HomeBusinessLocalIndia to import 550,000 tons of green gram and pigeon peas

India to import 550,000 tons of green gram and pigeon peas

(English text down below)

၂၀၂၀−၂၀၂၁ဘဏ္ဍာနှစ်တွင် အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာမှ ပဲတီစိမ်းနှင့် ပဲစင်းငုံ တန်ချိန် ငါးသိန်းခွဲကို တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ယခု တင်သွင်းခွင့်ပြုမည့် ပဲတီစိမ်းနှင့် ပဲစင်းငုံများသည် ယခင်က နိုင်ငံတစ်ခုချင်းအလိုက် ချုပ်ဆိုထားသည့် ကိုယ်တာခွဲတမ်းနှင့် မသက်ဆိုင်ဘဲ ထပ်မံ၍ သီးခြားတင်သွင်းခွင့်ပြုခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိူးစုံနှင့် နှမ်းကုန်သည်အသင်းမှ သိရသည်။

တင်သွင်းရာတွင် ပဲစင်းငုံတန်ချိန် လေးသိန်းကျော်နှင့် ပဲတီစိမ်း တန်ချိန် တစ်သိန်းခွဲကို သတ်မှတ်ထားသည့် ဆိပ်ကမ်းများအရောက် ယခုဘဏ္ဍာနှစ်အတွင်း အပြီးတင်သွင်းရမည်ဖြစ်သည်။

လက်ရှိတွင် ပဲတီစိမ်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၀၀ကျော်ရှိပြီး ပဲစင်းငုံမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၀ခန့်အထိရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း၌ ပဲစင်းငုံ ထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်ချိန် ငါးသိန်းခန့် ထုတ်လုပ်နေလျက်ရှိပြီး တင်ပို့မှု့၏ ၉၀%မှာ အိန္ဒယနိုင်ငံသို့ အဓိကထားတင်ပို့ခြင်းဖြစ်သော်လည်း အိန္ဒိယမှ ပဲ၀ယ်ယူမှုကို လျော့ချလိုက်သည့်အတွက် နှစ်စဉ် ပဲစင်းငုံ တန်ချိန် ၂သိန်းခန့်နှင့် ပဲတီစိမ်း တန်ချိန် ၃သိန်းကျော်ကိုသာ တင်ပို့နေရကြောင်း သိရသည်။


Apart from the agreed import quotas for individual countries, India will import additional 550,000 tons of green gram and pigeon peas from other countries including Myanmar in 2020-2021 fiscal year.

Over 400,000 tons of pigeon peas and 100,000 tons of green gram will be imported.

At present, a ton of green gram is quoted at over $800 while a ton of pigeon peas is quoted at around $560.

Myanmar produces around 500,000 tons of pigeon peas annually; of which 90 percent is exported to India.

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img