Japan has expressed interest to participate in the Dawei Special Economic Zone located in the Tanintharyi Region, according to U Myint San, Vice President of the Management Committee for SEZ.
Myanmar, on November 5, invited international partners to invest in the SEZ project under Government to Government Collaboration and received a proposal from Japan. The government of Myanmar aiming to implement the Special Economic Zone immediately accepted the proposal.
The country is implementing special economic zones in Thialawa, Dawei, and Kyaukphyu under Myanmar Special Economic Zone Law (2014), of which Zone A of Thilawa SEZ is almost complete with a total of 1.3919 billion investments by 97 companies.
Initiated by the military government in 2008, the Dawei SEZ project in the southernmost Tanintharyi Region was halted in 2013 and then resumed in 2015 with an invitation to bid. Tender winner Italian-Thai Development is working on the project.
Dawei Special Economic Zone will occupy 6,928 acres of land. The Tanintharyi Regional Government and the Ministry of Planning, Finance, and Industry will pay out K68 billion in compensation to landowners for 6,624 acres of land taken for the project.
Written Ko Myo
ထားဝယ်အထူးစီးပွားရေးဇုန်ဖော်ဆောင်ရာတွင် ဂျပန်နိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်လိုကြောင်း ကမ်းလှမ်းခဲ့သည်ဟုအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ ဦးမြင့်စန်း၏ ပြောကြား ချက်အရ သိရှိရသည်။
ဂျပန်နိုင်ငံ၏ ပူးပေါင်းပါဝင်လိုကြောင်း ကမ်းလှမ်း လာမှုကို နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာနက နိုဝင်ဘာလ ၂၃ရက်နေ့တွင် သတင်း ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန် ဖော်ဆောင်ရေးကို G to G စနစ်ဖြင့် စီမံကိန်း ဖော်ဆောင်ရန် အတွက် နိုဝင်ဘာလ ၅ ရက်နေ့တွင် ဖိတ်ခေါ် ခဲ့ပြီးနောက် ယခုကဲ့သို့ ဂျပန်အစိုးရမှ အဆိုပြု ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး မြန်မာအစိုးရ ဖက်က လည်း စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းများ လျင်မြန်စွာ အကောင် အထည်ဖော်ဆောင်ရွက် နိုင်ရန် အတွက် အဆိုပါ အဆိုပြုချက်ကို လက်ခံခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ အရမြန်မာနိုင်ငံတွင်သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်များကို အကောင် အထည်ဖော်နိုင်ရေး ဆောင်ရွက် လျက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်တွင်ဇုန် A သည်အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးလုနီးပါးရှိပြီဖြစ်ကြောင်း သီလဝါအထူး စီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံ လာကြသည့် ကုမ္ပဏီစုစုပေါင်း(၉၇)ခုထိရှိနေပြီဖြစ်ပြီးရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိ ကန်ဒေါ်လာ (၁၄၉၁ ဒသမ ၉၀)သန်းရှိပါကြောင်း၊ လက်ရှိလည်ပတ် နေသည့် စက်ရုံ(၅၂)ရုံ ထိရှိ နေပြီဖြစ်ပြီး အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင် ကြောင်း သိရသည်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ဂျပန်နိုင်ငံသည် (Special Purpose Vehicle-SPV)တွင် ပါဝင်ဆောင်ရွက်နေပြီး ယခုအခါ အထူးစီးပွားရေးဇုန်ဖော်ဆောင်ရန် ပူပေါင်းပါဝင် မည်ဟု သိရသည်။
ထားဝယ်အထူးစီးပွားရေးဇုန်သည် ဟက်တာ ၂၀,၀၀၀ အကျယ်အဝန်းရှိပြီး ဆိပ်ကမ်းနှင့် စက်မှုလုပ်ငန်းများပါဝင်ကာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ပြီးစီးပါက အရှေ့ တောင် အာရှတွင် အကြီးဆုံးစီးပွားရေးဇုန် ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။