The Yangon Regional Government is planning to upgrade Kyimyindaing railway station, which serves as the juncture of inland road, railway and waterway.
“The Yangon Region Transport Authority has reformed mass transportation into the YBS bus system. Now we are focusing on developing and upgrading road junctures. We will also improve waterway transportation to make it better than it is now,” said Yangon Chief Minister U Phyo Min Thein.
He pointed out that the undertaking will be effective and successful only with cooperation between local and regional government agencies.
Yangon Water Bus, launched in October 2017 by tender winner Thit Thit Myanmar Company, can only provide public transportation services in the Hlaing River but not along Pazundaung Creek and Nga Moe Yeik Creek or between Thanlyin and Dagon Seikkan.
With nine vessels in service, the company provides transportation services at the fare of K300 per ride on four routes: From Insein jetty to Botahtaung jetty, from Kyanmaryay jetty to Botahtaung jetty, from Botahtaung jetty to Antgyi jetty and from Pansodan jetty to Antgyi jetty.
It also offers pilgrimage tours with stops at Kyaik Hmaw Won Yayle Pagoda, Kyauktan Market, Shwesandaw Pagoda, a pottery making site and weaving businesses, and organizes sunset-watching trips that take passengers out to the sea on Fridays, Saturdays, Sundays and other holidays.
The company is planning to launch a new route along Pazundaung creek with stops at North Dagon jetty, South Okkalapa jetty, Thuwanna jetty, Pazundaung jetty-2, Thaketa jetty-2, Dawbon jetty and Nyaungden jetty.
To address the heavy traffic in Yangon, experts have pointed out, the regional government should increase the frequency of the circular rail and water bus services rather than add more bus lines.
Myanmar Summary
ကားလမ်း ရထားလမ်းနှင့် ရေကြောင်းလမ်းတို့ဆုံရာ ကြည့်မြင်တိုင်ဘူတာရုံကို အဆင့်မြှင့်တင် ဆောင်ရွက်မည်
ကားလမ်း၊ ရထားလမ်းနှင့် ရေကြောင်းလမ်းတို့ ဆုံရာနေရာတစ်ခုဖြစ်သည့် ရန်ကုန် ကြည့်မြင်တိုင် ဘူတာရုံကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆင့်မြှင်တင်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
“ YRTA အနေနဲ့ မ.ထ.သ စနစ်ကနေ YBS ဘတ်စ်ကားစနစ်ကို ပြောင်းလဲခဲ့ပါတယ်။ အဲဒီလိုပဲ အခု ရထား၊ ကားလမ်းနဲ့ ရေကြောင်းရှိတဲ့ နေရာတွေကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ ပြင်ဆင်ဆောင်ရွက် နေပါတယ်။ ဒါ့အပြင် ရေကြောင်း သယ်ယူပို့ဆောင်ရေး စနစ်ကိုလည်း အခုထက်ပိုပြီး သွားလာနိုင်အောင် ဆောင်ရွက်သွားမှာပါ ” ဟု ၎င်းက ပြောသည်။
