Httpool Named Facebook Sales Partner for Myanmar, Cambodia, Laos

0
1253

Httpool Named Facebook Sales Partner for Myanmar, Cambodia, Laos

Facebook, the most popular social network among Myanmar people, has selected Httpool as its authorized sales partner for Myanmar, Cambodia and Laos.

In this role, Httpool will provide support and regional expertise to local businesses across Facebook, Instagram, Facebook Messenger and WhatsApp.

“At Facebook, we recognize that this is a prime opportunity to help local agencies and advertisers in these countries to reach greater audiences and to engage in meaningful conversations with people, and to help further the potential of local businesses in Myanmar, Cambodia and Laos,” said Jordi Fornies, Facebook’s director of emerging markets, Asia-Pacific.

Through this partnership, Facebook will be able to provide support for business in all three countries.

“We are excited to build on our experience from Europe and assist Facebook in introducing the latest advertising solutions to Myanmar, Cambodia and Laos, and provide brands and agencies first-hand support at the highest execution level,” said Sunny Nagpal, co-founder and managing director of Httpool.

Httpool is also Facebook’s authorized sales partner in seven markets across Europe.


Myanmar Summary

Facebookက Httpool ကို မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံတို့၏ တရားဝင် မိတ်ဖက် အရောင်းကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။

Facebook ၏ တရားဝင် မိတ်ဖက်ကုမ္ပဏီအနေဖြင့် Httpool သည် အဆိုပါ နိုင်ငံ (၃) နိုင်ငံရှိ ဒေသတွင်း စီးပွားရေးလုပ်ငန်းများအတွက် Facebook ၊ Instagram ၊ Facebook Messenger နှင့် WhatsApp အက်ပလီကေးရှင်းတို့တွင် လိုအပ်ချက်များ နှင့် ဒေသအလိုက် ထိရောက်မှုရှိစေမည့် ဝန်ဆောင်မှုများ ပေးအပ်သွားမည်ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ အရောင်းအဖွဲ့တွေက အရှေ့တောင်အာရှဒေသတစ်လွှား အောင်မြင်စွာနဲ့ ဈေးကွက်တိုးချဲ့အပြီးမှာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကို တာဝန်ယူပေးမယ့် တရားဝင် မိတ်ဖက် အရောင်းကိုယ်စားလှယ် တစ်ဦး ကို ထားရှိပေးခဲ့တာပါ ” ဟု Facebook ၏ Director Emerging Markets APAC ဖြစ်သူ Jordi Fornies က ပြောသည်။

အရောင်းကိုယ်စားလှယ်ထားရှိပေးခြင်းကြောင့် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံမှ Facebook ဝန်ဆောင်မှုကို အသုံးပြုရန် အလားအလာရှိသည့် စီးပွားရေးလုပ်ငန်းများကို ထိရောက်သည့် ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။

ထို့ပြင် Facebook အနေဖြင့် ပြည်တွင်း အေဂျင်စီများ၊ ကြော်ငြာရှင်များ၏ ကြော်ငြာများကို ကြည့်ရှှုသူတွေထံ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရန်နှင့် အခြားသော စိတ်ဝင်စားစရာကောင်းသည့် အကြောင်းအရာများကို ပြည်သူတွေနှင့် ပိုမိုထိတွေ့မှုရှိလာစေရန် ကူညီပံ့ပိုးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

“ ဥရောပနိုင်ငံတွေမှာ လုပ်ကိုင်ဆောင်ရွက်ပေးရင်း ရရှိလာတဲ့ အတွေ့အကြုံတွေနဲ့ Facebook ကို ကူညီပြီး မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံ တွေမှာ ကြော်ငြာဝန်ဆောင်မှုအသစ်တွေ မိတ်ဆက်ပေးသွားမယ့်အပြင် ကုန်အမှတ်တံဆိပ်တွေနဲ့ အေဂျင်စီတွေကို ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက် ဝန်ဆောင်မှုပေးနိုင်အောင် အစွမ်းကုန် ကြိုးစားလုပ်ကိုင်သွားပါမယ်” ဟု Httpool APAC ၏ Co-founder & Managing Director ဖြစ်သူ Sunny Nagpal က ပြောသည်။

Httpool ကုမ္ပဏီသည် ဥရောပဒေသ တစ်လွှားရှိ ဈေးကွက် (၇) ခုအတွက် Facebook ၏ တရားဝင် မိတ်ဖက် အရောင်းကိုယ်စားလှယ်အဖြစ် တာဝန်ယူ  ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ အတွေ့အကြုံများဖြင့် အရှေ့တောင်အာရှဒေသအတွင်း Facebook ဝန်ဆောင်မှု အသုံးပြုနေသူများ၊ စတင် အသုံးပြုလိုသူများအတွက် အကောင်းဆုံး ဝန်ဆောင်မှု ပေးအပ် နိုင်ရန် အထူး အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

SOURCEEi Thandar Tun/Myanmar Business Today
Previous articleOn the Frontier, Lubumbashi Biennial Makes Art from Obstacles
Next articleMyanmar Eases Travel Restrictions for Foreigners