by Tin Mg Oo
To assist the development of local small and medium-sized enterprises, JICA has provided over K101 billion through its two-step loan program while Myanma Economic Bank is prepared to lend up to K250 billion, according to remarks by U Maung Maung Win, Deputy Minister of Planning, Finance and Industry, to the Amyotha Hluttaw Parliament on February 24.
“For JICA’s ODA [official development assistance] two-step loans, the Ministry of Planning, Finance and Industry acts as a borrower and Myanma Economic Bank as the executing agency,” he said,
During Phase One of the scheme, launched in fiscal 2015-2016, SME Development Bank, KBZ Bank, AYA Bank, Myanmar Apex Bank, CB Bank and Myanmar Citizens Bank served as Participating Financial Institutions (PFLs). They approved loans to 269 SMEs totaling over K57 billion as of June 6, 2017.
Under Phase Two, launched in September 2018, 11 PFLs have provided over K101 billion in loans to 591 MSMEs.
Myanma Economic Bank (MEB) earmarked K250 billion for the scheme and has provided over K14.6 billion in loans to micro, small and medium-sized enterprises during the two years from January 2018, according to U Maung Maung Win.
Moreover, Myanmar Agricultural Development Bank has approved loans worth K12 billion to 4,929 borrowers including farmers, agricultural businesses and livestock breeding farms under MEB’s agricultural two-step loan program.
SME လုပ်ငန်းများအတွက် ချေးငွေကို JICA Two Step Loan ဖြင့် ကျပ် ၁၀၀ ဘီလီယံကျော် ထုတ်ချေးပြီးဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်မှ အများပြည်သူအပ်နှံငွေဖြင့် ကျပ် ၂၅၀ ဘီလီယံကို ထုတ်ချေးလျက်ရှိ
အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများ SME များ ဖွံ့ဖြိုးတိုးတက်စေရန် ဂျပန်နိုင်ငံ JICA မှ Two Step Loan စနစ်ဖြင့် ငွေကျပ် ၁၀၁ ဒသမ ၀၂၃ ဘီလီယံကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယင်းအပြင် မြန်မာ့စီးပွားရေးဘဏ်မှလည်း အများပြည်သူများအပ်နှံထားသည့် ငွေများဖြင့် အဆိုပါ SME လုပ်ငန်းများသို့ ကျပ် ၂၅၀ ဘီလီယံ ကို ထုတ်ချေးလျက်ရှိကြောင်း စီမံကိန်း ဘဏ္ဍရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးမောင်မောင်ဝင်းက ဖေဖော်ဝါရီ ၂၄ တွင်ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းဝေးတွင် ပြောသည်။
“ JICA (ODA) Two Step Loan တွေကို စီမံကိန်း အဆင့် ၁ နဲ့ အဆင့် ၂ ဆိုပြီးခွဲခြားပြီးတော့ ပြည်ထောင်စု အစိုးရကိုယ်စား စီမံကိန်း ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက ငွေချေးယူသူအဖြစ် ဆောင်ရွက်ပြီး မြန်မာ့စီးပွားရေး ဘဏ်က Executing Agency (EA) အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိနေပါတယ် ” ဟု ၎င်းက ပြောသည်။
စီမံကိန်း အဆင့် ၁ ဖြင့် ၂၀၁၅−၂၀၁၆ ဘဏ္ဍနှစ်တွင် စတင်ခဲ့ပြီး ချေးငွေများကို ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းများအဖြစ် (Participating Financial Institution ) (PFLs) များအဖြစ် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် ၊ ကမ္ဘောဇဘဏ် ၊ ဧရာဝတီဘဏ် ၊ မြန်မာ့ရှေ့ဆောင်ဘဏ် ၊ သမဝါယမ ဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ် စသည့် ဘဏ် ခြောက်ဘဏ်မှ တစ်ဆင့် MSMEs လုပ်ငန်းရှင်ပေါင်း ၂၆၉ ဦးကို ၂၀၁၇ ဇွန်လ ၆ ရက်အထိ ကျပ်(၅၇.၆၃၄) ဘီလီယံကို ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စီမံကိန်း အဆင့်၂ ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၈ တွင်စတင်ခဲ့ပြီး ဘဏ်ပေါင်း ၁၁ ခုက ထုတ်ချေးခဲ့ရာ ၂၀၁၉ ခုနှစ်နှစ်ကုန်အထိ နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီးပြည်နယ်များမှ MSMEs လုပ်ငန်းရှင်ပေါင်း ၅၉၁ ဦးကို ချေးငွေကျပ် ၁၀၁ ဒသမ ၀၂၃ ဘီလီယံကျပ်ကို ထုတ်ချေးပေးခဲ့ပြီး ဖြစ်သည်။
မြန်မာ့စီးပွားရေးဘဏ်မှ အများပြည်သူ အပ်နှံငွေဖြင့် MSMEs လုပ်ငန်းများသို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ထုတ်ချေးခဲ့ရာ လုပ်ငန်းရှင်ပေါင်း ၂၉၅ ဦးသို့ ချေးငွေကျပ် ၁၄ ဒသမ ၆၁၇ ဘီလီယံ ကို ထုတ်ချေးပေးထားခဲ့ပြီးဖြစ်ကြောင်း စီမံကိန်း ဘဏ္ဍရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးမောင်မောင်ဝင်းက ပြောသည်။ ထို့ပြင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှလည်း MEB Agriculture Two Step Loan ဖြင့် တောင်သူလယ်သမားများ ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသို့ စိုက်ပျိုးရေးလုပ်ငန်းများ ၊ မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသော လုပ်ငန်းများအတွက် (Investment Capital) ထုတ်ချေးခြင်းများအဖြစ် မြို့နယ်ပေါင်း ၁၁၇ ခုမှ လုပ်ငန်းရှင်ပေါင်း ၄၉၂၉ ဦးသို့ ငွေကျပ် ၁၂ ဘီလီယံကျော်ကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။