HomeBusinessKorea’s POSCO in talks to make $900 million investment

Korea’s POSCO in talks to make $900 million investment

South Korea-based POSCO Group is in talks to make two investments, which total around $900 million, in Myanmar, according to Myanmar Embassy in Seoul.

U Thant Sin, Myanmar Ambassador to the Korea Republic, on January 11 met Mr. Kyoung-Ho “Michael” Park, General Manager of Energy & Infrastructure Group (Power & Infrastructure Business Division) under POSCO International, who is assigned to work in Myanmar and will come to Myanmar soon.

In the meeting, they discussed POSCO International’s two new investment projects: $500 million worth LNG Power Plant project and $400 million worth LNG Receiving Terminal project.

Moreover, they also discussed the company’s ongoing operations in Myanmar including power projects, hotel businesses, and rice production and export businesses.

POSCO Group has a global footprint in the industries such as power production, hotels, and trade including the exportation of high-quality steel products. In Myanmar, the group has made investments in LNG production projects, hotels, rice production, and color steel tile production.

Written by Ko Myo


ကိုရီးယားအခြေစိုက် POSCO Group သည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၉၀၀ ခန့်ရှိသော  စီမံကိန်းအသစ် နှစ်ခု ဆောင်ရွက်ရန် အတွက် ဆွေးနွေးနေကြောင်း ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရသည်။

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးသန့်စင်သည် မြန်မာနိုင်ငံသို့ မကြာမီ သွားရောက်တာဝန် ထမ်းဆောင်မည့် ကိုရီးယား သမ္မတနိုင်ငံအခြေစိုက် POSCO International မှ Energy & Infrastructure Group (Power & Infrastructure Business Division/ Infrastructure & Plant Department) ၏   General Manager ဖြစ်သူ  Mr. Kyoung-Ho “Michael” Park နှင့် ဇန်နဝါရီလ ၁၁ ရက်က တွေ့ဆုံစဉ်ထည့်သွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

POSCO International ၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း အသစ်များ ဖြစ်သော အမေရိကန်ဒေါ်လာ (၅၀၀) သန်းတန်ဖိုးရှိPowerPlantစီမံကိန်းနှင့်အမေရိကန် ဒေါ်လာ (၄၀၀) သန်း တန်ဖိုးရှိ LNG Receiving Terminal စီမံကိန်း စသည့်တို့အား ဆက်လက် အကောင်အထည်ဖော်ရေးအတွက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

POSCO International ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက် ရှိသော သဘာဝ ဓါတ်ငွေ့ ဆိုင်ရာ စွမ်းအင်လုပ်ငန်းများ၊ ဟိုတယ် လုပ်ငန်း များနှင့် ဆန်စပါး ထုတ်လုပ်တင်ပို့ရောင်းချရေး လုပ်ငန်းများ၏ အခြေအနေများကိုလည်း ဆက်လက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် POSCO Group သည် အဆင့်မြင့် သံမဏိစတီး ထုတ်ကုန် ပစ္စည်းများအား ကမ္ဘာ့နိုင်ငံ အရပ်ရပ်သို့ တင်ပို့ခြင်းအပါအဝင် နိုင်ငံတကာ ကုန်သွယ်မှု လုပ်ငန်းများ၊ စွမ်းအင်ဆိုင်ရာ လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများကို ကမ္ဘာ့နိုင်ငံ အနှံ့အပြား တွင် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် သဘာဝဓါတ်ငွေ့ လုပ်ငန်းများ (ရွှေ နှင့် မဟာ ဓါတ်ငွေ့သိုက်)၊ ဟိုတယ်လုပ်ငန်းများ၊ ဆန်စပါး ထုတ်လုပ် တင်ပို့ရောင်းချရေးလုပ်ငန်းများ နှင့် အဆင့်မြင့်နည်းပညာသုံး ကာလာစတီး အမိုးပြား များ ထုတ်လုပ်ခြင်းလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံ ထားသည်။

 

If you have erectile dysfunction, you may be interested in herbal supplements such as L-arginine. vgrmalaysia Learn the facts about this supplement.

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img