Kalaw On My Mind

0
107

 

I had not been to Shan State since a childhood visit long ago. Distant memories of the trip created a blur between what I had experienced and the beautiful scenes I saw during the trip. Even the notion of being there was hard to recall. Maybe because I was so young. My memories of the trip are very vague; just some brownish mountain ranges in cold weather, riding a motorboat with my grandmother and seeing strange and unique pagodas at Pindaya cave.
This time I visited Shan State with the thought of seeing and enjoying the beauty of it, grabbing a camera to capture each and every moment and beautiful scene. Information about Kalaw is easily available on the internet due to the fact that it is a popular tourist destination.
We arrived at Kalaw at five in the morning, our bus having left Yangon around 8.30 p.m. We were greeted by freezing wind, which was one of the reasons I chose this city to visit. The weather was quite cold. We had to wear really warm clothing to guard against the weather. Residents are often seen sitting by a burning fire by the road or outside their home.
Kalaw has relatively few places to visit. In half a day you will have been to all the popular places after enjoying really good Shan food. The city, 1,300 meters above sea level, boasts colonial buildings, floral plantations and brownish mountain ranges lining the horizon, making it the perfect place to have a vacation. Walking in a garden dotted with pine trees, gazing down at the city from a mountain called Ozi Mount and taking photos at Kalaw Railway Station are all very pleasant. Some of the beauty that my childhood memory had failed to capture was now in the camera in my backpack.
Before leaving the city, we stopped by Kalaw Kafe and enjoyed the photos we had taken throughout the trip. The city is a place one should spend more time in. I told myself that I would hike up the mountain to see the sea of clouds; meet local vendors and savor local cuisines; visit colonial buildings such as the beautiful church and clock tower; and hire a local tour guide and trek the nearby mountains. The urge to visit the city again filled my thoughts even on the way home.

အေးချမ်းတဲ့ ခရီးသွားမြို့ကလော

ရှမ်းပြည်ကို မရောက်တာအတော်ကြာပါပြီ။ စရောက်ခဲ့တုန်းက ကလေးဘဝလောက်ကဆိုတော့ ဒီနေရာနဲ့ပတ်သက်တဲ့ မြင်ကွင်းတွေက ထင်ထင်ရှားရှားမမှတ်မိပါဘူး ။ အခုလို ဓာတ်ပုံတွေအများကြီး မရိုက်ရတာကြောင့်လည်း ရှမ်းပြည်နယ်ကိုရောက်ဖူးတယ်ဆိုတဲ့အတွေးစ တော်တော်ရှာရခက်တယ် လို့ဆိုလို့ရပါတယ်။ အရင်တခေါက်ရောက်တုန်းက အဘွားရဲ့လက်ကိုဆွဲ သူခေါ်တဲ့နေရာကို တောက်လျှောက်လိုက်ရုံကလွဲပြီး တခြားများများစားစားပတ်ဝန်းကျင်ကအလှတရားကို သိပ်ခံစားတတ်သေးတဲ့ အရွယ်မဟုတ်သေးပါဘူး ။ အရမ်းအေးတဲ့ရာသီဥတုနဲ့ ခပ်မှိုင်းမှိုင်းတောင်တန်းတွေ ၊ အင်းလေးကန်ထဲမှာ အချိန်အကြာကြီးစက်လှေစီးခဲ့ရတာတွေနဲ့ ပင်းတယဂူထဲမှာ ထူးထူးဆန်းဆန်း ဘုရားတွေအများကြီး တည်ထားတာတွေ ဆိုတာလောက်ပဲ ရေးရေးလေးမှတ်မိတော့တယ်။

ဒီတခေါက်တော့ သွားတဲ့အခါမှာတော့ ရှမ်းပြည်ရဲ့အလှကို သေချာခံစားတတ်ဖို့ စိတ်နဲ့ သွားတယ်။ ကင်မရာလည်း သေသေချာချာယူသွားတဲ့အတွက် အမှတ်တရကောင်းတွေရခဲ့တယ်လို့ဆိုရမှာပါပဲ ။ တကယ်တော့ အခုရောက်ခဲ့တဲ့ ရှမ်းပြည်နယ် ကလောနဲ့ပတ်သက်တဲ့အကြောင်းအရာ အစုံအလင်ကို အင်တာနက်မှာအလွယ်တကူရှာလို့ ရနေပါတယ်။ ကလောကခရီးသွားမြို့တစ်ခုဖြစ်နေတာကြောင့်လည်း ဖြစ်ပါလိမ့်မယ် ။

