Mobile wallet KBZPay on January 7 introduced a new short-term financing product designed to help KBZPay agents and merchants improve their cash flows and grow their businesses.
Called KBZPay Quick Access Loan, it allows KBZPay partners to access instant credit of K300,000 without collateral or guarantor.
“Many of our 270,000 KBZPay agents and merchants across Myanmar run businesses which need short-term financing that is quickly available,” said U Soe Ko Ko, KBZPay’s head of agent banking. “With our Quick Access Loan, we offer our partners a financial cushion for growth and working capital management.”
Loan application can be made at any of KBZ Bank’s 500 branches. There is no application fee but proof of identity as a partner of KBZPay is required. The loan amount disbursed will be determined based on the amount and volume of KBZPay transactions facilitated by the applicant in the past. Successful applicants will be able to draw down from the line of credit according to their needs using the Quick Access Loan function in the KBZPay Partner App.
The line of e-credit provided is for one year with a monthly repayment schedule. The interest rate is 13 percent, applied only to the e-credit amount used. The eligible loan amount will increase as agents and merchants increase their monthly transactions and repay their loans on time.
More than 2,900 KBZPay agents and merchants have received Quick Access Loans worth a total of K1.66 billion since the pilot launch in May 2019.
KBZPay မှ ကိုယ်စားလှယ်နှင့် ဆိုင်ရှင်များကို ဝန်ဆောင်မှှုအသစ်ပေးအပ်သွားမည်
KBZPay မှ ကိုယ်စားလှယ်နှင့် ဆိုင်ရှင်များကို အကျိုးစီးပွားတိုးတက်စေရေးအတွက် လွယ်ကူစွာ ထုတ်ယူနိုင်သော ချေးငွေဝန်ဆောင်မှှုအသစ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းလည်ပတ်မှှု ပိုမိုအဆင်ပြေချောမွေ့လွယ်ကူရေး အထောက်အကူပေးနိုင်ရန် KBZPay လွယ်ကူထုတ်ယူချေးငွေဟု ခေါ်ဆိုသော ကာလတို ငွေကြေး ထောက်ပံ့မှှု ဝန်ဆောင်မှှုအသစ်တစ်ခုကို စတင်လိုက်ခြင်း ဖြစ်သည်။ လွယ်ကူထုတ်ယူချေးငွေ ဝန်ဆောင်မှှုကို KBZPay မိတ်ဖက်လုပ်ငန်း အပေါင်ပစ္စည်း ၊ အာမခံသူနှင့် လျှောက်လွှာကြေး ရှိရန်မလိုဘဲ ငွေကျပ် သုံးသိန်းအထိ ချက်ချင်းရယူ အသုံးပြု နိုင်မည်ဖြစ်သည်။ ထို့ပြင် KBZPay မိတ်ဖက်လုပ်ငန်းများအတွက် ရယူနိုင်သော ငွေပမာဏကို ကျပ် ၂၅ သိန်းအထိ တိုးမြှင့်နိုင်မည့် အခွင့်အလမ်းများလည်း ပေးအပ်ထားသည်။
