Local real estate service website iMyanmarHouse.com on January 10 opened the country’s first real estate call center to provide a wide range of real estate information to the general public.
The call center aims to serve those looking to buy, rent, sell or lease a house, make long term investments in the real estate sector, apply for home loans from banks, build a house or obtain legal advice on real estate.
“We are trying to provide better, easier and quicker services to our customers while saving time,” said iMyanmarHouse managing director U Nay Min Thu. “Call centers are widely used in the international communities. We are launching this call center with the aim of providing better and easier services.”
Customers can contact the call center on 0977070500 seven days a week from 9.00 a.m. to 5:30 p.m.
The company hopes the service will play a critical role in the country’s real estate service sector.
iMyanmarHouse.com also organizes real estate fairs and publishes books and magazines on real estate in addition to its online services.
Myanmar Summary
ပထမဦးဆုံးသော အိမ်ခြံမြေ ဝန်ဆောင်မှု Call Center ကို iMyanmarHouse.comမှ စတင်အကောင်အထည်ဖော်
အိမ်ခြံမြေ ကိစ္စရပ်များနှင့် ပတ်သတ်သည့် အချက်အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်အတွက် အိမ်ခြံမြေ ဝန်ဆောင်မှု Call Center ကို iMyanmarHouse.comမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Customers များအနေဖြင့် အိမ်ခြံမြေ ကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက် လူကိုယ်တိုင် လာရောက်ရန်မလိုဘဲ မိမိနေအိမ်မှတစ်ဆင့် ဖုန်းဆက်ရုံဖြင့် ပြည့်ပြည့်စုံစုံ သိရှိစေရန် ရည်ရွယ်၍ Call Center အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
အိမ်ခြံမြေနှင့် ပတ်သတ်၍ ကိုယ်ပိုင်စိတ်ကြိုက် အိမ်ရှာဖွေနေသူများ၊ ရောင်းလိုသူများ၊ ငှားလိုသူများ၊ ရည်ရှည်ရင်းနှီးမြုပ်နှံလိုသူများ၊ ဘဏ်နှင့်ချိတ်ဆက်၍ အိမ်ရာချေးငွေလျှောက်ထားလိုသူများ၊ ကိုယ်ပိုင်အိမ်ဆောက်လုပ်လိုသူများ၊ ဥပဒေနှင့် ပတ်သတ်၍ ဝန်ဆောင်မှု ရယူလိုသူများအနေဖြင့် Call Centerကို ဆက်သွယ်ကာ ဝန်ဆောင်မှုများကိုရရှိနိုင်မည်ြဖစ်သည်။
“အသုံးပြုသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အချိန်ကုန်သက်သာစေတဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်အောင် ကျွန်တော်တို့အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေလျက်ရှိပါတယ်။ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အခုလိုမျိုး Call Centerကို ဖွင့်လှစ်တာဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း Call Centerကို တွင်ကျယ်စွာ အသုံးပြုနေကြပါတယ်။ ဒါကြောင့် ပြည်တွင်းမှာလည်း ဒီလိုဝန်ဆောင်မှုမျိုးပေးနိုင်ေအာင် Call Center စတင်လိုက်တာပါ” ဟု iMyanmarHouse.com မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။
အိမ်ခြံမြေဆိုင်ရာ သတင်းအချက်အလက်များ၊ ကိစ္စအရပ်ရပ်များကို အမြန်ဆုံး သိရှိနိုင်စေရန် မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ၏ အိမ်ခြံမြေဝန်ဆောင်မှု Call Center Hotline ဖုန်းနံပါတ်ဖြစ်သော 09770705000 သို့ မနက် ၉းဝဝ မှ ညနေ ၅း၃၀ အထိနေ့စဉ် ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။
အဆိုပါ ဝန်ဆောင်မှုသည် မြန်မာနိုင်ငံ၏ လက်ရှိ အိမ်ခြံမြေစျေးကွက်နှင့် အနာဂတ်အိမ်ခြံမြေစျေးကွက်အတွက် များစွာ အထောက်အကူပြုနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
iMyanmarHouse.com သည် အိမ်ခြံမြေနှင့်ပတ်သက်သော အွန်လိုင်းဝန်ဆောင်မှုများပြုလုပ်ခြင်း၊ အိမ်ခြံမြေအရောင်းပြပွဲများကျင်းပပြုလုပ်ခြင်း၊ အိမ်ခြံမြေစာအုပ်များ ထုတ်ဝေဖြန့်ချိခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။