Hyundai Myanmar Introduces 2020 Models

0
387

Ei Thandar Tun

Hyundai Motor Myanmar on December 19 introduced two new models, the 2020 Santa Fe SUV and 2020 Sonata sedan.
The new Santa Fe is equipped with an R2.0 CRDi diesel engine delivering 185ps/4000 rpm, Electric Parking Brake, Auto Cushion Extension (Driver), Front Ventilated System, Auto Tailgate System, an enhanced Multi Infotainment System with 7-inch touchscreen monitor, Bluetooth, navigation system, wi-fi connectivity, smart technology, USB ports and Android Auto and Apple CarPlay.
“These new models are directly imported from South Korea. We will offer seven years’ or 150,000-km warranty for the 2020 Santa Fe,” said Ko Aung Zaw More, sales manager of Hyundai Motor Myanmar.
The 2020 Sonata, for its part, runs with Nu 2.0 MPi diesel engine which can deliver 152ps/6500 rpm.
Priced at $55,000, the SantaFe 2020 comes with a seven-year or 150,000-km warranty while the Sonata 2020 is offered at $42,600 with a five-year or 120,000-km warranty.
Both models are available on one- and five-year instalment payment plans with 20 percent down payment through AYA Bank, CB Bank and UAB Bank.


Myanmar Summary

Hyundai Motor Myanmar က ၂၀၂၀မော်ဒယ် ကားသစ်နှစ်စီးဖြစ်သည့် SantaFe 2020 နှင့် Sonata 2020ကို ဈေးကွက်တွင် မိတ်ဆက်

Hyundai Motor Myanmar က ၂၀၂၀မော်ဒယ် ကားသစ်နှစ်စီးဖြစ်သည့် SantaFe 2020 နှင့် Saloon အမျိုးအစားဖြစ်သည့် Sonata 2020ကို မြန်မာပြည်ဈေးကွက်အတွက် ယခုလ ၁၉ ရက်က မိတ်ဆက် လိုက်သည်။

မိတ်ဆက်လိုက်သည့် SantaFe 2020 တွင် R2.0 CRDi ဒီဇယ်အင်ဂျင်ကို ထည့်သွင်းထားကာ စွမ်းဆောင်ရည်အနေဖြင့် 185ps/ 4000 rpm အထိရှိကြောင်း သိရသည်။

ထို့ပြင် SantaFe 2020 တွင် Electric Parking Brake , Auto Cushion Extension (Driver) , Front Ventilated System, Auto Tailgate System, An enhanced Multi Infotainment System with 7-inch Touchscreen Monitor , Bluetooth , navigation System , Wifi Connectivity , Smart Technology, USB Ports နှင့် Andriod Auto And Apple CarPlay တို့ကို ထည့်သွင်းတပ်ဆင်ထားကြောင်း သိရသည်။

“ အသစ်မိတ်ဆက်တွေက တောင်ကိုရီးယားကနေပြီး တိုက်ရိုက်တင်သွင်းလာတဲ့ ကားတွေဖြစ်ပါတယ်။ SantaFe 2020 ကိုဝယ်ယူမယ်ဆိုရင်တော့ အခြားကားတွေနဲ့မတူတဲ့ အာမခံချက်က အာမခံချက်အနေနဲ့ ၇နှစ်(သို့) ကီလိုတစ်သိန်းခွဲအထိ အာမခံချက်ပေးသွားမှာဖြစ်ပါတယ်” ဟု Hyundai Motor Myanmar မှ Sale Manager ကိုအောင်ဇော်မိုးက ပြောသည်။

Sonata 2020သည်လည်း အကောင်းဆုံး မောင်းနှင်မှု စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ရုံသာမက Nu 2.0 MPi ဓာတ်ဆီအင်ဂျင်ဖြစ်သည့်အတွက် အမြင့်ဆုံး စွမ်းဆောင်ရည်အနေဖြင့် 152ps / 6500 rpm အထိ ရှိကြောင်း သိရသည်။

အသစ်မိတ်ဆက်လိုက်သည့် ကားမော်ဒယ်နှစ်မျိုးအနက်မှ SantaFe 2020ကို အမေရိကန်ဒေါ်လာ ၅၅၀၀၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အာမခံချက်အနေဖြင့် ၇နှစ် (သို့) ကီလိုတစ်သိန်းခွဲရရှိမည်ဖြစ်သည်။

Sonata 2020 ကို အမေရိကန်ဒေါ်လာ ၄၂၆၀၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အာမခံချက်အနေဖြင့် ၅နှစ်(သို့) ကီလိုတစ်သိန်းနှစ်သောင်း အာမခံချက်ရရှိမည်ဖြစ်ကြောင်း သိရသည်။

အရစ်ကျစနစ်ဖြင့် ဝယ်ယူမည်ဆိုပါက ကားတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်း၍ ဘဏ်များဖြစ်သည့် AYA Bank , CB Bank, UAB Bank တို့နှင့် ချိတ်ဆက်ကာ တစ်နှစ်မှ ငါးနှစ်အရစ်ကျအထိ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

SOURCEEi Thandar Tun/Myanmar Business Today
Previous articleAudi Yangon to Offer the Latest from German Luxury Carmaker
Next articleTMH Diversifies into Media and Entertainment