HomeBusinessJapan to buy 1,200 tons of Myanmar's mango

Japan to buy 1,200 tons of Myanmar’s mango

(English text below)

ဂျပန်မှ မြန်မာ့သရက်သီးတန်ချိန် ၁၂၀၀ ခန့်ဝယ်ယူမည်

မြန်မာ့သရက်သီး တန်ချိန် ၁၂၀၀ ကို ဂျပန်နိုင်ငံမှ ဝယ်ယူရန်စာချုပ်ချုပ်ဆိုထားကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသည့် သရက်သီးများကို ဝယ်ယူရန်စာချုပ်ချုပ်ဆိုခြင်းဖြစ်ပြီး ထပ်မံဝယ်ယူရန် ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

လာမည့် မေလဆန်းတွင် ထွက်ရှိမည့် သရက်သီးများကို ဝယ်ယူရန် စာချုပ်ချုပ်ဆိုခြင်းဖြစ်ပြီး ဝယ်ယူမည့် ဂျပန်ကုမ္ပဏီသည့် ရန်ကုန်တွင်စက်ရုံတည်ဆောက်၍ သရက်သီးများကို အနှစ်ထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည် တင်ပို့မည့်ဖြစ်ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့ ပြည်ပမှ ဝယ်ယူမှုရှိသည့်အချိန်တွင် သရက်သီးစိုက်တောင်သူများအနေဖြင့် သရက်သီးအရည်အသွေးများကို ထိန်းသိမ်းရန်လိုအပ်ပြီး အရည်အသွေးမကောင်းသည့် အသီးများကို ရောနှော၍ ထည့်သွင်းရောင်းချခြင်းမပြုရန် မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အကြံပြုလိုက်သည်။

ထိုသို့ ဂျပန်သို့ တင်ပို့ခြင်းအပြင် ပုံမှန်တင်ပို့နေသည့် လမ်းကြောင်းဖြစ်သည့် တရုတ်ပြည်သို့လည်း သရက်သီးများတင်ပို့လျက်ရှိပြီး လက်ရှိတွင် မူဆယ်ဘက်တွင် မိုးဆက်တိုက်ရွာသွန်းခြင်းကြောင့် သရက်သီးအရောင်းအဝယ်အေးနေကြောင်း မူဆယ်နယ်စပ်ရှိ သရက်သီးဒိုင်များထံမှ သိရသည်။

လက်ရှိတွင် စိန်တစ်လုံးအိတ်စွပ် ဆိုဒ်ကြီး တစ်ခြင်းလျှင် ယွမ် ၉၀ မှ ၁၂၀ ယွမ်အထိ ၊ ဆိုဒ်လွတ် တစ်ခြင်းလျှင် ယွမ် ၄၀ မှ ယွမ် ၇၀ အထိ နှင့် စိန်တစ်လုံး တစ်ခြင်းလျှင် ယွမ် ၃၀ မှ ယွမ် ၆၀ အထိ ပေါက်ဈေးရှိကြောင်း မူဆယ်ရှိ သရက်သီးဒိုင်များထံမှ သိရသည်။

မြန်မာသရက်သီးများဖြစ်သည့် စိန်တလုံး၊ ရွှေဟင်္သော၊ ရင်ကွဲနှင့် ပတ္တမြားငမောက် စသည့် သရက်သီးအမျိုးအစားများကို ပြည်ပနိုင်ငံများသို့ တင်ပို့မှုအများဆုံးဖြစ်ကြောင်း သိရသည်။


Japan will purchase 1,200 tons of mango from Myanmar as the two counties have signed contract to export mango grown in Mandalay Region and Sagaing Region, according to the Myanmar Mango Market and Technology Development Association.  It is also planning to buy more.

Under the agreement, Japanese company will buy mango to be harvested in early May and built a mango processing plant in Yangon to export the product.

Mango farmers need to maintain the quality of mango and the association urges the farmers not to detract the quality of mango by adding low quality fruit.

In addition to export to Japan, the country is also exporting mango to China; however heavy rain in recent days in Muse area is delaying the transport.

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img