JETOUR X70 Makes a Debut

0
1549

Ei Thandar Tun/Myanmar Business Today

Gold AYA Motors International launched its second locally made model, the JETOUR X70, at Inya Lake Hotel on December 1.
“This midrange SUV is designed to be multi-purpose,” said Mr. Yan Jun, vice general manager of the company. “We added more seats so that it can be used for both home use and commercial use. It is also fit for family travelling. We introduce JETOUR X70 as we want our customers to have new experiences.”
Equipped with an 8AT gear box, the JETOUR X70 runs on a 1.5 Turbocharged engine with low fuel consumption. Available in glacier white, beach gold, aurora blue, volcano red and meteorite black exterior color options, it comes with a three-year or 100,000 k.m. warranty. The price is K35.7 million.
Gold AYA targets sales of 50,000 units and $1 billion income in five years as well as a 10 percent market share.
Established in 2017 with a $30 million investment by the Shining Star Group, the company produces 10 models including sedan, SUV, MPV, commercial vehicles, pickup trucks, special vehicles and new energy vehicles at its plant in Myotha Industrial Park, Mandalay Region. It aims to market its cars in 10 Asian countries.


Myanmar Summary

ပြည်တွင်းထုတ် JETOUR X70 ကို စတင်မိတ်ဆက်

Gold AYA Motors International ကုမ္ပဏီ၏ ပြည်တွင်းထုတ် ဒုတိယမြောက် မော်ဒယ်ဖြစ်သည့် JETOUR X70 ကို ဒီဇင်ဘာလ ၁ရက်က ရန်ကုန်မြို့ Inya Lake တွင် မြန်မာပြည်ဈေးကွက်အတွက် မိတ်ဆက်ခဲ့သည်။

“ အခုထုတ်လုပ်တဲ့ကားက SUV အမျိုးအစားထဲမှာ အလယ်အလတ်အဆင့်ရှိတယ်လို့ သတ်မှတ်လို့ ရပါတယ်။ ဒီကားက အိမ်သုံးနဲ့ ဘက်စုံအသုံးပြုနိုင်အောင် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာပါ” ဟု Gold AYA Motors International Co., Ltd မှ Vice General Manager Mr. Yan Jun က ပြောသည်။

SUV အမျိုးအစား JETOUR X70 တွင် 1.5 Turbocharged အင်ဂျင် ထည့်သွင်းထားသည့်အတွက် ဆီစားနှုန်း အနည်းငယ်သက်သာသည့်အပြင် ဂီယာကိုလည်း 8AT Gear Boxကိုလည်း ထည့်သွင်းထားသည်။

ကား ဘော်ဒီအရောင်အနေဖြင့် Glacier White၊ Beach Gold ၊ Aurora Blue ၊ Volcano Red နှင့် Meteorite Black အရောင်ငါးမျိုးကို ထုတ်လုပ်ထားပြီး အာမခံချက်အနေဖြင့် သုံးနှစ် (သို့) ကီလိုမီတာတစ်သိန်း အာမခံချက်ပေးထားကာ ဝယ်ယူမည်ဆိုပါက ဈေးနှုန်း ကျပ်ငွေ ၃၅ ၇၀၀ ၀၀၀ သိန်း ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒီကားက ဘက်စုံအသုံးပြုနိုင်မယ့်အပြင် မိသားစု ခရီးသွားလာနိုင်ဖို့ ထိုင်ခုံအမြောက်အများကို အသားပေးထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် မိသားစုတွေအားလုံး စုံစုံလင်လင် ခရီးသွားဖို့လဲ သင့်တော်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံက ဝယ်ယူသူတွေကို JETOUR X70 ကတဆင့် အတွေ့အကြုံသစ်တွေကို ခံစားစေချင်တဲ့အတွက် အခုလိုမျိုး မြန်မာနိုင်ငံဈေးကွက်မှာ ဖြန့်ဖြူးရောင်းချပေးတာပါ” ဟု ၎င်းက ထပ်မံဖြည့်စွက် ပြောသည်။

ထို့ပြင် Gold AYA Motors အနေဖြင့် ငါးနှစ်အတွင်း၌ Sales volume ၅၀၀၀၀ နှင့် ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကို ရရှိနိုင်ရန် မျှော်မှန်းထားပြီး ဈေးကွက်ရှယ်ယာ ၁၀ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

Gold AYA Motor Board စက်ရုံသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့သာစက်မှုဥယျာဉ်တွင် တည်ရှိပြီး မြေဧက ၂၀ . ၁ ဧကပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇ခုနှစ်တွင် Shining Star Group က အမေရိကန်ဒေါ်လာသန်း ၃၀ ရင်းနှီးမြှုပ်နှံကာ Gold AYA Motor International Co., Ltd ကို တည်ထောင်ခဲ့ပြီး စက်ရုံမှ ကားမော်ဒယ် ၁၀မျိုး  Sedan ၊ SUV ၊ MPV ၊  Commercial Vehicles ၊ Pickup Trucks ၊  Special Vehicles နှင့် New Energy Vehicles ကားအမျိုးအစားတို့ကို တပ်ဆင်ထုတ်လုပ်လျက်ရှိသည်။ စက်ရုံမှထွက်ရှိသည့် ကားများကို ပြည်တွင်းဈေးကွက်၌သာမက အာရှ ၁၀ နိုင်ငံသို့ပါ ဖြန့်ဖြူးရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

SOURCEEi Thandar Tun/Myanmar Business Today
Previous articleFlyMya, Wavepay Team to Offer Travel Payment Services
Next articleHK Company Invests Over $350 million in Myanmar Real Estate