HomeBusinessKorea-Myanmar Industrial Complex estimated to create 100,000 jobs

Korea-Myanmar Industrial Complex estimated to create 100,000 jobs

Development the Korea-Myanmar Industrial Zone will create around 100,000 jobs, U Han Zaw, Union Minister of the Ministry of Construction said during the first meeting of the Coordination Committee for Development of Korea-Myanmar Industrial Complex. 

“KMIC project will create around 100,000 jobs supporting the economic development of the Yangon Region,” he said. 

Korea-Myanmar Industrial Complex (KMIC), located in Hlegu, will be jointly developed by the Urban and Housing Development under the Ministry of Construction, and Korea’s Land and Housing Corporation. 

The design for the government-to-government collaboration complex, which will become an industrial zone equipped with international standard infrastructure, is now complete, and the tender and construction process will begin in December this year. 

“Roads, water supply and electricity, key infrastructures required for KMIC, will reach outside of the industrial zone,” U Han Zaw said. 

The Korea-Myanmar Industrial Complex (KMIC) will be implemented in two phases on 558 acres of Nyaung Hna Pin Training School in Hlegu Township, Yangon Region, using $100 million capital. 

Written by Ko Myo


ကိုရီးယား- မြန်မာ စက်မှုဇုန် ထူထောင်ရေး စီမံကိန်းကြောင့် အလုပ်အကိုင်တစ်သိန်းခန့် ဖန်တီးနိုင်မည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။ 

ဒေသအတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နိုင်ငံတ ကာအဆင့်မီ စက်မှုမြို့တစ်ခုဖြစ်လာစေရေးအ တွက်ရင်းနှီးမြှုပ်နှံသူများ၏လုပ်ငန်းများချောမွေ့စွာ လည်ပတ်စေနိုင်ရန်နှင့် ကောင်းမွန်သော အခြေခံ အဆောက်အအုံ ပြည့်စုံသော Facilitation Service ဝန်ဆောင်မှုများဖြင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရန် Korea – Myanmar Industrial Complex (KMIC) ကိုရီးယား- မြန်မာစက်မှုဇုန် ထူထောင် ရေး ဦးဆောင်ညှိနှိုင်းမှုကော်မတီ (ပထမအကြိမ်) အစည်းအဝေးကို ကျင်းပစဉ် ပြောကြားခဲ့ခြင်းဖြစ် သည်။ 

“KMIC စက်မှုဇုန်စီမံကိန်းမှ အလုပ်အကိုင်ပေါင်း တစ်သိန်းခန့်ကို ဖန်တီးပေးနိုင်မည် ဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်များစွာ အထောက်အကူဖြစ် မည်ဟု ယုံကြည်ပါတယ်။”ဟု ပြည်ထောင်စု ဝန်ကြီးက ပြောသည်။ 

Korea – Myanmar Industrial Complex (KMIC) စက်မှုဇုန်စီမံကိန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံအစိုးရ အဖွဲ့အစည်းဖြစ်သည့်   Land   and Housing Corporation တို့ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်သည်။

KMIC  စက်မှုဇုန်စီမံကိန်းသည်  မြန်မာ-ကိုရီးယားနှစ်နိုင်ငံအစိုးရအချင်းချင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖြစ် အကောင် အထည် ဖော် ဆောင်ရွက်သည့် နိုင်ငံတကာအဆင့်မီ အခြေခံ အဆောက် အအုံများ ပြည့်စုံသည့် စက်မှုဇုန်စီမံကိန်း တစ်ခုဖြစ်ပြီး လက်ရှိတွင်စက်မှု ဇုန်စီမံကိန်းအတွက်အသေးစိတ်ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းများ ပြီးစီး၍ တင်ဒါခေါ်ယူခြင်းနှင့် တည် ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ မှ စတင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

“KMIC စက်မှုဇုန်စီမံကိန်းအတွက် လိုအပ်မည့် အခြေခံအဆောက် အအုံများဖြစ်သည့် လမ်း၊ ရေပေးဝေရေးနှင့် လျှပ်စစ်ဓါတ်အားပေးရေးတို့ကို စက်မှုဇုန်ဝန်း ပြင်ပသို့ အရောက်တည်ဆောက် ပေးရန် အစီအစဉ်များ ပါရှိပါတယ်”ဟု ဦးဟန်ဇော် က ဆက်ပြောသည်။ 

Korea – Myanmar Industrial Complex (KMIC) စက်မှုဇုန်စီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် သင်တန်းကျောင်း မြေဧရိယာ(၅၅၈)ဧကပေါ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရင်းနှီးမြှုပ် နှံကာ အပိုင်းနှစ်ပိုင်းခွဲ၍ တည်ဆောက်သွားမည် ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img