By Myo Sandar /Myanmar Business Today

Hilton’s Ngapali Resort Wins World Luxury Hotel Award
Hilton Ngapali Resort & Spa has won World Luxury Spa for a second time. The award is given by the World Luxury Hotel Awards. In 2017 the hotel received the Luxury Spa Resort and Luxury Ocean View Resort for the first time.
“We are honored to once again receive this accolade from the World Luxury Hotel Awards. This emboldens our commitment to constantly raise the bar for luxury and service standards in Myanmar, and to offer our guests an experience like no other,” said Veronique Sirault, Area General Manager of Hilton in Myanmar.
Established in 2006, the World Luxury Hotel Awards is a recognized global organization providing luxury hotels with recognition for their world class facilities and service excellence. Winners are selected by online public votes, providing recognition that reflects the hard work and dedication exhibited by staff.
World Luxury Hotel Awards held its award-presentation ceremony on October 12, 2019 at Arctic TreeHouse Hotel and SantaPark in Rovaniemi, Finland.
Hilton, who celebrated their 100th anniversary this year, entered Myanmar in 2014 as one of the first international hotel chains in the country. Hilton has since grown its presence with the launch of Hilton Ngapali Resort & Spa, followed by Hilton Mandalay just two years ago. Recognizing the potential of Myanmar as a travel destination, with seven million tourist arrivals expected by 2020, Hilton is set to continue its expansion across the country.
ဇိမ်ခံဟိုတယ်များကို ပေးသည့် Luxury Spa Resort ဆုကို Hilton Nagapali မှ ရရှိ
ကမ္ဘာတစ်ဝမ်းလုံးတွင်ရှိသည့် ဟိုတယ်လုပ်ငန်းစုများစုပေါင်းဖွဲ့စည်းထားသည့် World Luxury Hotel Awards က ချီးမြှင့်သည့် ဇိမ်ခံဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများအတွက် ပေးအပ်သည့် Luxury Spa Resort ဆုကို Hilton Nagapali Resort & SPA ဒုတိယအကြိမ်ရရှိကြောင်း သိရသည်။
အဆိုပါဆုကို Hilton Ngapali Resort & Spa သည် ၂၀၁၇ နှစ်တွင်လည်း Luxury Spa Resort နှင့် Luxury Ocean View Resort ဆုကို ပထမဆုံးအကြိမ်အဖြစ် ရရှိခဲ့ခြင်းဖြစ်ပြီး ယခုတကြိမ် Luxury Spa Resort ဆုကို ထပ်မံရရှိခဲ့သည်။
“ World Luxury Hotel Awards ကနေပြီးတော့ ဒီဆုကို နောက်တစ်ကြိမ် ပေးအပ်ချီးမြှင့်ခြင်းခံရတဲ့အတွက် ကျွန်မတို့တွေ တကယ်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီလိုအသိအမှတ်ပြုခံရခြင်းဟာ ဧည့်သည်တွေကို ပေးစွမ်းနေတဲ့ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံက ဝန်ဆောင်မှုတွေကို အမြဲမပြတ်မြှင့်တင်နေဖို့နဲ့ ဧည့်သည်တွေကို ဘယ်နေရာနဲ့မှ မတူတဲ့ အတွေ့အကြုံမျိုး ပေးစွမ်းနိုင်အောင်ကြိုးစားချင်နေတဲ့ ကျွန်မတို့ရည်မှန်းချက်ကို ပိုပြီးလေးနက်အောင် လုပ်ပေးလိုက်သလိုပါပဲ ” ဟု Hilton Myanmar ၏ Area General Manager ဖြစ်သူ Veronique Sirault က ပြောသည်။
World Luxury Hotel Awards သည် ဇိမ်ခံဟိုတယ်၏ ထူးခြား သောဝန်ဆောင်မှုများ၊ အဆင့်အတန်းမြင့် အသုံးအဆောင် ပစ္စည်းများနှင့် ဧည့်သည်များ စိတ်ကျေနပ်မှုရရှိအောင် ထားရှိနိုင်မှု များအပေါ်မူတည်ပြီး အသိအမှတ်ပြု အကဲအဖြတ်ပေးနေသော နိုင်ငံတကာအသိအမှတ်ပြု ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီး တစ်ခုဖြစ်သည်။
၁၃ ကြိမ်မြောက် World Luxury Hotel Awards ဆုပေးပွဲကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့၌ Finnish Lapland Rovaniemi ရှိ Santa Park ရှိ Arctic TreeHouse Hotel တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာတစ်လွှားမှ ဧည့်သည် ၃၀၀ ကျော်တက် က အဆိုပါ ဆုချီးမြှင့်ပွဲကို တက်ရောက်ခဲ့ကြသည်။
Hilton ၏ နှစ် ၁၀၀ ရာပြည့်ပွဲကိုလည်း မကြာသေးမီကို ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာပြည်တွင် ပထမဆုံး Hilton နေပြည်တော်ကို ၂၀၁၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ စတင်ဝင်ရောက်သည့် အချိန်မှစ၍ မြန်မာပြည်အတွင်း တဖြည်းဖြည်း ကြီးထွားလာခဲ့မှုနှင့်အတူ Hilton Ngapali Resort & Spa ကိုပါ ဖွင့်လှစ်ခဲ့ပြီး လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်းတွင် Hilton Mandalay ကိုပါ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ရည်မှန်းချက်ဖြစ်သည့် ၂၀၂၀ ခုနှစ်တွင် ခရီးသွားဝင်ရောက်မှု (၇) သန်းရှိလာမည်ဆိုသော မျှော်မှန်းချက်ကို အသိအမှတ်ပြုသည့် အနေဖြင့် နိုင်ငံတစ်ဝှမ်းတွင် Hilton မှ ၎င်း၏ ဟိုတယ်လုပ်ငန်း များကို ဆက်လက် တိုးချဲ့လုပ်ကိုင်သွားရန် စီစဉ်ထားကြောင်း အဆိုပါ ဟိုတယ်လုပ်ငန်းစုမှ ရရှိသည်။