The Lagonpyin water supply project, implemented using JICA official development assistance loans and expected to be completed in 2022, will provide water to 23 quarters in Dagon East Township, according to Yangon Mayor U Maung Maung Soe’s recent remarks to the Regional Parliament.
“This project is to increase the city’s ability to provide water supply to its residents. At present, we are only able to provide water to four townships in Dagon Myothit East,” he said.
Upon completion, the project will supply water to quarters around Dagon Myothit East and industrial zone. Tender winner Authentic ZMEG JV is currently building water pipelines.
Yangon supplies water to residents from reservoirs including Hlawgar, Phuugyi, Ngamore Yeik and Gyo Phyu. Aiming to increase water supply to 90 percent of city residents by 2025, the Yangon City Development Committee is implementing a number of projects besides Lagonpyin.
The Kokko Myitwa River water treatment and supply project will supply water to 16 townships in Yangon starting in 2025.
At present Yangon, a city of over 5.2 million people, provides over 200 million gallons of water per day to its residents.
Myanmar Summary
JICA မှ ODA ချေးငွေဖြင့် ဆောင်ရွက်နေသည့် လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းမှာ ၂၀၂၂ ခုနှစ်တွင် စီမံကိန်းပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်းမှ ရေဂါလံ ၇သန်း နေ့စဉ်ထွက်ရှိမည်ဖြစ်ပြီး ယင်းပမာဏကို ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ရပ်ကွက် ၂၃ ခုထံ စတင်ပေးဝေသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
“ ဒီစီမံကိန်းက ရန်ကုန်မြို့တော် ရေပေးဝေရေး တိုးမြှင့်ဖြန့်ဖြူးမယ့် စီမံကိန်းဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဒဂုံမြို့သစ် အရှေ့ပိုင်းက မြို့နယ် ၄ခုကိုဘဲ ရေဖြန့်ဖြူးပေးဝေနေပါတယ် ” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
စီမံကိန်း ပြီးစီးပါက ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နှင့် စက်မှုဇုန်အနီးရှိ ရပ်ကွက်များကိုပါ ရေးပေးဝေနိုင်မည်ဖြစ်ပြီး စီမံကိန်း ပြီးစီးပါက ဒဂုံမြို့သစ်လေးမြို့နယ်သို့ ရေပေးဝေနိုင်ရန် တင်ဒါအောင်မြင်ထားသည့် Authentic ZMEG JVမှာ ပိုက်လိုင်းကွန်ယက် ဆက်သွယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင် နေထိုင်သူများအတွက် ရေပေးဝေမှုကို ရေလှောင်ကန်များဖြစ်သည့် လှော်ကား၊ ဖူးကြီး၊ ငမိုးရိပ်၊ ဂျိုးဖြူရေလှောင်ကန်များ မှတစ်ဆင့် ရေပေးဝေနေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်တွင် နေထိုင်သူ လူဦးရေ၏ ၉၀ ရာခိုင်နှှုန်းအထိ တိုးမြှင့်ဖြန့်ဝေပေးနိုင်ရန် ရေပေးဝေရေး စီမံကိန်းများကို တိုးချဲ့ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ထန်းတပင်မြို့နယ်ရှိ ကုက္ကို၀ မြစ်ရေသန့် ရေပေးဝေရေးစီမံကိန်းကို လက်ရှိဘဏ္ဍာနှစ်တွင် စတင်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်ပြီးစီးမည်ဖြစ်သည်။ စီမံကိန်းပြီးစီးပါက ရန်ကုန်ရှိမြို့နယ် ၁၆ ခုသို့ ပိုမိုဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ လူဦးရေ ၅ ဒသမ ၂ သန်းကျော် နေထိုင်လျက်ရှိပြီး ၎င်းတို့အတွက် တစ်ရက်လျှင် ရေဂါလံသန်း ၂၀၀ ကျော် ကို နေ့စဉ် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။