အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
The Ministry of Planning, Finance, and Industry has provided K59.498 billion to 44 microfinance companies, who will lend the approved funding to teashops and small-scale restaurants opened in a settled place across the country.
The loans that the companies will provide are one-year term loans with 2 percent annual interest rates.
The tea shops and restaurants can apply for the loans at microfinance institutions that the Ministry of Planning, Finance, and Industry announced.
The list of microfinance companies is available at the ministry website and a Facebook page named Financial Regulatory Department.
The teashops and restaurants can borrow K3.5-10 million, according to the Microfinance Business Supervisory Committee.
Written by Tayzar Bhone Myint/ Translated into English
နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် အခြေတကျ ဆိုင်ဖွင့်လှစ် ရောင်းချသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များသို့ ထုတ်ချေးရန် ချေးငွေ လျှောက်ထားသည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း (၄၄) ဖွဲ့အတွက် ချေးငွေ ကျပ် (၅၉.၄၉၈) ဘီလီယံအား စိစစ်ခွင့်ပြုခဲ့ကြောင်းငွေရေး ကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှထုတ်ပြန်သည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ချေးငွေထုတ်ချေးရေးဦးဆောင်ကော်မတီက ထုတ်ချေးခဲ့ခြင်းဖြစ်သည်။
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း အခြေတကျ ဆိုင်ဖွင့်လှစ် ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များမှ လိုအပ်သည့် ရင်းနှီး မတည်ငွေအတွက် အတိုးနှုန်း သက်သာသောချေးငွေ (ချေးငွေသက်တမ်း (၁) နှစ်၊ ၁ နှစ်လျှင် အတိုးနှုန်း ၂%) ကို အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှ ထုတ်ချေးပေးမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၄ ရက်နေ့တွင် ကြေညာခဲ့ပြီးဖြစ်သည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ချေးငွေထုတ်ချေးရေးဦးဆောင်ကော်မတီမှ အတိုးနှုန်းသက်သာသောချေးငွေ ရယူလိုသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် အခြေတကျ ဆိုင်ဖွင့်လှစ်ရောင်းချသော လက်ဖက်ရည်ဆိုင်နှင့် စားသောက် ဆိုင်ငယ်လုပ်ငန်းရှင်များသည်ငွေရေး ကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာ မှတိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်ထုတ်ပြန်ထားသော အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်းများနှင့်ဆက်သွယ်၍ ချေးငွေများ ရယူနိုင်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်အလိုက် ချေးငွေရယူနိုင်သော အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ အမည်စာရင်းများအား ငွေရေး ကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ Website: www.frd.gov.mm နှင့် Facebook Page – Financial Regulatory Department တွင် ဝင်ရောက်ကြည့်ရှုနိုင် ကြောင်းသိရသည်။
လက်ဖက်ရည်ဆိုင်နှင့် စား သောက်ဆိုင်ငယ်များကို ကျပ် ၃၅ သိန်းမှ သိန်း ၁၀၀ ကြားချေးငွေ ပေးမည်ဟု အသေးစားငွေရေး ကြေးရေး ကြီးကြပ်မှုကော်မတီက ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ သည်။