HomeBusinessLocalKorea’s Posco and U.S. Firm McDermott Sign Deal for Gas Project

Korea’s Posco and U.S. Firm McDermott Sign Deal for Gas Project

Zin Thu Tun/Myanmar Business Today

South Korea’s Posco International Corp. recently signed a front-end engineering design (FEED) contract with U.S. energy firm McDermott for the third-stage project of the Shwe gas field development.

The agreement covers increasing production at Shwe and Shwe Phyu gas fields in A-1 block and Mya field in the offshore A-3 block as well as designs connecting these projects.

McDermott has collaborated with Hyundai Heavy Industries to develop an offshore gas platform and designs to connect the existing Shwe project.

Posco, formerly known as Daewoo International, started gas exploration and production off the shore of Rakhine State in 2013. The Shwe project is expected to start commercial operation in 2021, with the Shwe Phyu project to follow in 2022. Posco will then start producing, liquefying and delivering gas.

In May 2018, Posco announced an additional investment of $500 million for gas exploration and production in Myanmar.

At present, Australia’s Woodside, Korea’s Posco, Thailand’s PTTEP and companies from China are conducting gas exploration and extraction off the shore of Myanmar.

In the 2019 fiscal year, Myanmar earned over $3 billion from gas exports, a $100 million increase from the previous year, according to Ministry of Commerce data.

ရခိုင်ကမ်းလွန်တွင်ရှိသော စီမံကိန်း(၃)ခုအတွက် သဘာဝဓါတ်ငွေ့ထုတ်လုပ်နိုင်ရေးအတွက် လုပ်ကိုင်ခွင့်ရရှိထားသော ကိုရီးယား Poscoကုမ္ပဏီနှင့် အမေရိကန်စွမ်းအင်ကုမ္ပဏီ Mc Dermott တို့ နိုဝင်ဘာ(၁၀)ရက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

သဘောတူလက်မှတ်ရေးထိုးမှု၌ ရခိုင်ကမ်းလွန်လုပ်ကွက် A-1ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ ရွှေဖြူစီမံကိန်း၊ A-3လုပ်ကွက်တွင်ရှိသော မြသဘာဝဓါတ်ငွေ့စီမံကိန်းများအတွက် တိုးမြှင့်ထုတ်လုပ်ခြင်း  အပါအ၀င် အဆိုပါစီမံကိန်းများ၏ ချိတ်ဆက်နိုင်မည့် ဒီဇိုင်းများဆောင်ရွက်ခြင်းများ ပါဝင်သည်။

ယင်းကဲ့သို့ လုပ်ဆောင်ရာ၌ Mc Dermott သည် Hyundai Heavy ကုမ္ပဏီနှင့် ပူးပေါင်း၍ ကမ်းလွန် ရေနံစင်ပုံစံများ၊ လက်ရှိရွှေစီမံကိန်းနှင့် ချိတ်ဆက်မည့်ဒီဇိုင်းများကို ဆောင်ရွက်ပေးရမည်ဟု Posco ကဆို သည်။

Posco သည် Daewoo Internationalအဖြစ် ရခိုင်ကမ်းလွန်၌ ၂၀၀၀ခုနှစ်၌ သဘာဝဓါတ်ငွေ့စူးစမ်း ရှာဖွေခြင်းကို စတင်ခဲ့ပြီးနောက် ၂၀၁၃ခုနှစ် သဘာဝဓါတ်ငွေ့ကိုစတင်ထုတ်လုပ်နိုင်ခဲ့သည်။

ယခုသဘောတူစာချုပ်တွင် ထပ်မံတိုးချဲ့ဆောင်ရွက်မည့် ရွှေစီမံကိန်းသည် ၂၀၂၁ခုနှစ်တွင် စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားပြီး ရွှေဖြူစီမံကိန်းကို ၂၀၂၂ခုနှစ်၌ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်။

အဆိုပါစီမံကိန်း(၃)ခု၏ လုပ်ဆောင်ချက်ပြီးမြောက်ပါက သဘာဝဓါတ်ငွေ့ထုတ်လုပ်ခြင်း၊ အရည် ပြုလုပ်ခြင်းနှင့် ပို့ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း Posco ကဆိုသည်။

Posco သည် ပြီးခဲ့သည့်၂၀၁၈ခုနှစ်မေလတွင် မြန်မာနိုင်ငံ၌ သဘာဝဓါတ်ငွေ့ရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင်ရန် ကန်ဒေါ်လာသန်း(၅၀၀)ခန့် ထပ်မံရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

လက်ရှိတွင် သြစတေးလျ Woodside ကုမ္ပဏီ၊ ကိုရီးယား Posco Daewoo ကုမ္ပဏီ၊ ထိုင်း PTTEP ကုမ္ပဏီအပြင် တရုတ်ကုမ္ပဏီများက မြန်မာ့ကမ်းလွန်၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေလုပ်ကိုင်နေသည်။

ယမန်နှစ်ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် သဘာဝဓာတ်ငွေ့တင်ပို့မှု ကန်ဒေါ်လာ သုံးဘီလီယံကျော်ဖိုးရှိခဲ့ပြီး ယင်းထက်စောသည့်ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ပိုမိုကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစာရင်းများအရ သိရသည်။

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img