HK Company Invests Over $350 million in Myanmar Real Estate

0
1429
Shwedagon pagoda seen among the building in Yangon city September 23, 2015. REUTERS/Soe Zeya Tun - GF10000218509

Zin Thu Tun/Myanmar Business Today

Hong Kong-based Goldman Fortune International has secured approval from the government for the $350 million Mindama Complex, representing the third foreign direct investment into Myanmar’s real estate sector in the new fiscal year started October 1.
The development on 20.837 acres of land on Mindama Road, Mayangone Township, Yangon will include commercial shops, service apartments, a shopping mall, villas, office buildings, a condominium and a hotel. The company won the contract to develop the complex under build-operate-transfer (BOT).
“We approved the proposal after checking it thoroughly and making sure everything meets the existing laws and instructions,” said U Thant Sin Lwin, Deputy Director General of the Directorate of Investment and Company Administration (DICA).
Thailand-based Amata Corporation’s $300 million Smart and Eco City project was the first foreign direct investment into Myanmar’s real estate sector this fiscal year, followed by Green Urban Ventures’ $142 million housing project.
With the Goldman Fortune investment, the real estate sector has received over $792 million, the lion’s share of the 41 foreign direct investments worth some $1.3 billion that Myanmar received during October 1 – November 29.


Myanmar Summary

တတိယမြောက်အိမ်ခြံမြေဝင်ရောက်မှုအဖြစ် ဟောင်ကောင်က ကန်ဒေါ်လာ သန်း(၃၅၀)ကျော် ဝင်ရောက်ရင်းနှီးမြှုပ်နှံ

၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အိမ်ခြံမြေကဏ္ဍ၌ တတိယမြောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ဟောင်ကောင်နိုင်ငံ Goldman Fortune International Limited က ကန်ဒေါ်လာသန်း (၃၅၀) ကျော် Mindama Complex စီမံကိန်းကို ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါစီမံကိန်းသည် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြေဧရိယာ ၂၀ ဒသမ ၈၃၇ ဧကပေါ်၌ Commercial Shop ၊ Service Apartment ၊ Shopping Mall ၊ Villa ၊ Office Building ၊ Condominium နှင့် Hotel တို့ပါဝင်ပြီး စီမံကိန်းတွင် အပိုင်းသုံးပိုင်းခွဲခြမ်း အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကာ နှစ်ရှည်ငှားရမ်းခွင့် BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

“ အဆင့်ဆင့်စိစစ်ပြီးခွင့်ပြုပေးခဲ့တာပါ။ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့အမိန့်တွေ ၊ လမ်းညွှန်ချက်တွေ နဲ့အညီ ကိုက်ညီတာနဲ့ ခွင့်ပြုပေးခဲ့တာပါ ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်လွင်က ပြောသည်။

ယခုနှစ် အိမ်ခြံမြေကဏ္ဍ၌ Amata ကုမ္ပဏီက ကန်ဒေါ်လာသန်း(၃၀၀)တန်ဖိုးရှိ Smart & Eco City ဖော်ဆောင်ခြင်းစီမံကိန်းနှင့် Green Urban Ventures Company က ကန်ဒေါ်လာ(၁၄၂)သန်း တန်ဖိုးရှိ အိမ်ရာဖော်ဆောင်ခြင်းစီမံကိန်းတို့ ကိုခွင့်ပြုခဲ့ပြီးဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ်အစမှ နိုဝင်ဘာ(၂၉)ရက်အထိ အိမ်ခြံမြေကဏ္ဍမှ ဝင်ရောက်ထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ(၇၉၂)သန်း ကျော်ထိရှိပြီး အများဆုံးဝင်ရောက်သောကဏ္ဍအဖြစ် ရပ်တည်နေသည်။

ယခု၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အစမှ နိုဝင်ဘာ(၂၉)ရက်အထိ ဝင်ရောက်ထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၄၁)ခု၊ အမေရိကန်ဒေါ်လာ(၁ဒသမ၃)ဘီလီယံအထိ ရှိကြောင်း ယင်းဌာန၏စာရင်းများအရ သိရသည်။

SOURCEZin Thu Tun/Myanmar Business Today
Previous articleJETOUR X70 Makes a Debut
Next articleMoU Signed for Construction Workplace Safety