by Ei Thandar Tun
South Korean nationals and all who have spent time in South Korea recently, including citizens of Myanmar, will be required to show a health certificate when entering Myanmar, according to an announcement by the Myanmar Embassy in South Korea.
These individuals need to be tested at a hospital or clinic approved by the South Korean government and show the certificate to the airline and at the airport.
In addition, beginning March 12, foreigners in South Korea who apply for a visa at the embassy need to submit a health certificate along with other required documents or their visa application will be denied.
South Korea has the fourth highest number of coronavirus cases after China, Italy and Iran. Myanmar has yet to issue instructions regarding travelers from other countries.
The coronavirus, which broke out in the Chinese city of Wuhan in late December, has spread to more than 100 countries. Myanmar, which shares a long border with China, has no confirmed cases as of March 13.
“We restricted entry from China and South Korea as a preventive measure to fight coronavirus outbreak,” U Khin Maung Soe, director general of the Ministry of Hotels and Tourism, told Myanmar Business Today.
South Korea is one of the countries whose citizens are entitled to visa-on-arrival service when visiting Myanmar. Foreign visitor arrivals in Myanmar totaled 14,435 in January, a 10 percent decrease from the same month last year.
The number of travelers holding visa on arrival reached 1,930,425 in 2019, of which 532,327 are South Korean citizens, a 53 percent increase from 2018.
တောင်ကိုရီးယားနိုင်ငံသားများ၊ ကိုရီးယား နိုင်ငံသို့ရောက်ရှိခဲ့သည့် နိုင်ငံခြားသားများ နှင့် မြန်မာနိုင်ငံသားများပါ မြန်မာနိုင်ငံသို့ ဝင်ရောက်မည်ဆိုပါက ရောဂါကင်းရှင်း ကြောင်း စစ်ဆေးထားသည့် ထောက်ခံချက်ပါ ရှိမှသာ ပြည်တွင်းသို့ဝင်ရောက်ခွင့်ရမည်ဖြစ် ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန် ချက်အရ သိရသည်။
မြန်မာနိုင်ငံသို့ လာရောက်မည်ဆိုပါက ကိုရီးယားနိုင်ငံမှ သတ်မှတ်ပေးထားသည့် နီးစပ်ရာဆေးရုံ သို့မဟုတ် ဆေးခန်းတွင် ကြိုတင်ဆေးစစ်ချက်ရယူ၍ ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း ထောက်ခံချက်ကို စီးမည့် လေကြောင်းလိုင်းနှင့် မြန်မာနိုင်ငံသို့ ရောက် ရှိချိန်တွင် ယင်းထောက်ခံချက်ကို တင်ပြရ မည်ဖြစ်သည်။
ကိုရီးယားနိုင်ငံရောက် နိုင်ငံခြားသားများ အနေဖြင့် ပြည်တွင်းသို့ ဝင်ရောက်မည်ဆို ပါက ဆိုးလ်မြို့၊ မြန်မာသံရုံး၌ ပြည်ဝင် ဗီဇာ လျှောက်ထားရာတွင် ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်ပါရှိသည့် ဆေးစစ်ချက်ကို တစ်ပါတည်း တင်ပြလျှောက်ထားရမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ ထောက်ခံချက် ကို တင်ပြနိုင်မှသာ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ရရှိနိုင်မည်ဖြစ်ပြီး ယင်း သတ် မှတ်ချက်အတိုင်း မတ်လ ၁၂ ရက်နေ့မှ စတင်၍ စိစစ်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်သည် ၂ဝ၁၉ ခုနှစ် ဒီဇင် ဘာလတွင် တရုတ်နိုင်ငံရှိ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့ပြီး မတ်လ ၁၂ ရက်အထိ တစ်ကမ္ဘာလုံးတွင် ကူးစက်ခံရသူ ၁၂၆၅၁ဝ ဦးထိရှိလာပြီး တရုတ်နိုင်ငံ၌ ကူးစက်ခံရသူ ၈ဝ၇၉၆ ဦးအထိရှိကာ သေဆုံးသူမှာ ၃၁၆၉ အထိရှိနေပြီဖြစ်ကြောင်း သိရသည်။ တောင် ကိုရီးယားနိုင်ငံတွင် ကူးစက်ခံရသူ ၇၈၆၉ ဦးသေဆုံးသူ ၆၆ ဦးအထိရှိကာ ရောဂါ ကူး စက်မှုစတုတ္ထမြောက်အများဆုံးဖြစ်နေသည်။
တောင်ကိုရီးယားသည်မြန်မာနိုင်ငံကို ဆိုက် ရောက်ဗီဇာဖြင့်ခွင့်ပြုသည့် နိုင်ငံစာ ရင်းတွင် ပါဝင်ထားပြီး ယခုနှစ် ဇန်နဝါရီ တစ်လလုံးတွင် ခရီးသွား ၁၄၄၃၅ ဦး ဝင် ရောက်ထားပြီး ယမန်နှစ်ထက် ၁ဝ ရာခိုင် နှုန်းခန့်လျော့နည်းခဲ့သည်။ ၂ဝ၁၉ ခုနှစ် တစ်နှစ်လုံးတွင် ဆိုက်ရောက်ဗီဇာဖြင့် လာရောက်သည့် ခရီးသွား ၁၉၃ဝ၄၂၅ ဦး ဝင်ရောက်ခဲ့ရာ ၂ဝ၁၈ခုနှစ်ကထက် ၅၃၂၃၂၇ ဦး ပိုများခဲ့သည်။ ၂ဝ၁၉ တစ်နှစ်လုံးတွင် တောင်ကိုရီးယားခရီးသွားဝင်ရောက်မှုသည် ၁၁၁၇၉၄ ဦးရေရှိပြီး ၂ဝ၁၈ ခုနှစ်ကထက် ၅၃ ရာခိုင်နှုန်း ပိုမိုဝင်ရောက်ခဲ့သည်။
တရုတ်နိုင်ငံပြီးလျှင် ကိုရိုနာဗိုင်းရပ်စ် ဒုတိယအများဆုံးအဖြစ် အီတလီနိုင်ငံနှင့် တတိယအများဆုံးအဖြစ် အီရန်နိုင်ငံတို့ က ရှိနေပြီး ရောဂါတိုက်ဖျက်ရေးကိုအကြိတ် အနယ်ဖြေရှင်းနေရသည်။