HomeBusinessITU Innovation Challenges 2020 invites applicants

ITU Innovation Challenges 2020 invites applicants

Tazer Bhone Myint

Myanmar Computer Federation has invited applications from young IT technicians for ITU Innovation Challenges 2020 organized by the International Telecommunication Union-ITU. The competition comprises of three categories: the Digital Changemaker Challenge, the Ecosystem Best Practice Challenge, and the Women in Tech Challenge.

Contestants can submit the apps, both pc, and mobile versions, they have developed for cybersecurity and regulations, digital inclusion, and climate change as well as apps, which can bring changes in the value chain, or solutions used or will be used for changes in the COVID-19.

In the Ecosystem Best Practice Challenge category, applications that offer solutions for technological challenges, reducing the digital gap, or can be considered as best practice.

Innovators, who are empowering women, and women industrial actors, who are actively working in the agricultural sector, fashion and health using technology, can compete at the Women in Tech Challenge.

Contestants, each can compete in each category, must submit final submission by July 31.

International Telecommunication Union will announce five winners in each category in early August. Winners will win the opportunity to be invited to “Capacity-building Workshops” in the “Global Innovation Forum” to be held in October this year, to share knowledge and experience with other international experts. Due to the COVID-19, the forum and workshops will be held as an online event.

Interested technicians can contact Myanmar Computer Federation at office@mcf.org.mm or ictcompetition@gmail.com by July 25.


အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်‌ရေး အဖွဲ့ချုပ် (International Telecommunication Union-ITU)မှ ဒုတိယအကြိမ်မြောက် ITU Innovation Challenges 2020 ပြိုင်ပွဲကို ကဏ္ဍသုံးခုဖြင့် နိုင်ငံတကာအဆင့် ကျင်းပသွားမည် ဖြစ်ကြောင်းး မြန်မာ နိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံမှလူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က ဆောင်ရွက် ဖိတ်ခေါ်လျက်ရှိကြောင်လျက် ရှိကြောင်းသိရသည်။
ပြိုင်ပွဲကို The Digital Change-maker Challenge, The Ecosystem Best Practice Challenge နှင့် The Women in Tech Challenge ဟု ကဏ္ဍသုံးခုဖြင့် ကျင်းပမည်ဖြစ်သည်။
The Digital Change-maker Challenge ကဏ္ဍတွင် cyber security and regulation, digital inclusion, climate change စသည့် အကြောင်းအရာများ ပါဝင်သော ကွန်ပျူတာနှင့် မိုဘိုင်း အက်ပလီကေးရှင်းများဖြင့် ဝင်ရောက်ယှဉ် ပြိုင်နိုင်ပြီး လက်တွေ့လူမှုဘဝအတွက် အသုံးဝင်သည့် အက်ပလီကေးရှင်းများ၊ value chain တွင် ပြောင်းလဲမှုများဖန်တီးပေးသော အက်ပလီကေးရှင်းများနှင့် ကိုဗစ်-၁၉ ကာလ ပြောင်းလဲမှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အသုံးပြုသော/သုံးစွဲလျက် ရှိသော အက်ပလီကေးရှင်းများဖြင့် ယှဉ်ပြိုင်နိုင် မည်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
The Ecosystem Best Practice Challenge ကဏ္ဍတွင် နည်းပညာပြောင်းလဲမှုများပေးနိုင်မည့် ဖြေရှင်းချက်များ၊ ဒစ်ဂျစ်တယ် နည်းပညာကွာဟ ချက်ကို ဖြေလျှော့ပေးနိုင်မည့် ဖြေရှင်းချက်များနှင့် Best Practice အဖြစ် အတုယူနိုင်မည့် ဖြေရှင်းချက်များဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
The Women in Tech Challenge ကဏ္ဍတွင် စိုက်ပျိုးရေး၊ ဖက်ရှင်နှင့် ကျန်းမာရေးကဏ္ဍများ စသည်တို့တွင် နည်းပညာအသုံးပြု၍ ဆောင်ရွက် နေသည့် အမျိုးသမီးများနှင့် အမျိုးသမီးများ၏ စွမ်းဆောင်မှုများကို မြှင့်တင်ပေးနေသည့် Innovators များ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။
ပါဝင်ယှဉ်ပြိုင်သူများသည် တစ်ဦးလျှင် ကဏ္ဍတစ်ခုကိုသာ ရွေးချယ်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထားကာ Final Submission ပေးပို့လျှောက်ထားရမည်ဖြစ်သည်။
ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သော ကမ္ဘာတစ်ဝန်း ပြိုင်ပွဲဝင်များအနက်မှ ကဏ္ဍတစ်မျိုးစီအတွက် ဆုရရှိသူ ငါးဦးစီကို သြဂုတ်လအစောပိုင်းတွင် ရွေးချယ်ကြေညာသွားမည်ဖြစ်ကြောင်း၊ ဆုရရှိသူ များအနေဖြင့် အောက်တိုဘာလအတွင်း ကျင်းပ မည့် “Global Innovation Forum” ဆွေးနွေးပွဲ ကာလအတွင်း ထည့်သွင်းကျင်းပမည့် Capacity-building Workshops အလုပ်ရုံဆွေးနွေးပွဲများသို့ ဖိတ်ကြားခြင်းခံရမည့် အခွင့်အရေးနှင့်အတူ နိုင်ငံ တကာမှ ကျွမ်းကျင်ပညာရှင်များ၊ နည်းပညာ ခေါင်းဆောင်များနှင့် အတွေ့အကြုံများ ဖလှယ် နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် အခြေအနေများကြောင့် ဆွေးနွေးပွဲကို Online Event အနေဖြင့်သာ ကျင်းပ သွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ပြိုင်ပွဲဝင်မည့်သူများအနေဖြင့် ပြိုင်ပွဲလျှောက် ထားသည့် အမျိုးအစား၊ အခြေအနေနှင့် အချက် အလက်များကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်ရုံး၊ အီးမေးလ်လိပ်စာ office@mcf.org.mm, ictcompetition@gmail.com သို့ ဇူလိုင် ၂၅ ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပြီး အသေးစိတ် ထပ်မံသိရှိလိုသည်များကို မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်ရုံး၊ MICT Park၊ ဖုန်း–၀၁-၆၅၂၃၀၇၊ ၀၁-၂၃၀၅၂၃၃ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img