HomeBusinessIndia pledges to help Myanmar to produce COVID-19 vaccine

India pledges to help Myanmar to produce COVID-19 vaccine

Mr.Shri Harsh V Shringla, Foreign Secretary of India, who has promised to help Myanmar in producing the COVID-19 vaccine, has arrived in Myanmar today. 

He made the promise during the foreign ministerial conference held online on October 1 saying that India will not only provide Myanmar technology and medicines to fight the COVID-1 but also help produce the vaccine. 

Mr. Shri Harsh V Shringla and Mr. MM Naravane, Army Chief of India, handed over 3,000 units of Remdesivir to Daw Aung San Suu Kyi, the State Counsellor of Myanmar.

Mr. MM Naravane, Mr. Shri Harsh V Shringla, and Mr. Shri Saurabh Kumar, Indian Ambassador to Myanmar met Daw Aung San Suu Kyi on October 5, to discuss the important matter between the two countries. 

Mr. Narendra Modi, Prime Minister of India, has said in his address the United Nations that India’s Covid-19 vaccine is at stage 3 and will be available globally when approved.

Written by Ko Myo


မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး ကိုယ်တိုင်ထုတ်လုပ်ရန် ကူညီမည်ဟု ကတိပေးထားသော အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Shri Harsh သည် အောက်တိုဘာလ ၅ရက်နေ့၌ မြန်မာနိုင်ငံ သို့ရောက်ရှိလာခဲ့သည်။ 

ကိုဗစ်ကူးစက်မှု တိုးတက်လာသော မြန်မာနိုင်ငံ အတွက် ရောဂါတိုက်ဖျက်ရေးဆိုင်ရာ နည်း ပညာနှင့် ဆေးဝါးများကို အိန္ဒိယက ထောက်ပံ့ သွားရန်နှင့် မြန်မာနိုင်ငံထဲ၌ COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်အောင်လည်း ကူညီပံ့ပိုးပေးသွားမည်ဟု အောက်တိုဘာလ ၁ရက်နေ့က အွန်လိုင်းမှတဆင့် ပြုလုပ်သော နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေး ပွဲတွင် အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Harsh Shringla က ကတိပေး ပြောကြား ထားခြင်းဖြစ်သည်။ ထိုသို့ပြောကြားပြီးနောက် အောက်တိုဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။ 

အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေး အတွင်းဝန် Shri Harsh V Shringla နှင့် အိန္ဒိယ တပ်မတော် ကြည်းတပ်ဦးစီးချုပ်တို့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ Remdesivir ထိုးဆေးအလုံး (၃၀၀၀) ကျော် အား နိုင်ငံခြား ရေးဝန်ကြီးဌာနတွင် လွှဲပြောင်း ပေးအပ်ခဲ့သည်။

အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး MM Naravane ၊ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးအတွင်းဝန် Shri Harsh V Shringla နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Shri Saurabh Kumar တို့သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နေပြည်တော်တွင် ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့၌တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆိုင်ရာ အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု အိန္ဒိယသံရုံးက ထုတ်ပြန်ထားသည်။ 

အိန္ဒိယနိုင်ငံသည် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ရန်ကြိုးစားနေပြီး စမ်းသပ်မှု အဆင့် ၃ သို့ရောက်ရှိနေကြောင်း အိန္ဒိယနိုင်ငံမှ ထုတ်မည့် COVID-19 ကာကွယ်ဆေး ပမာဏသည် တစ်ကမ္ဘာလုံး ကိုဗစ်တိုက်ဖျက်ရေးအတွက် အလုံအလောက် ရရှိနိုင်မည်ဟု အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ကရ၅ နှစ်ပြည့် ကုလသမဂ္ဂ အထွေထွေညီလာခံကို ပေးပို့သော ဗွီဒီယိုမိန့်ခွန်း၌ ပြောကြားထားသည်။

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img