Zin Thu Tun/ Myanmar Business Today
Hong Kong-based V-Power is set to invest $500 million in power generation and distribution in Kyauk Phyu Township, Rakhine State and Thaketa Township, Yangon Region.
“Their proposal says they will build a power plant as soon as possible, but they have yet to provide a time frame,” said U Thant Sin Lwin, Deputy Director General of the Directorate of Investment and Company Administration (DICA).
The proposed projects include the construction of a $363 million, 400-megawatt power plant by NTIC V Power YG1 Limited and a $140 million, 150-megawatt plant by CNTIC V Power KY3 Limited. Both companies are subsidiaries of V Power Group Holding Limited.
In October, V-Power won the bidding for four of five power production projects intended to solve the problem of summertime blackouts. In addition to the above-mentioned projects in Rakhine State and Yangon Region, the company won contracts for a 350-megawatt plant in Thanlyin Township, Yangon and a 20-megawatt plant in Kyun Chaung Township, Magway Region.
V-Power has also won the project to build a 90-megawatt power plant in Myint Gyan Township.
According to DICA data, Myanmar has received over $1.3 billion in foreign direct investment in the first two months of the 2020 fiscal year.
Myanmar Summary
သာကေတနှင့် ကျောက်ဖြူရှိ လျှပ်စစ်ကဏ္ဍအတွက် ဟောင်ကောင်အခြေစိုက်ကုမ္ပဏီတစ်ခုက ကန်ဒေါ်လာသန်း(၅၀၀)ကျော်ဝင်ရောက်ရင်းနှီးမြုပ်နှံ
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများအတွက် ဟောင်ကောင်အခြေစိုက် V-Power ကုမ္ပဏီက ကန်ဒေါ်လာသန်း (၅၀၀)ကျော်ဝင်ရောက်ရင်းနှီးမြှုပ်နှံခြင်းကို ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီး ဌာနမှ သိရသည်။
“ ဒီကိုတင်ပြတာကတော့ လျှပ်စစ်ကိုအမြန်ဆုံးပေးနိုင်အောင်လုပ်သွားမယ်ဆိုပြီဖော်ပြထားတယ်။ စီမံကိန်းကာလကိုတော့မပြောထားဘူး။ အမြန်ဆုံးလုပ်သွားမယ်ဆိုတာပဲ ပါမယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ဆိုင်ရာညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်လွင်က ပြောသည်။
မဂ္ဂါဝပ်(၄၀၀)ရှိ သာကေတဓာတ်အားပေးစက်ရုံအတွက် NTIC V power YG1 Limited ကုမ္ပဏီက ကန်ဒေါ်လာသန်း(၃၆၃)ကျော် နှင့် မဂ္ဂါဝပ်(၁၅၀)ရှိ ကျောက်ဖြူဓာတ်အားပေးစက်ရုံအတွက် CNTIC V power KY3 Limited ကုမ္ပဏီက ကန်ဒေါ်လာသန်း (၁၄၀)ကျော် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့ပြီး နေရာနှစ်ခုလုံးရှိ စီမံကိန်းများသည် ဟောင်ကောင်အခြေစိုက်ကုမ္ပဏီတစ်ခုတည်းက ဝင်ရောက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။
အဆိုပါ ဟောင်ကောင်အခြေစိုက်ကုမ္ပဏီသည် နွေရာသီဓါတ်အားမပြတ်တောက်စေရေးအတွက် ဓာတ်အားပေးစီမံကိန်းငါးခုအနက် အထက်ပါ စီမံကိန်းနှစ်ခုအပါအဝင် မဂ္ဂါဝပ်(၃၅၀)ရှိ သန်လျင်ဓါတ်အားပေး စက်ရုံနှင့် မဂ္ဂါဝပ်(၂၀)ရှိကျွန်းချောင်းဓါတ်အားပေးစက်ရုံ တင်ဒါအောင်မြင်ခဲ့ကြောင်း ပြီးခဲ့သောအောက်တိုဘာ လ၌ လျှပ်စစ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ယင်း တင်ဒါလေးခုအောင်မြင်ထားသော V power ကုမ္ပဏီသည် မြင်းခြံ၌ ငါးနှစ်သက်တမ်းဖြင့် မဂ္ဂါဝပ် (၉၀)ထုတ်လုပ်နိုင်သော သဘာဝဓါတ်ငွေ့သုံးဓါတ်အားပေးစက်ရုံကို လည်ပတ်ခွင့်ရရှိထားသည်။
လက်ရှိဘဏ္ဍာနှစ် (၂၀၁၉-၂၀၂၀) နှစ်လတာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်ထားမှုမှာ ကန် ဒေါ်လာ(၁ဒသမ၃)ဘီလီယံကျော်ထိ ဝင်ရောက်ထားကြောင်း DICA ၏ စာရင်းများအရသိရသည်။