HomeBusinessပထမဆုံးအကြိမ် အွန်လိုင်းမှ အိမ်ခြံမြေ အရောင်းပြပွဲ ကျင်းပပြုလုပ်မည်

ပထမဆုံးအကြိမ် အွန်လိုင်းမှ အိမ်ခြံမြေ အရောင်းပြပွဲ ကျင်းပပြုလုပ်မည်

iMyanmarHouse.com မှ မြန်မာနိုင်ငံ၏ ပထမဆုံး အွန်လိုင်း အိမ်ခြံမြေ အရောင်းပြပွဲကို ၂၀၂၀ ခုနှစ် မေလ (၇) ရက်နေ့မှ မေလ (၂၁) ရက်နေ့အထိ (၂) ပတ်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပထမဆုံး အွန်လိုင်း အိမ်ခြံမြေအရောင်းပြပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် Steel Stone နှင့် Chit Linn Myaing ကုမ္ပဏီတို့မှ ပူးပေါင်းဆောင်ရွက်သည့် မြဝတီ မြို့သစ်စီမံကိန်းမြေကွက်များကို ရောင်းချသွားမည်ဖြစ်သည်။

“အခုလို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်နေချိန် အွန်လိုင်းပေါ်ကနေ အိမ်ခြံမြေတွေ အရောင်းအဝယ် ပြုလုပ်လို့ ရအောင် ဝန်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။ စီမံကိန်းအကြောင်း ပြည့်ပြည့်စုံစုံကို အွန်လိုင်းပေါ်မှာ ကြည့်နိုင်မယ်။ စိတ်ဝင်စားတယ်ဆိုရင် အွန်လိုင်းကနေပဲ စာရင်းပေးသွင်းပြီး ဝယ်ယူနိုင်အောင်လို့ စီစဉ်ထားရှိပါတယ်။ ” ဟု iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူ က ပြောသည်။

အဆိုပါမြေကွက်များမှ (၅) မိနစ်ခန့် ကားမောင်းရုံဖြင့် မြဝတီမြို့မဈေးသို့ ရောက်ရှိနိုင်ပြီး မြေအကျယ်အဝန်း (၅၄၀) ဧက ကျော်ရှိပြီး ကိုယ်ပိုင်ဂရန် လျှောက်ထားနိုင်မည် ဖြစ်သည်။

Exposing yourself to the sun or to temperatures higher than 25C degrees DOES NOT prevent the coronavirus disease (COVID-19)

“ဒီအချိန်မှာ ဘဏ်အတိုးနှုန်းတွေလည်း ကျဆင်းနေတော့ ဈေးကွက်ထဲမှာ အိမ်ခြံမြေ ဝယ်လိုသူတွေပိုများလာပါမယ်။ အဓိကကတော့ အဲ့ဒီဝယ်လိုသူတွေ risk ယူစရာမလိုဘဲ ဝယ်ရဲအောင် ကျွန်တော်တို့ iMyanmarHouse.com က ဝန်ဆောင်မှုပေးတာပါ။ နောက်တစ်ခုက အခုရောင်းချပေးမဲ့ စီမံကိန်းဟာ ဒီနှစ်ဆန်းပိုင်းမှာ ပထမဆုံးအရောင်းစတင်ဖွင့်ခဲ့ချိန်က အလွန်တရာ အရောင်းသွက်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်” ဟု ၄င်းက ထပ်မံဖြည့်စွက် ပြောသည်။

အွန်လိုင်း အိမ်ခြံမြေအရောင်းပြပွဲအတွင်း ဝယ်ယူသူများအနေဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ခြင်း ၊ စိတ်ဝင်စားကြေး အနည်းငယ်သာ ပေးသွင်းရန်လိုအပ်ခြင်း ၊ Covid-19 ကာလပြီးဆုံးမှသာလျှင် အရောင်းအဝယ်စာချုပ်ချုပ်ရန် လိုအပ်ခြင်း ၊ အကြောင်းတစုံတရာကြောင့် မဝယ်ယူဖြစ်ပါက စိတ်ဝင်စားကြေးကို 100% ပြန်ထုတ်နိုင်ခြင်း စသည့် အထူးအခွင့်အရေးများ ရရှိမည်ဖြစ်သည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img