Investments by Foreign-Owned, JV Insurance Firms Top $127 Million

0
419

by Zin Thu Tun

Capital investments by 11 recently licensed, fully foreign-owned and joint-venture insurance companies have amounted to $127 million plus K67 billion, according to the Directorate of Investment and Company Administration (DICA)
DICA data show that, from the beginning of the 2017 fiscal year to January of this year, the five foreign-owned life insurance firms have invested $69.89 million, the three joint-venture life insurers have invested $34.7 million plus K10.61 billion and the three joint-venture general insurance firms have invested $26.43 million plus K56.7 billion.
“Insurance businesses do not fall under the purview of Myanmar Investment Law or the Myanmar Investment Commission. However, we are disclosing this information to let the public know,” said DICA director general U Thant Sin Lwin.
Starting in 2013, Myanmar opened up its insurance industry to private-sector participation. In April 2019, the government approved the entry of five foreign life insurance firms and five joint-venture insurers.
Current laws allow foreign companies to hold up to 35 percent of shares in local insurance firms.
The five recently licensed, fully foreign-owned life insurance companies are: AIA Myanmar Life Insurance, Chubb Life Insurance Myanmar, Dai-ichi Life Insurance Myanmar, Manulife Myanmar Life Insurance and Prudential Myanmar Life Insurance.
The three joint-venture life insurance firms are: CB Life Insurance, Capital Taiyo Life Insurance and Grand Guardian Nippon Life Insurance. The joint-venture general insurance companies licensed at the same time as the eight life insurers are: AYA SOMPO Insurance, Grand Guardian Tokio Marine General Insurance and KBZ MS General Insurance.


ပြည်တွင်း ပြည်ပ ဖက်စပ်နှင့် ပြည်ပရာနှုန်းပြည့်အာမခံကုမ္ပဏီ (၁၁)ခု၏ ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ(၁၂၇)သန်းကျော် ၊ ကျပ်(၆၇) ဘီလီယံ ကျော်ရှိ

ပြည်တွင်း ပြည်ပဖက်စပ်နှင့် ပြည်ပရာနှှုန်းပြည့်အာမခံကုမ္ပဏီ(၁၁)ခု၏ မတည်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁၂၇) သန်းကျော် ၊ ကျပ်(၆၇)ဘီလီယံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၆-၁၇ဘဏ္ဍာနှစ်မှ ယခုနှစ် ဇန်နဝါရီလအထိ စာရင်းများအရ နိုင်ငံခြားအသက်အာမခံကုမ္ပဏီ(၅)ခုမှ အမေရိကန် ဒေါ်လာ ၆၅ ဒသမ ၈၉ သန်း ၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ(၃)ခုမှ အမေရိကန်ဒေါ်လာ ၃၄ ဒသမ၇ သန်းအပါအဝင်ကျပ် ၁၀ ဒသမ ၆၁ ဘီလီယံ နှင့် ဖက်စပ်အထွေထွေအာမခံကုမ္ပဏီ(၃)ခုမှ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၄၃ သန်းအပါအဝင်ကျပ်  ၅၆ ဒသမ ၇ ဘီလီယံ၊ရှိကြောင်းသိရသည်။

“ အဲဒီလုပ်ငန်းတွေက MICရဲ့ ဥပဒေအောက်မှာတော့ မရှိပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေဖြစ်တဲ့အတွက်ကြောင့် သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်ပေးတာဖြစ်ပါတယ် ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်လွင်က ပြောသည်။

ပြည်တွင်းရှိအာမခံကုမ္ပဏီများကို ၂၀၁၃ခုနှစ်မှစတင်၍ အာမခံလုပ်ငန်းများကို စတင်လုပ်ကိုင် ခွင့်ပေးခဲ့ပြီး နိုင်ငံခြားအာမခံကုမ္ပဏီ(၅)ခုနှင့် ပြည်တွင်းနှင့် ပြည်ပဖက်စပ်အာမခံလုပ်ငန်း(၆)ခုကို ၂၀၁၉ခုနှစ်ဧပြီလ၌ စတင်လုပ်ကိုင်ခွင့်ပေးခဲ့သည်။

ယင်းအပြင် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်မည့် နိုင်ငံခြားအာမခံကုမ္ပဏီများသည် ပြည်တွင်းအာမခံ ကုမ္ပဏီများ၌ အစုရှယ်ယာအများဆုံး(၃၅)ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည်။

၂၀၁၃ ခုနှစ်မှစတင်ပြီး ပြည်တွင်းအာမခံကုမ္ပဏီများကိုလုပ်ကိုင်ခွင့်ပေးခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်းက ဖက်စပ်နှင့် ပြည်ပတိုက်ရိုက်အာမခံလုပ်ငန်းများကို လုပ်ကိုင်ခွင့်ချပေးခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရာခိုင်နှုန်းပြည့်ပိုင်ဆိုင်သည့် နိုင်ငံခြားအသက်အာမခံကုမ္ပဏီ (၅)ခုမှာ AIA Myanmar Life Insurance ၊ Chubb Life Insurance Myanmar ၊ DAI-ICHI Life Insurance Myanmar Ltd ၊ Manulife Myanmar Life Insurance Company Limited နှင့် Prudential Myanmar Life Insurance Limited တို့ ဖြစ်သည်။

ဖက်စပ်အသက်အာမခံကုမ္ပဏီ (၃) ခုမှာ CB Life Insurance Co., Ltd ၊ Capital Taiyo Life  Insurance Limited, Granc Guardian Nippon Life Insurance Co.,ltd တို့ဖြစ်သည်။

ဖက်စပ် အထွေထွေ အာမခံ ကုမ္ပဏီအဖြစ် လုပ်ကိုင်ခွင့် ရရှိသည့်အာမခံကုမ္ပဏီ (၃) ခုမှာ AYA SOMPO Insurance Co.,ltd ၊ Grand Guardian Tokio Marine General Insurance Co,.ltd နှင့် KBZ MS General Insurance Co.,ltd တို့ဖြစ်သည်။

SOURCEZin Thu Tun/Myanmar Business Today
Previous article640 of 12,000 Applicants Eligible to Buy Government-Owned Lands
Next articleLeading the Charge in Myanmar’s Evolving Banking Landscape