Local Architects to Visit Expo in Bangkok

0
614

by Myo Sandar

Myanmar architects and developers will visit Architect Exposition, billed as the largest building technology expo in ASEAN and jointly organized by the Association of Siamese Architects (ASA) and N.C.C. Exhibition Organizer.
Titled ‘Architect ’20, “Refocus Heritage”’, the expo takes the theme of architectural heritage and its conservation. It is slated to take place April 28-May 3 at Challenger Halls 1-3, IMPACT Exhibition Center, just outside Bangkok.
“They are inviting local scholars as they know that architecture here will develop a lot more seeing the potential along with economic development,” U Myo Thant, general secretary of UMFCCI, said at a press conference for the event.
In line with economic development, demand for condominiums in Yangon and Mandalay will increase, with $120 billion in foreign investment expected by 2030, said Architect ’20 committee chairperson Dr. Vasu Poshyanandana.
Exhibitions held during the six-day event will include 2020 ASA Award Exhibition showcasing the works of ASA Award recipients; Art and Architectural Conservation Award Exhibition, whose criteria this year have been developed to align with the UNESCO Asia-Pacific Awards; and Heritage in Danger Exhibition.
Design and construction industry professionals will be on hand to offer advice.
Covering 75,000 square meters, the expo will feature 850 companies from Europe, United States, Australia, Russia, South Korea, Taiwan, Hong Kong, Japan, India, China and ASEAN countries.


အာဆီယံ၏ အကြီးဆုံးဆောက်လုပ်ရေးနည်းပညာပြပွဲကို ပြည်တွင်းဗိသုကာနှင့် ဆောက်လုပ်ရေးပညာရှင်များ လေ့လာမည်
ထိုင်းနိုင်ငံဗိသုကာအသင်းနှင့် NCC Exhibition Organizer Co., Ltd တို့ ပူးပေါင်းကျင်းပသည့် အာဆီယံ၏ အကြီးဆုံးဆောက်လုပ်ရေးနည်းပညာပြပွဲကို ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှ ဗိသုကာ ပညာရှင်များ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ သွားရောက်လေ့လာမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
အဆိုပါ ဗိသုကာပြပွဲကို Architect 20 refocus Heritage ခေါင်းစဉ်ဖြင့် ဧပြီ ၂၈ ရက် မှ မေ ၃ ရက်အထိ ခြောက်ရက်ကြာ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ IMPACT စင်တာတွင် ကျင်းပမည်ဖြစ်ကြောင်း Architect 20 Committee ဥက္ကဌ ဒေါက်တာ Vasu Poshyanandana က ပြောသည်။
“ အခုဒီမှာ တိုးတက်လာတဲ့စီးပွားရေးနဲ့ ပတ်သက်ပြီးမျှော်လင့်ချက်တွေ ရှိတာတွေကို မြင်တဲ့ အတွက်ကြောင့် ဗိသုကာဒီဇိုင်းတွေကလည်း ဖံ့ွဖြိုးတိုးတက်လာတော့မယ်ဆိုတာကို သိတဲ့ အတွက်ကြောင့် ပညာရှင်တွေကို လေ့လာဖို့ လာဖိတ်ခေါ်တဲ့ပွဲပါ ။ ဗိသုကာပညာရှင်တွေ ဆောက်လုပ်ရေး ကုမ္ပဏီတွေကို ဟိုဘက်ကိုလာဖို့ ဖိတ်တယ် ” ဟု စက်မှုကုန်သည်လုပ်ငန်းရှင်များအသင်း တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်က အဆိုပါ ကုန်စည်ပြပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ယခုကျင်းပမည့် ဗိသုကာပြပွဲသည် ၃၄ ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ဗိသုကာ ပညာရှင်များနှင့် ဆောက်လုပ်ရေးပညာရှင်များ ပထမဆုံးတက်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ရန်ကုန်နှင့် မန္တလေးတို့တွင် ကွန်ဒိုမီနီယမ်ဝယ်လိုအားမြင့်တက်လာနိုင်ပြီး ၂၀၃၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံတန်ဖိုးရှိသည့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံလာနိုင်ကြောင်း ဒေါက်တာ Vasu Poshyanandana က သုံးသပ်ပြောကြားခဲ့သည်။
ပြပွဲ (၆) ရက်တွင် ၂၀၂၀ ASA award ပြပွဲ၊ အနုပညာနှင့် ဗိသုကာထိန်းသိမ်းရေးဆုချီးမြှင့်ခြင်းပြပွဲ၊ ယူနက်စကို အာရှနှင့် ပစိဖိတ်ဆုများနှင့် လိုက်လျောညီထွေဖြစ်မည့် စံချိန်သတ်မှတ်ခြင်းနှင့် ရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းခြင်းများကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆောက်အအုံဒီဇိုင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အကြံပေးခြင်းနှင့် ပညာရှင်များနှင့်ဆွေးနွေးခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြပွဲခန်းမအကျယ်မှာ ၇၅၀၀၀ စတုရန်းမီတာ ကျယ်ဝန်းမည်ဖြစ်ပြီး ဥရောပ၊ အမေရိကန်၊ သြစတြေးလျ၊ ရှရှား၊ တောင်ကိုရီးယား၊ထိုင်ဝမ်၊ ဟောင်ကောင်၊ဂျပန်၊အိန္ဒိယ၊တရုတ်နှင့် အာဆီယံနိုင်ငံများမှ ကုမ္ပဏီ ၈၅၀ မှ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

Previous articleDawei SEZ Road Project to Be Completed by 2023
Next articleRubber Association Seeks IRA Certification