Holiday Joy for Children from Orphanages

0
64

Four hundred children from four orphanages took part in a Christmas party hosted by Marga Landmark at the Central Boulevard, Yangon’s first walking street, on December 23.
Marga, the company behind mixed-use development The Central, organized a day of fun, games and learning activities including animal-balloon workshops and LEGO building for children aged 4 to 9 from Hphone Pyan Monastic School, Thanlyin Township, No. 2 Hman Kin School, Dagon Seikkan Township, Myittar Yin Khwin School, North Okkalapa Township and No. 1 Hman Kin School, Thaketa Township. The children also met Santa Claus and received Christmas gifts including candies and toys.
Fifty children from The Children’s Choir performed Christmas carol favorites at the event. Launched in March 2016 and led by choir director Rebekka Jensen, the new children’s choir is composed of young children from monastic schools and orphanages in the Yangon region as well as international students from the International School of Yangon.


Myanmar Summary

Marga Landmark မှ The Central Boulevard ကို မိဘမဲ့ကျောင်း (၄)ကျောင်းရှိ ကလေးများဖိတ်ခေါ် ပြီး ခ Marga Landmark မှ The Central Boulevard ကို မိဘမဲ့ကျောင်း (၄)ကျောင်းရှိ ကလေးများဖိတ်ခေါ် ပြီး ခရစ္စမတ်လက်ဆောင်နှင့် ဂိမ်းအစီအစဉ်များပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မိဘမဲ့ကျောင်းလေးကျောင်းမှ ကလေးငယ်ပေါင်း ၄၀၀ ကျော်ကို ရန်ကုန်မြို့၏ ပထမဆုံးဈေးဝယ်လျှောက်လမ်းဖြစ်သည့် The Central Boulevard သို့ဖိတ်ကြားခဲ့ကာ ဂိမ်းအစီအစဉ်များ စီစဉ်ပေးခဲ့သည့် အပြင် လက်ဆောင်များကိုလည်း ပေးအပ်ခဲ့သည်။ အသက် ၄ နှစ်မှ ၉ နှစ်ကြားရှိသော သန်လျင်မြို့နယ်ရှိ ဘုန်းပျံဘုန်းကြီးကျောင်း ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမှတ်(၂) မှန်ကင်းကျောင်း ၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ မေတ္တာရင်ခွင်ကျောင်း ၊ သာကေတ မြို့နယ်ရှိ အမှတ် ၁ မှန်ကင်းကျောင်း တို့ဖြစ်ကြောင်းသိရသည်။

ကလေးငယ်များသည် The Central Boulevard တွင် ခရစ္စမတ် ဘိုးဘိုးကြီးနှင့် တွေ့ဆုံခဲ့ပြီး လက်ဆောင်ပစ္စည်းများအဖြစ် သကြားလုံးနှင့် ရေခဲမုန့်များ အမွှေးပွရုပ်များ ၊ ရရှိခဲ့ကြသည်။ ထပ်မံပြီး Marga အဖွဲ့သားများမှ ပြင်ဆင်ပေးထားသော တိရစ္စာန်ရုပ် ပူဖေါင်းလုပ်နည်းနှင့် LEGO အရုပ်ဆင်နည်းတို့ဖြင့် ပျော်ပျော်ပါးပါး ဂိမ်းကစားခြင်းများ အပါအဝင် ဂိမ်းအစီစဉ်များစွာကိုလည်း ဆော့ကစားခွင့်ရရှိခဲ့ကြသည်။

ထို့ပြင် ခရစ္စမတ် အထူးအစီအစဉ်ဖြစ်သော The Central Boulevard သို့လာရောက်ကြသော မိသားစုများနှင့် ကလေားငယ်များအတွက် အထူး အစီစဉ်များကို ပြင်ဆင်ပေးထားခဲ့ပြီး ကလေးငယ်များမှ ခရစ္စမတ်ဘိုးဘိုးကြီးနှင့် တွေ့ဆုံခဲ့ကာ သကြားလုံးနှင့် ရေခဲမုန့်များကိုလည်း ရရှိခဲ့သည်။

The Central သည် ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်းထောင့် အင်းယားကန်ဘေးတွင်တည်ရှိပြီး Marga Landmark ၏ ဘက်စုံသုံး အိမ်ရာစီမံကိန်း တစ်ခုဖြစ်သည်။ The Central သည် အာဆီယံဒေသတွင်းရှိ စီးပွားရေး ဖွံ့ဖြိုးမှုဗဟိုချက်ဖြစ်သော ရန်ကုန်မြို့၏ လှပမှုနှင့် မြို့ပြသက်ဝင်လှုပ်ရှားမှုတို့ကို ပြသနိုင်မည့် ကမ္ဘာအဆင့်မီ ဘက်စုံသုံး စီမံကိန်း တစ်ခုဖြစ်လာမည် ဖြစ်သည်။