မည်သည့် ကမ္ဘောဇ ဘဏ်ခွဲတွင်မဆို အချိန်အနည်းငယ်ပေးရုံဖြင့် ချေးငွေလျှောက်ထားနိုင်ပြီး အတည်ပြုပြီး လျှောက်ထားသူများမှာ KBZPay မိတ်ဖက်လုပ်ငန်းရှင်သုံး app အတွင်းရှိ လွယ်ကူထုတ်ယူ ချေးငွေလုပ်ဆောင်ချက်ကို အသုံးပြုကာ မိမိလိုအပ်သော ငွေပမာဏကို ထုတ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။
“မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ KBZPay ကိုယ်စားလှယ်နဲ့ ဆိုင်ရှင်ပေါင်း (၂၇၀၀၀၀) ကျော် ရှိတဲ့ အထဲက အများစုက စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့ နေရာမှာ အဆင်ပြေဖို့ အမြန်ရနိုင်တဲ့ ကာလတို ငွေကြေးထောက်ပံ့မှှုတစ်ခု လိုအပ်နေကြပါတယ်။ ဒီလွယ်ကူထုတ်ယူချေးငွေဟာ အရံသင့်ပေးအပ်ထား မှာဖြစ်လို့ ငွေအရင်းအနှီးတစ်ခုအနေနဲ့ လိုအပ်သလို စီမံခန့်ခွဲပြီး အသုံးပြုနိုင်ပါတယ်။ KBZPay ငွေသွင်းငွေထုတ် ဝန်ဆောင်မှှုတွေ များများလုပ်ပေးမယ်ဆိုရင် သူတို့အတွက် ဝန်ဆောင်ခတွေ ပိုပြီးရလာရုံတင်မကဘဲ ပိုများတဲ့ ချေးငွေပမာဏကို ရရှိလာမှာဖြစ်ပါတယ်” ဟု KBZPay ၏ Head of Agent Banking ဖြစ်သူ ဦးစိုးကိုကိုက ပြောသည်။
၂၀၁၉ မေလတွင် လွယ်ကူထုတ်ယူချေးငွေ ဝန်ဆောင်မှှုကို စတင်စမ်းသပ်ခဲ့ရာ KBZpay ကိုယ်စားလှယ်နှင့် ဆိုင်ရှင်ပေါင်း (၂၉၁၇)ဦးမှာ ချေးငွေ ပမာဏ စုစုပေါင်း ၁ ဒသမ ၆၆ ဘီလီယံကျပ် ရယူခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။ KBZPay ကိုယ်စားလှယ်နှင့် ဆိုင်ရှင်များမှာ ငွေသွင်းငွေထုတ် လုပ်ဆောင်ချက်များ ပိုမိုပြုလုပ်ပေးခြင်းဖြင့် အမြတ်ငွေတိုးတက်လာခဲ့သည်။ KBZPay ကိုယ်စားလှယ်နှင့် ဆိုင်ရှင်များမှာ ဖုန်းငွေဖြည့်ခြင်းနှင့် ပြည်တွင်းငွေလွှဲ ၊ ငွေထုတ် စသည့် ဝန်ဆောင်မှှုများ ဆောင်ရွက်ပေးရာတွင် ရရှိသည့် ဝန်ဆောင်ခများဖြင့် အမြတ်ငွေများ တိုးပွားခြင်း ဖြစ်သည်။
လျှောက်ထားမည့်ဘဏ်ခွဲတွင် KBZPay မိတ်ဖက်တစ်ဦး ဖြစ်ကြောင်း အထောက်အထား ပြသရန်နှင့် လျှောက်ထားလိုသည့် ချေးငွေပမာဏကို သိရှိနိုင်ရန် လျှောက်လွှာတစ်ခု ဖြည့်ရန်လိုအပ်ကြောင်း သိရသည်။ ထုတ်ယူနိုင်မည့် ချေးငွေပမာဏကို လျှောက်ထားသူ၏ ယခင်က ပြုလုပ်ခဲ့သည့် KBZPay ငွေသွင်း၊ ငွေထုတ် ဝန်ဆောင်မှု ပမာဏပေါ် မူတည်၍ တွက်ချက်ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ချေးငွေပေးအပ်ရန် စစ်ဆေးအတည်ပြုပြီးပါက ဒစ်ဂျစ်တယ်စနစ်ဖြင့် ချေးငွေထုတ်ယူခွင့် e-credit တစ်နှစ်စာ ရရှိမည်ဖြစ်ပြီး တစ်လချင်း ပြန်လည်ပေးသွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ အတိုးနှုန်းမှာ (၁၃) ရာခိုင်နှုန်းဖြစ်ပြီး ထုတ်ယူလိုက် သည့် e-credit ချေးငွေပမာဏအပေါ်တွင်သာ အတိုးနှုန်း တွက်ချက်သွားမည် ဖြစ်ကြောင်း သိရသည်။ ထုတ်ယူနိုင်မည့် ချေးငွေ ပမာဏသည် KBZPay ကိုယ်စားလှယ်နှင့် ဆိုင်ရှင်များ၏ လစဉ် တိုးတက်လာသည့် ငွေအသွင်း၊ အထုတ် ဝန်ဆောင်မှု အရေအတွက်နှင့် သတ်မှတ်ရက်အတွင်း ချေးငွေ မှန်မှန်ပြန်လည်ပေးသွင်းမှုတို့အပေါ် မူတည်၍ တိုးမြင့်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။