၊ သယ်ယူပို့ဆောင်ရးဝန်ဆောင်မှု အရည်အသွေးများကို တိုးမြှင့်ခြင်းနှင့် လူမှုအသိုက်အဝန်း များအတွက် ကူညီထောက်ပံ့ခြင်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသည့် Grab က အွန်လိုင်းမှတစ်ဆင့် အစားအသောက်မှာယူနိုင်သည့် GrabFood ဝန်ဆောင်မှုကို မြန်မာနိုင်ငံတွင် ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၂၆ရက်နေ့က စတင်မိတ်ဆက်ခဲ့သည်။

လက်ရှိတွင် GrabFood ဝန်ဆောင်မှုကို နံနက်၈နာရီမှ ည ၈နာရီအထိ ရန်ကုန်မြို့တွင်းရှိ မြို့နယ် ၉ခုဖြစ်သည့် ကမာရွတ်၊ ဒဂုံ၊ ဗဟန်း၊ ရန်ကင်း၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ်တို့မှသာ မှာယူနိုင်ပြီး အခြားမြို့နယ်များတွင် အသုံးမပြုနိုင်သေးကြောင်း သိရသည်။

GrabFood ဝန်ဆောင်မှုကို အာရှနိုင်ငံများတွင် ဝန်ဆောင်မှုပေးလျက်ရှိပြီး မြန်မာနိုင်ငံသည် ခုနှစ်နိုင်ငံမြောက် GrabFood ဝန်ဆောင်မှုပေးသည့် နိုင်ငံဖြစ်ကာ ဝန်ဆောင်ခအနေဖြင့် တကြိမ်လျှင် ဝန်ဆောင်ခ ၂၅၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

SOURCEEi Thandar Tun/Myanmar Business Today
Previous articleYangon’s Chicken Demand Drops over Salmonella Report
Next articleFishery Exports to China Halted by Virus