The Union Tax Law of 2019 lowered taxation on unassessed income. Then the government announced that car owners need to register their cars and pay taxes to obtain legal ownership of their vehicles.
In the three months since October 1, some 10,000 car owners have visited the Department of Road Transport Administration to do just that. The previous year, the department registered an average of only 200 cars per month.
Urging car owners to re-register their cars, an official from the department said the tax rate for unassessed income will not remain the same this coming year.
“We have negotiated with the Internal Revenue Department to allow car owners who have trouble providing household certificate. But they will have to provide recommendation letter of residency from the administrator of their township, quarter or village. If the owner is a government employee, the department’s formal letter will work,” said department chief U Lian Kyint Mhan.
The push to have car owners obtain legal ownership of their vehicles is aimed at strengthening the rule of law and security and ensuring readiness for the coming Radio Frequency Identification system.
Unclear ownership resulting from informal resale of used cars has contributed to difficulties and delays in solving vehicle crimes and accidents.
Myanmar Summary
၂၀၁၉ ခုနှစ်အတွင်းထွက်ရှိလာသည့် ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ ဝင်ငွေခွန်မှ လွတ်ကင်း နေသောအခွန်(စည်းကြပ်ဝင်ငွေခွန်)နှုန်းထားများကို လျှော့ချလိုက်သည်။ ထို့နောက်တွင် အစိုးရက ယင်းအခွန်ကို သတ်မှတ်ထားသည့်နှုန်းထားအတိုင်းပေးဆောင်ကာ မော်တော်ယာဉ်ပိုင်ဆိုင်မှှု အမည်များကို ပြောင်းလဲမှသာ သက်တမ်းတိုးခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။
အစိုးရ၏အခွန်ဆိုင်ရာနှုန်းထားပြောင်းလဲချက်နှင့် ပိုင်ရှင်အမည်ပေါက် ပြောင်းလဲရန်သတိပေးထား ချက်ကြောင့် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှှုဦးစီးဌာနရုံး(ကညန)တွင် လက်ရှိဘဏ္ဍာနှစ် အစောပိုင်း သုံးလတာအတွင်း ပိုင်ရှင်အမည်ပေါက်ပြောင်းလဲသည့် ယာဉ်အစီးရေ တစ်သောင်းနီးပါးထိ ရှိလာကြောင်း သိရသည်။ ယခင်ဘဏ္ဍာရေးနှစ်များတွင် တစ်လလျှင် ယာဉ်အစီးရေ ၂၀၀ ခန့်သာ လာရောက်မှတ်ပုံတင်ခဲ့ရာမှ ယခုအခါ ပိုမိုလာခြင်းဖြစ်သည်။
လာမည့်ဘဏ္ဍာနှစ်အခွန်နှုန်းထားသည် ယခုနှစ်အတိုင်းထပ်မံသတ်မှတ်မည်မှာ မသေချာသဖြင့် လျှော့ချထားသည့်အခွန်နှုန်းထားအတိုင်း ပိုင်ရှင်အမည်ပေါက်ပြောင်းလဲနိုင်ရန် လက်ရှိဘဏ္ဍာနှစ်တွင်ပင် ဆောင်ရွက်ကြရန် ကညနရုံးမှ တာဝန်ရှိသူတစ်ဦးကတိုက်တွန်းထားသည်။
“ မပြောင်းလဲရသေးတဲ့ သူတွေအတွက် သူတို့အနေနဲ့ နေထိုင်တဲ့နေရာမှာ သန်းခေါင်စာရင်း အခက်အခဲရှိတာကို သူတို့လက်ရှိနေထိုင်တဲ့ မြို့နယ် ၊ ရပ်ကွက် ၊ ကျေးရွာရဲ့ ထောက်ခံစာတွေ ရရှိရင် ပြုလုပ်ပေးမယ်လို့ အခွန်ဦးစီးဌာနနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်ပေးထားတယ်။ ဒါ့ပြင် ဝန်ထမ်းတွေ အနေနဲ့ လည်း သက်ဆိုင်ရာဌာနရဲ့ ထောက်ခံချက်နဲ့ လည်းဆောင်ရွက်ပေးမယ်” ဟု တိုင်းဦးစီးမှူးဦးလျန်ကျင့်မန်ကဆိုသည်။
မော်တော်ယာဉ်ပိုင်ရှင် အမည်ပေါက် နှင့် နေရပ်လိပ်စာ ပိုင်ရှင်အမှန် ပြောင်းလဲမှှုများ ဆောင်ရွက်ရခြင်းမှာ နိုင်ငံတော်လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေး နှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ မှတ်ပုံတင်ရေး ဆောင်ရွက်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ကျင့်သုံးဆောင်ရွက်လာမည့် (Radio Frequency Identification) (RFID) စနစ်နှင့် အဆင်ပြေချောမွေ့စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက်ဖြစ်ကြောင်း သိရသည်။ ပိုင်ရှင် ၊ အမည် ၊ နေရပ်လိပ်စာ ၊ တိကျမှန်ကန်မှှု မရှိခြင်းများကြောင့် အမှှုအခင်းများဖြစ်ပွားသည့် အခါတွင် ပိုင်ရှင်အဆင့်ဆင့်ကို စုံစမ်းနေရသည့်အတွက် ကြန့်ကြာမှှုများ ၊ အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခြင်းများ စသည့် အခြေအနေများရှိနေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူး ဦးစီးဌာနမှ သိရသည်။