HomeBusinessLive Cattle Exports Estimated to Reach 1 Million This Year

Live Cattle Exports Estimated to Reach 1 Million This Year

U Aung Htoo, Deputy Minister of the Ministry of Commence, said that live cattle exports would hit 1 million this year compared to last year’s export volume of 500,000 cattle.

Exporters are preparing to resume live cattle export, which was interrupted by the COVID-19 pandemic, U Thaung Khaing, President of the Association of Sagaing Cattle Growers and Exporters Association, told Myanmar Business Today.

“There are a lot of companies and traders in Sagaing Region. The price is quite good,” he added.

Myanmar exports live cattle mainly to China and Thailand as well.

The country lifted the ban on live cattle export in October 2017 and has earned over $550 million from exporting 600,000 live cattle as of September 2019.

It has exported nearly 500,000 live cattle this year, which is a significant increase from the previous years. However, farmers are also concerned that the increased volume of live cattle export might have an impact on the agricultural inputs as the country’s agricultural sector still heavily depends on cattle.

Written by Tayzer Bhone Myint/ Translated by Min


ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ကျွဲနွားအရှင် စုစုပေါင်း အကောင်ရေ တစ်သန်းခန့် တင်ပို့နိုင်မည့် အနေအထားရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

ကျွဲနွားကောင်ရေတင်ပို့မှုမှာ နှစ်စဉ်တိုးတက်လျက်ရှိပြီး ပြီးခဲ့သောနှစ်က အကောင်ရေငါးသိန်းခန့် တင်ပို့နိုင်ခဲ့ကြောင်းလည်း ဒုတိယဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံတွင် COVID-19ကြောင့် ကျွဲနွားတင်ပို့မှုများ ရပ်တန့်ခဲ့ရာမှ ယခုအခါ ပြန်လည်တင်ပို့ရန် ပြင်ဆင်လျက်ရှိကြောင်း စစ်ကိုင်းတိုင်း ကျွဲနွားမွေးမြူတင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးသောင်းခိုင် က Myanmar Business Today ကိုပြောသည်။

“စစ်ကိုင်းမှာက ကုမ္ပဏီလည်းပေါတယ်၊ ကုန်သည်လည်းပေါတယ်။ အခုစျေးတွေလည်း ကောင်းတယ်။ တစ်နှစ်တစ်နှစ် ထောင်ချီမယ် ပို့တာ” ဟု ဦးသောင်းခိုင်ကဆိုသည်။

မြန်မာနိုင်ငံတွင်ကျွဲနွားတင်ပို့မှုတွင် မှောင်ခိုတင်ပို့မှုများလည်းရှိနေကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ကျွဲနွားအရှင်တင်ပို့မှုကို ၂၀၁၇ခုနှစ် အောက်တိုဘာလတွင် စတင်ခွင့်ပြုခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ကျွဲနွား အကောင်ရေ ၆ သိန်းနီးပါးအား ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကျော် ရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျွဲကောင်ရေ ၂၂၀၀၀ ကျော် နှင့် နွားအကောင်ရေ နှစ်သိန်းနီးပါးတင်ပို့နိုင်ခဲ့ကြောင်းလည်း သိရသည်။  မြန်မာနိုင်ငံ လက်ရှိ ကျွဲနွားသန်းခေါင်စာရင်းအရ နွားကောင်ရေ ကိုးသန်းခွဲကျော်နှင့် ကျွဲကောင်ရေ ၁၈ဒသမ၆ သန်းကျော် ရှိသည်။

၂၀၁၉ ခုနှစ်တွင်ကျွဲနွားအကောင်ရေ ၅ သိန်းနီးပါး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ပြီး ယခုနှစ်အတွင်း COVID-19 ကြောင့် ကျွဲနွားတင်ပို့မှုများ ရပ်တန့်ခဲ့သည့်အတွက် ကျွဲနွားမွေးမြူသူများ နှင့် ကုန်သည်များ ထိခိုက်နစ်နာ မှုများရှိနေ ကြောင်းသိရသည်။ မြန်မာနိုင်ငံမှကျွဲ နွားများကို  တရုတ်နိုင်ငံမှ အဓိကဝယ်ယူလျက်ရှိပြီး ထိုင်းနိုင်ငံမှလည်း ဝယ်ယူလျက်ရှိသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img