HomeIT & TelecomHuawei Launches Mate 30 Pro

Huawei Launches Mate 30 Pro

Chinese smartphone maker Huawei introduced its new flagship Mate 30 Pro with Huawei Mobile Services to the Myanmar market on November 20.

“Huawei Mate 30 Pro comes with the best hardware. In terms of software, it comes with HMS, Huawei Mobile Services, offering unique user experience. Moreover, the cameras will give users the ultimate experience when taking photos and videos,” said Ma Khin Yadanar Win, marketing director of Huawei Device.

Designed to provide “seamless AI digital life experience,” Huawei Mobile Services include Huawei App Gallery, Huawei Browser, Huawei Mobile Cloud, Huawei Themes, Huawei Music, Huawei Video, Huawei Reader, Huawei Assistant and a range of other apps.

The Mate 30 Pro’s Quad Camera features a 40 MP Super Sensing Camera, 16MP Ultra Wide-Angle Camera, ToF Camera and 8MP Telephoto Camera.

Featuring ultra-narrow Notch Design with ultrathin bezels and Huawei Horizon Display, the phone does away with physical volume adjustment keys, replacing them with virtual keys on the side of the screen.

The AI Gesture Control is designed to perform tasks such as AI Auto-Rotate and AI Private View while the HiCar Smart Travel allows users to connect to a car enter-tainment system.

Equipped with 8 GB of RAM and 256 GB of memory, the phone comes in two colors, black and space silver.

The K1.499 million retail price includes a free screen and back cover replace-ment (one screen and one back cover within six months of purchase). Customers can buy the device under a one-year, interest-free installment plan through KBZ Bank.


Myanmar Summary

Huawei Mobile Services ပါဝင်လာသည့် Huawei Mate 30 Pro စမတ်ဖုန်းကို နိုဝင်ဘာလ ၂၀ရက်နေ့က မြန်မာနိုင်ငံဈေးကွက်၌ စတင်မိတ်ဆက်ခဲ့သည်။
“ Huawei Mate 30 Pro ဟာ အကောင်းဆုံး Hardware ပိုင်းနဲ့ ပွဲထွက်လာခဲ့ပြီး software ပိုင်းမှာလည်း HMS နဲ့ လာတာဖြစ်တဲ့ အတွက် သုံးစွဲသူတွေကို အရင်ကနဲ့ မတူကွဲပြားတဲ့ အတွေ့အကြုံသစ်ကို ပေးစွမ်းနိုင်ပါမယ်။ ဒါ့အပြင် ကင်မရာပိုင်းမှာလည်း ဓာတ်ပုံရိုက်ကူးမှု သာမက ဗီဒီယို ရိုက်ကူးမှုကိုပါ ဘာနဲ့မှ မတူတဲ့ အတွေ့အကြုံသစ်ကို ခံစားရရှိစေမှာပါ ” ဟု Huawei Technologies (Device) မှ မားကတ်တင်းဒါရိုက်တာ မခင်ရတနာဝင်းက ပြောသည်။
Huawei Mobile Services သည် စမတ်ဖုန်းသုံးစွဲသူများကို “Seamless AI Digital Life Experience” အတွေ့အကြုံကို ခံစားစေနိုင်မည်ဖြစ်ပြီး Huawei Mobile Servicesတွင် Huawei App Gallery, Huawei Browser, Huawei Mobile Cloud, Huawei Themes, Huawei Music, Huawei Video, Huawei Reader, Huawei Assistant နှင့် အခြားသော HMS Apps များ ပါဝင်သည်။
Huawei Mate 30 Pro ၏ Quad Camera တွင် Super Sensing Cine Camera (အဆင့်မြင့်အာရုံခံ ရုပ်ရှင်ကင်မရာ) Dual Main Camera System ထည့်သွင်းထားပြီး အဆင့်မြင့် အာရုံခံကင်မရာ (၄) လုံးဖြစ်သည့် 40 MP Super Sensing Camera, 16MP Ultra Wide-angle Camera (မြင်ကွင်းကျယ်ကင်မရာ), ToF ကင်မရာ နှင့် 8MP Telephoto Camera တို့ကို ပါဝင်ကြောင်း သိရသည်။
ထို့ပြင် အပါးလွှာဆုံးသော Bezels များနှင့် Ultra-narrow Notch Design ဖြင့် Huawei Horizon Display ကို ဖန်တီးပေးထားသည့်အပြင် နံဘေးဘက်ရှိ အသံခလုတ်များကို မမြင်နိုင်သည့် Virtual Keys များဖြင့် အစားထိုး ဖန်တီးပေးထားပြီး ဖုန်း၏ မည်သည့်ဖက်တွင်မဆို ၎င်း Virtual Keys များကို လွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်သည်။
AI Gesture Control ပါဝင်ခြင်းကြောင့် ဖုန်း၏ မျက်နှာပြင်ကို လက်ဖြင့်မထိဘဲ AI Auto-Rotate ပြုလုပ်ခြင်း၊ AI Private View ကို အသုံးပြုနိုင်မည့်အပြင် Hi Car Smart Travel ကြောင့် ကားတစ်စီး၏ ဆက်သွယ်ရေးနှင့်ဖျော်ဖြေရေး စနစ်များကိုလည်း အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။
အဆိုပါဖုန်းတွင် RAM 8 GB/ROM 256 GB ပါဝင်ပြီး အရောင်အနေဖြင့် Black နှင့် Space Silver ဟူ၍ အရောင်နှစ်မျိုး ထုတ်လုပ်ထားကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် ကျပ်ငွေ ဆယ့်လေးသိန်းကိုးသောင်းကိုးထောင်ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
ဝယ်ယူသူများအနေဖြင့် ဝယ်ယူပြီး ၆လအတွင်း Screen & Back Cover အခမဲ့လဲလှယ်ခွင့်( အရှေ့ Screen ကွဲခြင်းအတွက် ၁ ကြိမ်၊ အနောက် cover အတွက် ၁ ကြိမ်) ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဝယ်ယူလိုသူများအနေဖြင့် အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုပါကလည်း ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်၍ အွန်လိုင်းမှတစ်ဆင့် တစ်နှစ်အထိ အရစ်ကျစနစ်ကို အတိုးကင်းလွတ်ခွင့်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img