HomeInvestment & Financeအစိုးရက ထုတ်ချေးသည့် ကျပ် (၁၀၀) ဘီလီယံ ချေးငွေကို ဧပြီ ၉ ရက်အထိ လျှောက်ထားနိုင်

အစိုးရက ထုတ်ချေးသည့် ကျပ် (၁၀၀) ဘီလီယံ ချေးငွေကို ဧပြီ ၉ ရက်အထိ လျှောက်ထားနိုင်

Covid-19 ၏ သက်ရောက်မှုကြောင့် ထိခိုက်နစ်နာမှုရှိသည့် စီးပွားရေးလုပ်ငန်းများကို အစိုးရမှ ကျပ် ဘီလီယံ (၁၀၀) ထုတ်ချေးပေးမည်ဖြစ်ပြီး အဆိုပါ ချေးငွေထုတ်ချေးခြင်းကို ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဆောင်သွားမည်ဖြစ်ပြီး ချေးငွေလျှောက်ထားခြင်းကို ဧပြီ ၉ ရက်အထိ နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

ယင်းသို့ ချေးငွေလျှောက်ထားရာတွင် Covid-19 ၏ အကျိုးသက်ရောက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများကို ထုတ်ချေးမည်ဖြစ်ပြီး အတိုးနှုန်းမှာ ၁ ရာခိုင်နှုန်းသတ်မှတ်ထားကာ ချေးငွေသတ်တမ်းမှာ တစ်နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ဧပြီ ၁ ရက်တွင် အဆိုပါချေးငွေလျှောက်ထားသူ စုစုပေါင်း (၅၀) ခန့်ရှိပြီး စုံစမ်းမေးမြန်းသူ (၁၅၄) ဦးရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

အဆိုပါ ချေးငွေကို အွန်လိုင်းဖြင့်လည်း လျှောက်ထားနိုင်ပြီး အွန်လိုင်းမှ ချေးငွေလျှောက်ထားခြင်းကို ဧပြီ ၂ ရက်မှ စတင်လျှောက်ထားနိုင်ကြောင်း သိရသည်။

ယင်းချေးငွေကို CMP လုပ်ငန်းများ၊ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊အထည်ချုပ်လုပ်ငန်းများနှင့် SME လုပ်ငန်းများကို ထုတ်ချေးပေးသွားမည်ဖြစ်သည်။

ချေးငွေ ချေးယူလိုပါက https://umfccicovid19loan.mitcloud.com သို့ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img