vol 7 , Issue 43
By Myo Sandar / Myanmar Business Today
Myo Sandar
KBZPay, owned by one of the leading local banks, KBZ, is in negotiations with the Central Bank of Myanmar to expand its services in Singapore, Thailand and Malaysia, the most visited countries by Myanmar travelers.
“We are just in the negotiation stage. We still have things to address such as currency exchange,” said U Soe Ko Ko, General Manager (Agent Banking Value Center) of KBZ Pay.
KBZPay is determining payment options for e-commerce and salary for employees to make payments easier for Myanmar citizens.
At present, the mobile banking service KBZPay has a total of 3.5 million users annually and expects to have 5 million users by the end of 2019.
The 3.5 million users have made a total of $1.8 million in transactions in one year, 1.6 million of the users are from Yangon Region, Mandalay Region and Shan State. The rest are from Bago Region, Sagaing Region, Magway Region, Mon State, Rakhine State and Naypyidaw.
KBZ launched the KBZPay mobile application in October 2018 and managed to grow to 1 million users on its platform by January this year.
As of now, KBZPay has a total of 230,000 merchants and works with 90 companies. It can be used for payments related to YCDC bills, MMBus Tickets, Fortune Broadband, BMF Microfinance and iMyanmarHouse.com.
မြန်မာနိုင်ငံမှ ပြည်သူများခရီးသွားလာမှုများသော အာရှနိုင်ငံများဖြစ်သည့် စင်ကာပူ၊ ထိုင်းနှင့် မလေးရှားနိုင်ငံ တို့တွင် KBZ Pay အသုံးပြု၍ ငွေပေးချေခြင်းများလုပ်ဆောင်နိုင်ရန် နိုင်ငံတော်ဗဟိုဘဏ်နှင့် ဆွေးနွေးနေကြောင်း KBZ Pay ၏ General Manager (Agent Banking Value Center ) ဦးစိုးကိုကိုက ပြောသည်။
“ ကျွန်တေ်ာတို့က ဆွေးနွေးနေတဲ့အဆင့်ပဲ ရှိသေးတယ်။ ကြားမှာ ငွေလဲနှှုန်းပြသနာတွေ ရှိတယ် ” ဟု ဦးစိုးကိုကိုက ပြောသည်။
KBZ Pay အက်ပလီကေးရှင်းအသုံးပြု၍ အွန်လိုင်းစီးပွားရေးလုပ်ငန်းများတွင် ငွေပေးချေခြင်းနှင့် ကုမ္ပဏီများနှင့် စက်ရုံဝန်ထမ်းများအတွက် လစာပေးခြင်းများ လုပ်ဆောင်နိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း KBZ Pay ၏ General Manager (Agent Banking Value Center ) ဦးစိုးကိုကိုက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ မိုဘိုင်းငွေကြေးဝန်ဆောင်မှုအက်ပလီကေးရှင်းတစ်ခုဖြစ်သည့် KBZ Pay ကို တစ်နှစ်အတွင်းတွင် အသုံးပြုသူ ၃ ဒသမ ၅ သန်းကျော်ရှိပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် အသုံးပြုသူ ၅ သန်းအထိ ရှိလာရန် မျှော်မှန်းထားကြောင်း KBZ Pay မှ သိရသည်။
ထိုသို့ အသုံးပြုသူ ၃ ဒသမ ၅ သန်းမှ တစ်နှစ်အတွင်း ငွေပေးချေမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော်အထိ လုပ်ဆောင်ခဲ့ပြီး ရန်ကုန်တိုင်း၊ မန္တာလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့မှ အသုံးပြုထားသူ ၁ ဒသမ ၆ သန်းရှိပြီး ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နေပြည်တော်တို့မှ အသုံးပြုသူ ၁ ဒသမ ၉ သန်းရှိသည်ဟု ဆိုသည် ။
KBZ Pay မိုဘိုင်းအပလီကေးရှင်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် အသုံးပြုသူ ၁ သန်းအထိ ရှိလာသည်။
လက်ရှိတွင် ကိုယ်စားလှယ်အရောင်းဆိုင်ပေါင်း နှစ်သိန်းသုံးသောင်းရှိပြီး စည်ပင်သာယာအခများ ပေးဆောင်ခြင်း ၊ MMBusTicket ၊ Fortune Broadband ၊ BMF Microfinance နှင့် iMyanmarHouse.com တို့တွင် KBZ Pay အသုံးပြု၍ ငွေပေးချေနိုင်ပြီး ကုမ္ပဏီအဖွဲ့အစည်း (၉၀) ကျော်ဖြင့်လည်း ငွေပေးချေခြင်းလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။