Home Business အတိုးနှုန်းများကို ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ဗဟိုဘဏ်လျှော့ချ

အတိုးနှုန်းများကို ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ဗဟိုဘဏ်လျှော့ချ

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် အပ်ငွေအပေါ်ပေးသည့်အတိုးနှုန်းနှင့် ချေးငွေအပေါ်ပေးသည့်အတိုးနှုန်းများကို ယခင်ပေးနေသည့်အတိုးနှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းလျှော့လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

အဆိုပါ အတိုးနှုန်းများသည် ၂၀၂၀ ခုနှစ် မေ ၁ ရက်မှစတင် အကျိုးသက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ စီးပွားရေးလုပ်ငန်းများ လျင်မြန်စွာတိုးတက်စေရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အတိုးနှုန်းကို တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်လိုက်ခြင်းကြောင့် ၁ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချလိုက်ခြင်းဖြစ်သည်။

ဘဏ်များ အပ်ငွေအပေါ်ပေးသည့်အတိုးနှုန်းနှင့် ချေးငွေအပေါ်ပေးသည့်အတိုးနှုန်းကို လျှော့ချလိုက်ခြင်းဖြစ်ပြီး ငွေစုစာရင်းအပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှပေးရသည့်အပ်ငွေတို့အပေါ်တွင် ပေးသည့်အနည်းဆုံးအတိုးနှုန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ထားသည့်အတိုးနှုန်း၏ ၂ ရာခိုင်နှုန်းထက် မပေးရန် ထုတ်ပြန်လိုက်သည်။

ထိုပြင် အာမခံပစ္စည်းများရယူပြီး ထုတ်ချေးသည့် ချေးငွေများအတွက် ကောက်ခံသည့်အတိုးနှုန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အတိုးနှုန်းသတ်မှတ်ချက် ၃ ရာခိုင်နှုန်းထက် ကျော်လွန်၍ မကောက်ခံရန် ပြင်ဆင်သတ်မှတ်လိုက်သည်။

ယင်းပြင် အာမခံပစ္စည်းများမဟုတ်ဘဲ အခြားပစ္စည်းများရယူ၍ဖြစ်စေ အာမခံပစ္စည်းမပါဘဲဖြစ်စေ ထုတ်ချေးထားသည့် ချေးငွေများအပေါ်တွင် တောင်းခံသည့်အတိုးနှုန်းများကို ၁၄ ဒသမ ၅ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲသတ်မှတ်လိုက်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် အာမခံပစ္စည်းများမှာ မြေနှင့်အဆောက်အဦး၊စိန်နှင့်အဖိုး တန်ကျောက်မျက်၊ငွေစုလက်မှတ်၊ အစိုးရငွေတိုက်လက်မှတ်၊စာရင်းသေအပ်ငွေ၊ငွေချေးသက်သေခံလက်မှတ်များ၊ပြောင်းလဲနိုင်သည့် စာချုပ်စာတမ်းများနှင့် ချေးငွေအာမခံဖြင့် ထုတ်ချေးသည့် ချေးငွေများဖြစ်သည်။

 

- Advertisment -

Must Read

myanmar business today mbt logo

School buses only to be allowed to carry half of its...

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည် Written by Linn Thit The government has announced that schools will reopen in July and when schools are open, school buses will only...