(English text below)
ကင်မရာလုပ်ဆောင်ချက်ပေါင်း ၁၀မျိူးပါ၀င်သည့် Huawei P40 Pro ကို မြန်မာနိုင်ငံစျေးကွက်တွင် စတင်၀ယ်ယူနိုင်
ကင်မရာပိုင်းတွင် ထူးခြားသာလွန်မှုရှိသည့်အပြင် နည်းပညာလုပ်ဆောင်ချက် ၁၀မျိုးအထိ ပါ၀င်သည့် Huawei P40 Proကို ယခုလမှစတင်၍ မြန်မာနိုင်ငံစျေးကွက်တွင် ကြိုတင်မှာယူမှုများပြုလုပ်နိုင်ပြီးဖြစ်ကြောင်း Huawei Myanmar မှ သိရသည်။
အဆိုပါ စမတ်ဖုန်းတွင် နည်းပညာ၁၀မျိုးဖြစ်သည့် CMOS Sensor အသုံးပြုထားခြင်း၊ AF စွမ်းဆောင်ရည်အတွက် Full Pixel Octa PD Autofocus အသုံးပြုထားခြင်း၊ Multi-Spectrum Colour Temperature Sensor နဲ့ AI AWB တွဲဖက် အသုံးပြုထားခြင်း၊ XD Fusion Engine အသုံးပြုထားခြင်း၊ Periscope SuperSensing Zoom ၊ SuperZoom Array ၊ Ultra-wide Cine Camera လုပ်ဆောင်ချက်၊ Audio Zoom၊ Golden Snap နှင့် Powerful Front Cameras တို့ ပါ၀င်ခြင်းဖြစ်သည်။
AF စွမ်းဆောင်ရည်အတွက် Full Pixel Octa PD Autofocus အသုံးပြုထားသည့်အတွက် 4-in-1 Pixel Binning နည်းပညာကြောင့် Pixel တစ်လုံးချင်းစီအတွက် AF Photodiodes ၈ ခု စီ ပါဝင်မည်ဖြစ်ပြီး ရွေ့လျားနေသည့် Small Objectsများ ရိုက်ကူးရာတွင် Focus Speed နဲ့ Accuracy မှာပိုပြီး မြန်ဆန်တိကျစေမည်ဖြစ်သည်။
ထို့ပြင် မတူညီသည့် အခြေနေမျိုးတွင် အရည်သွေး တသမတ်ထဲ မဖြစ်ရလေ အောင်တိကျမှန်ကန်သည့် Skin Tone နဲ့ Skin Texture ချောမွေ့နေစေရန် P40 Series တွေမှာ Multi-spectrum Colour Temperature Sensor နဲ့ AI AWB (Auto White Balance) လုပ်ဆောင်ချက် ထည့်သွင်းပေးထားကြောင်း သိရသည်။
HUAWEI ရဲ့ XD Fusion Engine မှာ ဓာတ်ပုံတစ်ပုံရဲ့ Details နဲ့ Image Quality ကို ပိုကောင်းစေတဲ့ လုပ်ဆောင်ချက်တစ်မျိုး ဖြစ်ပြီး Pixel-by-pixel Image Processing နည်းပညာ အသုံးပြုထားခြင်းကြောင့် ကင်မရာတစ်ခုချင်းစီရဲ့ Exposure ၊ Depth ၊ Facial Features ၊ Posture ၊ Skin Texture အစရှိတဲ့ ဒေတာတွေကို တစ်စုတစည်းထဲ ဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
Audio Zoom အတွက် Omnidirectional Microphones ကိုအသုံးပြုထားခြင်းကြောင့် စမတ်ဖုန်း၏ အပေါ်၊ အောက်နဲ့ အနောက်ဘက် နေရာကနေ အသံလားရာအတိုင်း ကောင်းမွန်စွာ ဖမ်းယူပေးနိုင်မည့်အပြင် Camera Zoom လုပ်ဆောင်ကို Focus ထားကာ အသံဖမ်းပေးနိုင်ပြီး အသံ Source ကြည်လင်ပြတ်သားစေရန် Amplified ချဲ့ကာ အသုံးပြုနိုင်မည်ဖြစ်သည်။
ထို့ပြင် အသံကို Zoom in လုပ်၍ အသုံးပြုသည့်အခါတွင်လည်း Background Noise တွေမပါစေရန် Filter လုပ်ပေးနိုင်မည်ဖြစ်သည်။
ယင်းစမတ်ဖုန်းကို ၀ယ်ယူမည်ဆိုပါက အရောင်အနေဖြင့် ရွှေရောင် ၊ နက်ပြာရောင်နှင့် ငွေရောင်တို့ကို ရွေးချယ်၀ယ်ယူနိုင်မည်ဖြစ်ပြီး ကြိုတင်၀ယ်ယူသူများကို လက်ဆောင်အနေဖြင့် ငွေကျပ် ၅သိန်း၀န်းကျင်ခန့် တန်ဖိုးရှိ HUAWEI x Gentle Monster Eyewear ကို လက်ဆောင်ရရှိမည်ဖြစ်သည်။
၀ယ်ယူမည်ဆိုပါက စျေးနှုန်းအနေဖြင့် ၁၅၉၉၀၀၀ ကျပ်ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
Hauwei P40 Pro equipped with 10 unique features is now available for pre-order in Myanmar market starting this month, according to Huawei Myanmar.
The smartphone uses CMOS Sensor, Full Pixel Octa PD Auto-focus, Multi-spectrum colour temperature sensor equipped with AI AWB, XD Fusion Engine, Periscope SuperSensing Zoom, SuperZoom Array, Ultra-wide Cine Camera, Audio Zoom, Golden Snap and Powerful Front Cameras.
The users can capture moving small objects with higher focus spped and accuracy thanks to the camera equipped with Full Pixel Octa PD Autofocus and 4-in-1 Pixel Binning.
Moreover, Multi-spectrum Colour Temperature Sensor and AI AWB will make skin tone and skin texture smoother.
The smartphone is available in three colors: gold, deep-blue and silver at the price of K1.599 million along with HUAWEI x Gentle Monster Eyewear worth around K500,000.