by Ei Thandar Tun
The Huawei Nova 7i, launched in Myanmar on March 6, will appeal to photo hobbyists and gamers alike.
The AI-powered quad rear camera setup comprising a 48-megapixel main shooter, 8MP ultra wide-angle lens, 2MP macro lens and 2MP bokeh lens makes it easy to take high-quality pictures and videos.
The main camera is equipped with ½-inch sensor with f/1.8 aperture. The powerful chipset and multi-frame synthesis technology enable users to take sharp and clear pictures even when zooming in. The 120-degree ultrawide-angle lens makes it a cinch to snap pictures of buildings, nature scenes or group photos.
The CPU consists of two high-performance ARM Cortex-A76 cores clocked at 2.27GHz and six smaller ARM Cortex-A55 cores ticking at 1.88GHz.
The phone is equipped with new-generation GPU Turbo delivering HD graphics and high frame rate, allowing users to enjoy smooth 3D gaming experience.
The 4200 mAh battery recharges up to 70 percent in 30 minutes thanks to 40W Huawei SuperCharge technology.
Priced at K369,000, the phone comes with 8 GB of RAM and 128 GB of storage and is available in sakura pink, black and green.
Myanmar Summary
ကင်မရာ လေးလုံးပါဝင်သည့် HUAWEI nova7i မတ်လတွင် မြန်မာနိုင်ငံ၌ စတင်မိတ်ဆက်
ဖုန်း၏ ကျောဘက်မျက်နှာပြင်တွင် ကင်မရာလေးလုံးပါဝင်ပြီး စွမ်းဆောင်ရည်မြင့်မားသည့် HUAWEI nova7i ကို မတ်လ ၆ ရက်ကစတင်၍ မြန်မာနိုင်ငံဈေးကွက်တွင် စတင်ရောင်းချခဲ့ကြောင်း သိရသည်။
HUAWEI nova 7i ၏ ကျောဘက် quad camera တွင် 48MP ပင်မကင်မရာ၊ 8MP ultra wide-angle lens၊ 2MP macro lens နှင့် 2MP Bokeh lens တို့ပါဝင်သည့်အတွက် ဓာတ်ပုံများ၊ ဗီဒီယိုများကို ကောင်းမွန်စွာ ရိုက်ကူးနိုင်မည်ဖြစ်သည်။
ထို့ပြင် ဖုန်းအနောက်ဖက်ရှိ 48MP ပင်မကင်မရာမှာ f/1.8 ရှိသော aperture ပါဝင်သည့် ½-inch အာရုံခံကိရိယာတပ်ဆင်ထားပြီး စွမ်းဆောင်ရည် ကောင်းမွန်သော chipset, multi-frame synthesis technology တို့ဖြင့် ထောက်ပံ့ပေးထားသောကြောင့် ရိုက်ကူးထားသောဓာတ်ပုံများကို အနီးကပ် zoom ဆွဲကြည့်သည့် အခါတွင် မှုန်ဝါးခြင်းမရှိဘဲ အသေးစိတ်ကြည့်ရှုနိုင်မည်ဖြစ်သည်။
HUAWEI nova 7i တွင်ပါဝင်သည့် ၁၂၀ ဒီဂရီအပြည့်မြင်နိုင်သည့် 8MP ultra wide-angle lens ကြောင့် အဆောက်အဦများ၊ သဘာဝရှုခင်းများနှင့် အုပ်စုလိုက်ဓာတ်ပုံများကိုလည်း အကောင်းမွန်ဆုံးရိုက်ကူးနိုင်မည်ဖြစ်သည်။
HUAWEI nova 7i တွင် 7nm နည်းပညာဖြင့် Kirin 810 chipset က ကြီးမားသော cores နှစ်ခုနှင့် core အသေးခြောက်ခုဖြင့် ဖွဲ့စည်းထားပြီး Mali-G52 GPU၊ Huawei ၏စတုတ္ထမြောက်မျိုးဆက် ISP နည်းပညာတို့ဖြင့် ထုတ်လုပ်ထားကြောင်း သိရသည်။
Kirin Gaming+ system-level AI နည်းပညာ၊ အဆင့်မြင့်ထားသော GPU နှင့် HD game special effects တို့ပါဝင်သည့်အတွက် 3D ဂိမ်းများကို ကြည်လင်ပြတ်သားစွာ ဆော့ကစားနိုင်မည်ဖြစ်သည်။
ဖုန်း၏ ဘက်ထရီမှာ 4200mAh ပါရှိပြီး 40W HUAWEI Supercharge သည် မိနစ် ၃၀ အားသွင်းရုံဖြင့် ၇၀ ရာခိုင်နှုန်းအားပြည့်စေမည်ဖြစ်သည့်အတွက် အချိန်နှင့် တစ်ပြေးညီ လွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
HUAWEI Nova 7i တွင် RAM/ROM (8/128GB)ဖြင့် ထုတ်လုပ်ထားပြီး အရောင်အနေဖြင့် Sakura Pink (ပန်းရောင်)၊ အနက်ရောင် နှင့် အစိမ်းရောင်တို့ကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူမည်ဆိုပါက ဈေးနှုန်းအနေဖြင့် ၃၆၉၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။