ရေကြောင်းဖြင့် ပိုမိုသယ်ယူပို့ဆောင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အပြင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အသီးသီးတို့မှ ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
လက်ရှိတွင် ရေကြောင်း သယ်ယူပို့ဆောင်ရေးဖြစ်သည့် Yangon Water Bus သည် လှိုင်မြစ်တွင်သာ ပြေးဆွဲနိုင်ပြီး ပုဇွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်း၊ သန်လျင်နှင့် ဒဂုံဆိပ်ကမ်းသို့ ပြေးဆွဲနိုင်ခြင်း မသေးကြောင်း သိရသည်။
ရေကြောင်း သယ်ယူပို့ဆောင်ရေးစနစ်ဖြင့် ပြေးဆွဲနိုင်ရန် တင်ဒါခေါ်ယူခဲ့ရာ ပြည်တွင်းကုမ္ပဏီဖြစ်သည့် တင့်တင့်မြန်မာ ကုမ္ပဏီမှာ တင်ဒါအောင်မြင်ခဲ့ပြီး Yangon Water Bus ရေကြောင်း သယ်ယူပို့ဆောင်ရေးကို ၂၀၁၇ခုနှစ် အောက်တိုဘာလတွင် စတင်ပြေးဆွဲခဲ့သည်။
တင့်တင့်မြန်မာကုမ္ပဏီအနေဖြင့် လက်ရှိတွင် ယာဉ်အစီးရေ ၉ စီးဖြင့် အင်းစိန်ဆိပ်ကမ်း-ဗိုလ်တထောင်ဆိပ်ကမ်း၊ ကျန်းမာရေးဝန်ထမ်းဆိပ်ကမ်းမှ ဗိုလ်တထောင်ဆိပ်ကမ်း၊ ဗိုလ်တထောင်ဆိပ်ကမ်းမှ အံ့ကြီးဆိပ်ကမ်း၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ အံ့ကြီးဆိပ်ကမ်းသို့ ပုံသေ ယာဉ်စီးခ ၃၀၀ကျပ်ဖြင့် ပြေးဆွဲလျက်ရှိသည်။
ဘုရားဖူးအထူးခရီးစဉ်များအဖြစ် ကျိုက်မှော်ဝန်းရေလည်စေတီတော်၊ ကျောက်တန်းမြို့ဈေး၊ တွံ့တေးမြို့ သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး၊ အိုးဖုတ်လုပ်ငန်း၊ ရက်ကန်းယက်လုပ်ငန်းများ လေ့လာရန်အတွက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် Sunset ခရီးစဉ်ကို သောကြာ၊ စနေ ၊ တနင်္ဂနွေ နှင့် အခြားရုံးပိတ်ရက်များတွင် ဗိုလ်တထောင်ဆိပ်ကမ်းမှ ပင်လယ်ဝအထိ ပြေးဆွဲပေးကြောင်း သိရသည်။ လမ်းကြောင်းအသစ်အနေဖြင့် ပုဇွန်တောင်ချောင်းအတွင်းပြေးဆွဲနိုင်ရန် စီစဉ်နေပြီး ပြေးဆွဲရန် လျာထားသည့်ဆိပ်ကမ်းများမှာ မြောက်ဒဂုံဆိပ်ကမ်း(မြောက်ဒဂုံနာရေးကူညီမှုအသင်းအနီး)၊ တောင်ဥက္ကလာဆိပ်ကမ်း(တောင်ဥက္ကလာပ ဘုရားအနီး) ၊ သုဝဏ္ဏဆိပ်ကမ်း(သုဝဏ္ဏ ဘုရားအနီး) ၊ ပုဇွန်တောင်(၂)ဆိပ်ကမ်း(ကြက်ဘဲဈေးအနီး)၊ သာကေတ(၂) ဆိပ်ကမ်း(ရွှေပုဇွန်မုန့်တိုက်အနီး) ၊ ဒေါပုံဆိပ်ကမ်း (ဗိုလ်လရောင်လမ်း ထိပ်အနီး) ညောင်တန်းဆိပ်ကမ်း(ပုဇွန်တောင်)တို့ဖြစ်သည်။
ရထားနှင့် ကားများကို ချိတ်ဆက်အသုံးပြုကာ သွားလာနိုင်ရန်လည်း လက်ရှိတွင် ရန်ကုန်မြို့အတွင်းရှိ ဘူတာရုံများကို အဆင့်မြှင့်တင်မှုများကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှှု ပြဿနာကိုဖြေရှင်းရာတွင် ဘတ်စ်ကားလိုင်းများတိုးချဲ့ပြေးဆွဲခြင်းထက် မြို့ပတ်ရထားနှင့် ရေယာဉ်ပြေးဆွဲမှှုများကို အဆင့်မြှင့်တင်ခြင်းကပိုမို အထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။