The local gold price when the market closed on Friday, September 10, was at K1.91 million per tical compared to K1.855 million on September 13 representing around a K50,000 drop over the weekends. (tical= 16.3 g)
Global gold price is USD $1,789 per ounce on September 13.
The local gold price has been skyrocketing since February reflecting the increasing Myanmar Kyat depreciation. The dollar rate against Myanmar Kyat on September 13 is K1990-2050 per dollar in the informal market. However, the bank rate is around K1750-1990 per dollar on the same day.
Meanwhile, the Yangon Gold Entrepreneurs Association on September 11 held a meeting to discuss the situation of gold prices increasing and to stabilize the local gold market. The meeting made six-point decisions including issuing gold currier certificates to members and conducting the gold trading at a moderate manner.
ပြီးခဲ့သည့် သောကြာနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြည်တွင်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၁၉၁၀၀၀၀ အထိ ဈေးပေါက်ခဲ့ပြီး ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် တစ်ကျပ်သားလျှင် ကျပ် ၁၈၅၅၀၀၀ ဈေးပေါက်သဖြင့် ပြီးခဲ့သည့် ပိတ်ရက်နှစ်ရက်အတွင်း တစ်ကျပ်သားလျှင် ကျပ်ငါးသောင်းဝန်းကျင် ဈေးကျသွားသည့် သဘောဖြစ်သည်။
စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၈၉ ဒေါ်လာ ပေါက်ဈေးရှိသည်။
ပြည်တွင်း ရွှေဈေးမှာ ကျပ်ငွေဈေးကျဆင်းမှုကြောင့် ဖေဖော်ဝါရီနှောင်းပိုင်းမှ စတင်ကာ တဟုန်ထိုး မြင့်တက်နေသည်။ မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာလည်း စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြင်ပ ငွေလဲဈေးကွက်၌ တစ်ဒေါ်လာလျှင် ကျပ် ၁၉၉၀ မှ ကျပ် ၂၀၅၀ အထိ ပေါက်ဈေးရှိနေသည်။ သို့သော် ဘဏ်ပေါက်ဈေးကတော့ တစ်ဒေါ်လာလျှင် ၁၇၅၀မှ ၁၉၉၀ အထိသာ ပေါက်ဈေးရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းသည် လက်ရှိရွှေဈေးမြင့်တက်နေမှု၊ ရွှေဈေးကွက် တည်ငြိမ်ရေးအတွက် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် အသင်းဝင်များဟာ ရွှေသယ်ယူခွင့်ကတ်များ ထုတ်ပေးရေး၊ ရွှေအရောင်းအဝယ်ကို ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ရေး အပါအဝင် ဆုံးဖြတ်ချက် ခြောက်ခု ချမှတ်ခဲ့သည်။