ရန်ကုန်ကစလာတော့ ညရှစ်နာရီခွဲလောက်ကစထွက်လာပြီး ကလောရောက်တော့ မနက် ၅နာရီလောက်ဖြစ်နေပါပြီ။  ကလောမြို့ကိုစရောက်လို့ ကားပေါ်ကနေခြေချလိုက်တာနဲ့ ချမ်းစိမ့်တဲ့လေထုနဲ့စတင်ကြိုဆိုတယ်။ ဒါကပဲကလောကိုလာရတဲ့ အကြောင်းအရင်း တစ်ခုလည်းဖြစ်နေပြန်ပါတယ်။ အေးတဲ့နေရာကိုရောက်ဖို့လာခဲ့တဲ့အတွက် အအေးဓာတ်ကိုကြောက်နေလို့ မရပါဘူး ၊ အနွေးထည်ကောင်းကောင်းဝတ်ထားဖို့လိုသလို ညဘက်တွေဆိုလည်း မြို့ခံတွေကအစ အိမ်မှာ ဒါမှမဟုတ် လမ်းမပေါ်မှာ မီးလှှုံလေ့ရှိကြပါတယ်။ ကလောကမြို့က သွားစရာနည်းပါတယ်။ မနက်စာရှမ်းအစားအစာကောင်းကောင်း မြို့မဈေးမှာ လမ်းလျှောက်သွားစားပြီး မြို့အနှံ့ကားနဲ့ အလျင်စလိုလျှောက်လည်ရင်တောင်နေ့တဝက်လောက်နဲ့ နေရာအစုံရောက်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်အမြင့် မီတာ ၁၃၀၀ ကျော်လောက်မှာရှိတဲ့ ကလောက ကိုလိုနီခေတ်က ရှိခဲ့တဲ့အဆောက်အဦတွေ၊ မြို့ရဲ့ပတ်ဝန်းကျင်ကောင်းမွန်မှှု ၊ ပန်းမန်စိုက်ခင်းတွေနဲ့ ညှို့မှိုင်းတဲ့တောင်ကုန်း တောင်တန်းတွေကြား တည်ရှိနေတာကိုက အနားယူလို့ကောင်းတဲ့နေရာတစ်ခုအဖြစ် ရှိလာပါတယ်။ ကလောမြို့ကနာရီစင်နဲ့ ထင်းရှူးတောဥယျာဉ်မှာ လမ်းလျှောက်ရတဲ့အရသာ ၊ ဒဏ္ဍာရီဆန်ဆန်ရှိနေတဲ့ အိုးစည်တောင်ပေါ်ကနေ မြို့ကို အပေါ်စီးကငေးနေရတဲ့ခံစားချက်၊ ထွေထွေထူးထူးကြီးမဟုတ်ပေမယ့် တောင်တန်းတွေမလှမ်းမကမ်းမှာရှိနေတဲ့ ၁၉ ရာစုလောက်ကဆောက်ခဲ့တဲ့ ကလောဘူတာမှာ အမှတ်တရဓာတ်ပုံတွေရိုက်ယူရတဲ့ အတွေ့အကြုံက ကြည်နူးစရာပါ။ ကလေးဘဝကမမှတ်တဲ့ ရှမ်းပြည်ရဲ့အလှတရားတချို့က ခုတော့ ကျောပိုးအိတ်ထဲက ကင်မရာထဲရောက်နေပါပြီ။

ကလောမြို့ကမပြန်ခင် ကလောကဖေးမှာ ခရီးတလျှောက်ရိုက်ခဲ့သမျှပုံတွေကို ပြန်ကြည့်တဲ့အခါမှာတော့ စိတ်ကျေနပ်မှှုရပေမယ့် ဒီထက်ပိုလိုချင်နေမိတုန်းပဲ။ ပိုအချိန်ပေးနေချင်စရာ မြို့လေးတစ်မြို့ပါ။ နောက်တခါကလောရောက်ဖြစ်ရင်တော့ တိမ်ပင်လယ်ကို မနက်စောစောထကြည့်မယ်၊ မြို့မဈေးမှာ ရှမ်းအစားစာကို အချိန်ယူစားပြီး မြို့မဈေးမှာဈေးသည်တွေနဲ့ ဒေသထွက်ကုန်တွေအကြောင်း လျှောက်မေးမယ်၊ ထင်းရှူးတောနဲ့ ကလောမှာရှိတဲ့ ကိုလိုနီလက်ရာတွေဖြစ်တဲ့ ချက်ပ်ကျောင်းလို နာရီစင်လို အဆောက်အအုံတွေကို သေချာသွားမယ် ၊ ကလောကတောင်တန်းတွေအကြားမှာ ဒေသဧည့်လမ်းညွှန်တစ်ယောက်အသေအချာခေါ်ပြီး လမ်းလျှောက်ထွက်မယ်လို့ တွေးဖြစ်ပါတယ် ။ ကလောမြို့က ပြန်ရောက်တာတော့ ကြာသွားပါပြီ ။ နောက်တခေါက်သွားဖြစ်ရင် ဆိုတဲ့ စိတ်ဆန္ဒကတော့ ပြန်လာတဲ့လမ်းခရီးမှာကတည်းက စ ဖြစ်တော့တာပါပဲ။