By Myo Sandar/Myanmar Business Today

Myanmar has been shipping 2,400 tons of beans to India per day as demand from India has increased due to lower bean production in India this year. The increase is in spite of India’s quota policy limiting the combined imports from all countries to 150,000 tons of black gram during the 2020 Fiscal Year.
Myanmar has been shipping around 2,400 tons of black gram per day for a week now. Due to the increased demand from India, black gram prices have gone up by K60,000 per ton, and by K40,000 per tons for pigeon peas, according to U Min Ko Oo, Secretary of Myanmar Pulses, Beans and Sesame Seeds Merchants Association.
“The Indian Government decided to buy only 150,000 tons of black gram. But, bean production in India has dropped. Now, private traders are buying beans from Myanmar under the permission of local authorities,” he added.
A ton of black gram is now quoted at K900,000, and a ton of pigeon peas at K840,000. These two types are the most in demand beans in India. However, the prices in Myanmar’s market are still lower than India market’s.
“The local prices are around $250 per ton lower,” U Min Ko Oo said.
Myanmar also saw a strong demand for beans from Middle East countries, Pakistan and Bangladesh. Both are importing more beans, however, the demand from those countries are not as big as India’s.
India initially planned to import a total of 150,000 tons of black grams and 400,000 tons of pigeon peas from its trade partners during the 2020 Fiscal Year.
The Myanmar Government has been in talks with government of India since 2018, to create some kind of agreement in order to protect its farmers from sudden price drops caused by India’s trade policy. The government has sent a draft of the proposed trade agreement but has still not received a response.
အိန္ဒိယမှ ပဲပိုမိုဝယ်ယူခြင်းကြောင်း ဈေးနှုန်းပြန်လည်မြင့်တက်
အိန္ဒိယမှ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ပနိုင်ငံများမှ ကိုတာစနစ်ဖြင့် မတ်ပဲ တန်ချိန် တစ်သိန်းခွဲသာ ဝယ်ယူရန် သတ်မှတ်ထားသော်လည်း ယခုနှစ်အတွင်း အိန္ဒိယတွင် မတ်ပဲအထွက်နည်းသွားခြင်းကြောင့် မြန်မာဘက်မှ တစ်ရက်လျှင် မတ်ပဲတန်ချိန် ၂၄၀၀ ခန့်တင်ပို့နေရကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။
တစ်ရက်လျှင် မတ်ပဲတန်ချိန် ၂၄၀၀ ခန့် ကို ကွန်တိန်နာ အလုံး ၁၀၀ ခန့်ဖြင့် ပုံမှန်တင်ပို့နေသည်မှာ တစ်ပတ်ခန့်ကြာမြင့်ပြီ ဖြစ်ပြီး ယင်းသို့ အိန္ဒိယဘက်မှ မတ်ပဲနှင့် ပဲစင်းငုံဝယ်ယူမှုုမြင့်မားလာခြင်းကြောင့် မတ်ပဲတစ်တန်လျှင် ယခင်တစ်ပတ် ပေါက်ဈေးထက် ကျပ်ခြောက်သောင်းခန့် နှင့် ပဲစင်းငုံတစ်တန်လျှင် ယခင်တစ်ပတ် ပေါက်ဈေးထက် ကျပ် လေးသောင်းခန့် ဈေးမြင့်တက်သွားကြောင်း မြန်မာနိုင်ငံအနှံ့မှ ကုန်စည်များကို ဖြန့်ဖြူးနေသည့် ဘုရင်နောင့်ကုန်စည်ဒိုင်မှ စုံစမ်းသိရသည်။
“အိန္ဒိယဘက်က မတ်ပဲထွက်ရှိမှုလျော့နည်းတဲ့အတွက် ကြောင့် မတ်ပဲ တန်ချိန် တစ်သိန်းခွဲဘဲ တင်သွင်းခွင့်ပြုထားတယ်ဆိုပေမဲ့ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုမိန့်နဲ့ ဝယ်ယူမူရှိတယ်” ဟု ဦးမင်းကိုဦးက ဆိုသည်။
အိန္ဒိယဘက်မှ အဝယ်များသည့် ပဲများဖြစ်သည့် မတ်ပဲတစ်တန်လျှင် ကျပ် ကိုးသိန်း နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ရှစ်သိန်းလေးသောင်းအထိ ပေါက်ဈေးရှိကြောင်း သော်လည်း အိန္ဒိယဈေးကွက်အတွင်း ပေါက်ဈေးထက်နည်းနေသည်။
“ကျွန်တော်တို့ဆီက အိန္ဒိယ ဈေးနဲ့ ယှဉ်မယ်ဆိုရင် တစ်တန်ကို ဒေါ်လာ ၂၅၀ လောက်လျော့နေတယ် ” ဟု ဦးမင်းကိုဦးက ဆိုသည်။
အရှေ့အလယ်ပိုင်းနိုင်ငံများ ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ပိုမိုဝယ်ယူခြင်းကြောင်း သြဂုတ်လအတွင်းတွင်လည်း အရောင်းအဝယ်ကောင်းခဲ့သည်။ သို့သော်လည်း အိန္ဒိယလောက် တင်သွင်းမှှုပမာဏမကြီးမားပေ။
ယခုနှစ်အတွက် အိန္ဒိယက ပြည်ပမှပဲတင်သွင်းမှုကို ကိုတာစနစ်ဖြင့် မတ်ပဲတန်ချိန် တစ်သိန်းခွဲ ၊ ပဲစင်းငုံတန်ချိန် လေးသိန်းအထိ ပြည်ပနိုင်ငံများက ဝယ်ယူရန် စီစဉ်ထားသည်။
ထို့ပြင် မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရတို့ တိုက်ရိုက်ဝယ်ယူသည့်စနစ် (G to G ) ဖြင့် ဝယ်ယူရန် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကတည်းကစတင်ညှိနှိုင်းနေပြီး စာချုပ်မှုကြမ်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် အိန္ဒိယအစိုးရထံသို့ ပို့ထားသည့်မှာ တစ်နှစ်ကျော်ကြာမြင့်သော်လည်း လက်ရှိအချိန်ထိ တုံ့ပြန်မှုတစ်စုံတစ်ရာမရှိသေးပေ။