သွားလာမှုကန့်သတ်ထားသည့် မြို့နယ်များမှ ဘဏ်ခွဲများကို ပိတ်ထားမည်
English version available down below.
Covid-19 ကြောင့် သွားလာမှုကန့်သတ်ထားသည့် မြို့နယ်များအတွင်းရှိ ဘဏ်ခွဲများကို ပိတ်ထားမည်ဖြစ်ပြီး ငွေသွင်း၊ ငွေထုတ်နှင့် ငွေလွှဲ ဝန်ဆောင်မှုများကိုသာ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်တွင်းပုဂ္ဂလိကဘဏ်များမှ သိရသည်။
ယခု ဧပြီ ၂၀ ရက်တွင် ပုဂ္ဂလိကဘဏ်များ ပြန်လည်ဖွင့်လှစ်ပြီး အသွားအလာကန့်သတ်တားမြစ်ခြင်း (lock down) ပြုလုပ်ထားသည့် ဗဟန်းမြို့နယ်၊ ပုလဲကွန်ဒိုရှိ ဘဏ်ခွဲ၏ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ခေတ္တရပ် ဆိုင်းမည်ဖြစ်ကြောင်း KBZ ဘဏ်မှ ထုတ်ပြန်ထားသည်။
ထိုပြင် ဘဏ်ဝန်ဆောင်မှုအသုံးပြုသူများ လိုအပ်သည့် ဘဏ်ဝန်ဆောင်မှုများဖြစ်သည့် ATM၊KBZ pay KBZ iBanking KBZ mBanking စသည့် ဒီဂျစ်တယ်ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှ သိရသည်။
ယင်းပြင် မြန်မာရှေ့ဆောင်ဘဏ်(MAB)မှ လည်း အပ်ငွေစာရင်းမှ ငွေထုတ်ခြင်း၊ငွေသွင်းခြင်း ၊ MAB အကောင့်အချင်းချင်းငွေလွှဲခြင်းနှင့် စာရင်းသေအပ်ငွေစာရင်းသစ်ဖွင့်လှစ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကိုသာ ဆောင်ရါက်ပေးမည်ဖြစ်ပြီး Mobile Banking အပါအဝင် ဒီဂျစ်ဘဏ်ဝန်ဆောင်မှုများအတွက် လိုအပ်သည့် ကတ်အသစ် စာရင်းသစ်ဖွင့်လှစ်ခြင်းကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထိုပြင် ဘဏ်ခွဲပေါင်း ၂၆၁ ခုရှိသည့် ဧရာဝတီဘဏ်သည် ဘဏ်ခွဲ (၁၅၈) ခုကိုသာဖွင့်လှစ်မည့်ဖြစ်ပြီး ကျန်ဘဏ်ခွဲများကို ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
Covid -19 ရောဂါအားထိရောက်စွာထိန်းချုပ်နိုင်ရန် အတွက် မြို့နယ် (၇) မြို့နယ်အား သွားလာမှုကန့်သတ်ခြင်းကို ဧပြီ ၁၈ ရက်မှ စတင်လိုက်သည်။
အဆိုပါမြို့နယ်များမှာ တောင်ဥက္ကလာမြို့နယ်၊ပန်းပဲတန်း၊ဗဟန်း၊မရမ်းကုန်း၊အင်းစိန်၊ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်တို့ဖြစ်သည်။
လက်ရှိတွင် ဧပြီ ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် covid -19 ကူးစက်ခံထားရသူ ၁၁၉ ယောက်ရှိပြီး သေဆုံးသူ ၅ ယောက်ရှိကာ ပြန်လည်ကောင်းမွန်သူ ၉ ယောက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
Local banks has shut down some of their branches and decided to provide services: deposit, withdraw and transfer amid the COVID-19 pandemic.
The banks, which were closed during the cancelled Thingyan Festival, reopen today with some of the branches, especially in the lock-down areas, remain closed.
KBZ announced it will close the branch at Pearl Condo and provide other digital banking services such as ATM, KBZ Pay, KBZ iBanking and KBZ mBanking.
Myanmar Apex Bank announced that it will only provide services like cash withdraw, deposit, transfer and opening fixed saving accounts while suspending other services such as opening new card.
AYA Bank with 261 branches announced that it will open only 158 branches.
Authorities imposed lockdown in seven townships in Yangon namely South Okkalapa Township, Pabeden Township, Bahan Township, Mayangon Township, Insein Township, Shwepyithar Township and Hlaing Tharyar Township in a bid to curb the spread of virus.
As of April 20, Myanmar has 117 confirmed cases, of which five expired and nine recovered.