Home Business Local Businesses Need to High-quality Products: Aung San Suu Kyi

Local Businesses Need to High-quality Products: Aung San Suu Kyi

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

Daw Aung San Suu Kyi, State Counselor of Myanmar, encouraged business leaders to manufacture the products with quality higher than those of imported products.

“For businesses, high-quality products means dignity. Manufacturing high-quality products require more efforts than manufacturing low-quality ones,” she added. 

People would choose cheaper products if the quality is similar, but only when there is no alternative option. The government, on its side, always looks towards to help produce high-quality products, she assured. 

“I don’t like importing products, which you can manufacture here in the country. However, when you make products here, you need to create higher-quality products. In the market-oriented economy, you cannot force consumers to buy your products, simply because they are locally produced. You need to compete with your best strength,” Daw Aung San Suu Kyi said. 

The World Bank, in its recently released Myanmar Economic Monitor, revised its forecast for the country in the 2019-2020 fiscal year to be as low as 0.5 percent as all sectors are hit, with adverse effects of varying intensity projected across all sectors.

Nearly six months ago, on January 15 this year, it forecasted the economy to grow by 6.4 percent in the 2019-20 fiscal year, up from 6.3 percent last fiscal year. 

Written by Tayzar Bhone Myint/ Translated by Min Thu Aung


ပြင်ပမှဝင်လာသော ပစ္စည်းများထက်အရည်အသွေးမြင့်ထုတ်ကုန်များပြည်တွင်း၌ ထုတ်လုပ်ကြရန် မြန်မာ့စီးပွားရေး သမားများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

COVID -19 နှင့်သားငါးမွေးမြူထုတ်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခြင်း အစီအစဉ်တွင် ပြောကြားခြင်းဖြစ်သည်။

“စီးပွားရေးလုပ်ငန်းရှင်တွေဘက်က ကြည့်မယ်ဆိုရင် ကိုယ်ရဲ့ ထုတ်လုပ်တဲ့ပစ္စည်း ကိုယ့်ထုတ်ကုန်တွေဟာ အရည်အသွေးရှိတယ်ဆိုတာ ကိုယ့်အတွက်ဂုဏ် ရှိတယ်။ ကိုယ့်အတွက်ဂုဏ်သိက္ခာဟာ။ ဒါပဲ အရည်အသွေးရှိတဲ့ပစ္စည်းတွေ ထုတ်ဖို့ဆိုတာ လွယ်လွယ်နဲ့ပေါပေါ ထုတ်ဖို့ထက်တော့ ပိုပြီးဝါယမစိုက်ထုတ်ရတာပဲ” ဟု  ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

စျေးနှုန်းကွာခြားပြီး အရည်အသွေးက မကွာခြားပါက ဝယ်ယူသူများသည် စျေးသက်သာသောပစ္စည်းကိုသာ ဝယ်မည်ဖြစ် သော်လည်း တခါတရံ၌ မတတ်သာသောအခါ စျေးနှုန်းသက်သာသော ပစ္စည်းကိုသာ ဝယ်ကြရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အရည်အသွေးမြင့်သော ပစ္စည်းများ ထုတ်နိုင်ရန် နိုင်ငံတော်မှ မည်သို့ပံ့ပိုးရမည်ကို  အမြဲကြည့် ရှုနေကြောင်းလည်း ၄င်းကဆိုသည်။

“ဒီနိုင်ငံအတွင်းမှာ ထုတ်နိုင်ရဲ့သားနဲ့ အပြင်ကသွင်းလာတာတွေ ကျွန်မလုံးဝမကြိုက်ဘူး။ ဒါအမှန်ပြောရရင် ကိုယ်နိုင်ငံတွင်းမှာ ထုတ်နိုင်ရင် ကိုယ့်နိုင်ငံတွင်းမှာထုတ်။ ဒါမေမဲ့ ကိုယ်နိုင်ငံအတွင်းမှာ ထုတ်လို့ရှိရင် အပြင်က ဝင်လာတာတွေထက် အရည်အသွေးမြင့်အောင်ထုတ်နိုင်ရမယ်။ ကိုယ်နိုင်ငံကလုပ်တာမို့လို့ပဲ ဝယ်ဆိုတဲ့ပုံစံနဲ့  စျေးကွက်စီးပွားရေးကို ယုံကြည်လို့ရှိရင် အဲ့လိုလုပ်လို့မရဘူး။ စျေးကွက်စီးပွားရေးဆိုတာ ယှဥ်ပြိုင်ခြင်းပဲ“ ဟု   ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် သုည ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားနိုင်သည်ဟု ခန့်မှန်းထားသည်။

ပြီးခဲ့သည့် ခြောက်လခန့်က ဇန်နဝါရီလ  ၁၅ ရက်ကတော့ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုသည် ယခုနှစ်ဘဏ္ဍာနှစ်တွင် ၆ဒသမ၄ ရာခိုင်နှုန်း တက်လာနိုင်သည်ဟု ခန့်မှန်းခဲ့သည်။ အဆိုပါခန့်မှန်းချက်မှာ ယခင်ဘဏ္ဍာနှစ်က တိုးတက်မှုနှုန်းဖြစ်သည့် ၆ဒသမ ၃ ရာခိုင်နှုန်းထက် တိုးမြှင့်ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

 

- Advertisment -

Must Read

Myanmar Doing Well in Backing Country’s Economy During the Pandemic: State...

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည် Daw Aung San Suu Kyi, the State Counsellor of Myanmar, said in her address to the country on September 25 that the...