To reduce train accidents and fatalities due to reckless railway crossing in Yangon, the Myanma Railway Department will spend K94.76 million to build 35 railroad overpasses.
The department is carrying out construction of five of the planned overpasses with completion date set for the end of December. The five overpasses are located between Hledan and Kamayut stations, between Insein and Danyingon stations, and at Thirimying, Bayint Naung and Mingalardon stations.
“We will choose the locations which actually need an overpass and repair old and dangerous overpasses,” said U Kyaw Myo Lwin, assistant regional manager of Myanma Railway.
When all the planned overpass bridges are completed, their total number will be 70.
In addition to building overpass bridges, Myanma Railway will repair railway tracks, build fences, and upgrade existing overpasses and signal and communication systems. It also plans to purchase 11 new DEMU trains and 66 carriage cars using Japanese loans.
The signal and communication system upgrades, also funded by Japanese loans, will include the installation of an electronic interlocking system at Kyimyindaing and Insein stations; deployment of a relay interlocking system at Danyingon, Mingalardon and Paywatseikkon stations; and installation of automatic signaling and automatic train protection systems along circular railroad and automatic gate locking at 25 crossovers.
When all upgrade works are completed, the circular trains’ speed will increase to 34 miles per hour from the current 20, reducing travel time to 1 hour and 45 minutes from 2 hours and 50 minutes at present. They will be capable of serving 85,000 passengers a year.
Myanmar Summary
ရထားကြောင့်ဖြစ်သည့် ခရီးသည်မတော်တဆမှုများလျှော့ချနိုင်ရန် နိုင်ငံတော်ဘတ်ဂျက် ကျပ်ငွေ ၉၄.၇၆သန်း အသုံးပြုမည်
စည်းကမ်းမဲ့ ရထားလမ်းဖြတ်ကူးခြင်းကြောင့် မတော်တဆမှုများမကြာခဏ ဖြစ်ပွားနေရာ နိုင်ငံတော်မှ ဘတ်ဂျတ်ငွေ ကျပ် ၉၄.၇၆သန်း အသုံးပြုကာ လူကူးခုံးကျော်တံတား ၃၅စင်းကို ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါ ထပ်မံတည်ဆောက်သွားမည့် လူကူးခုံးကျော် တံတား ၃၅ စင်းအနက်မှ ၅စင်းကို တည်ဆောက်လျက်ရှိပြီး ဒီဇင်ဘာလကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
“တည်ဆောက်တဲ့အခါမှာလည်း တကယ်လိုအပ်တဲ့နေရာတွေကို ရွေးချယ်ပြီး ဆောက်လုပ်သွားမှာပါ။ ဟောင်းပြီး အန္တရာယ်ရှိနေတဲ့ တံတားတွေကိုလည်း ပြုပြင်သွားမှာပါ” ဟု မြန်မာ့မီးရထား တိုင်းအမှတ်(၇)မှ လက်ထောက် တိုင်းမန်နေဂျာ ဦးကျော်မျိုးလွင်က ပြောသည်။
ဒီဇင်ဘာလကုန်တွင် တည်ဆောက်ပြီးစီးမည့် တံတား ၅ စင်းကို လှည်းတန်းဘူတာနှင့် ကမာရွတ်ဘူတာကြား၊ သီရိမြိုင်ဘူတာ၊ အင်းစိန်ဘူတာနှင့် ဒညင်းကုန်းဘူတာကြား၊ ဘုရင့်နောင်ကားလမ်းကူးဂိတ် ခုံးကျော်တံတား၊နှင့် မင်္ဂလာဒုံဘူတာအတွင်းရှိ ခုံးကျော်တံတား တို့တွင် အသီးသီးတည်ဆောက်လျက်ရှိသည်။
ရန်ကုန်မြို့တွင်းဘူတာများတွင် လူကူးခုံးကျော်တံတား ၃၅စင်းရှိပြီး တံတားအစင်း ၇၀အထိပြည့်မြောက်အောင် တည်ဆောက်သွားမည်ဖြစ်သည်။
နိုင်ငံတော်မှ ချထားပေးသည့် ဘတ်ဂျတ်ငွေဖြင့် လူကူးခုံးကျော်တံတား တည်ဆောက်ခြင်းသာမက အခြားသော လုပ်ငန်းများဖြစ်သည့် ရထားသံဘောင်ပြုပြင်ခြင်း၊ ရထားဘူတာများတွင် ခြံစည်းရိုးခတ်ခြင်း၊ ကားလမ်းကူးဂိတ်များကို အဆင့်မြှင့်တင်မှုများပြုလုပ်သွားမည်ဖြစ်သည်။
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းကိုလည်း ၂၀၁၈ခုနှစ်မှ ၂၀၂၃ခုနှစ်အတွင်း စီမံချက်အနေဖြင့် အချက်ပြနှင့် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ အဆင့်မြှင့်တင်ခြင်း၊ ဒီဇယ်လျှပ်စစ် DEMU တွဲဆိုင်းအသစ် ၁၁ဆိုင်း ၆၆တွဲ ဝယ်ယူခြင်း လုပ်ငန်းများကို ဂျပန်ချေးငွေဖြင့် မြန်မာ့မီးရထားမှ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဂျပန်နိုင်ငံ ODA ချေးငွေဖြင့် အချက်ပြနှင့်ဆက်သွယ်ရေး ဆိုင်ရာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များဆောင်ရွက်ရာတွင် ကြည့်မြင်တိုင်ဘူတာနှင့် အင်းစိန်ဘူတာတို့ကို Electronic Interlocking စနစ် သို့လည်းကောင်း၊ တညင်းကုန်းဘူတာ၊ မင်္ဂလာဒုံဘူတာနှင့် ပုရွက်ဆိတ်ကုန်းဘူတာများကို Relay Interlocking စနစ်သို အဆင့်မြှင့်တင်ခြင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်း တလျောက် အလိုအလျောက် အချက်ပြစနစ်ကို အဆင့်မြှင့်တင်တပ်ဆင်ခြင်းနှင့် Automatic Train Protection စနစ်တပ်ဆင်ခြင်း၊ Level Crossing ကားလမ်းကူး ၂၅ နေရာတွင် အလိုအလျောက် ဂိတ်ပိတ်စနစ်များ တပ်ဆင်ခြင်းလုပ်ငန်းများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်သည်။
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက တစ်နာရီလျှင် မိုင် ၂၀ဖြင့် မြို့ပတ်ရထားပြေးဆွဲချိန် ၂နာရီ ၅၀မိနစ် ခန့်ကြာမြင့်ရာမှာ စီမံကိန်းပြီးဆုံးပြီးပါက တစ်နာရီလျှင် ပျမ်းမျှ ၃၄ မိုင်နှုန်းဖြင့် မြို့တစ်ပတ် ရထားပြေးဆွဲချိန် ၁ နာရီ ၄၅မိနစ်ခန့်ဖြင့် တစ်ရက်လျှင် ပျမ်းမျှခရီးသည်ဦးရေ ၈၅၀၀၀ ခန့် စီးနင်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်