HomeBusinessLocal Gold Price on the Rise

Local Gold Price on the Rise

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

The local gold price has been gradually rising, reflecting the global gold price.

In the domestic market, a tical (=16.3g) of 24K quality gold goes around K1.287 million and the exchange rate is K1,390 per dollar.

“Gold price is changing, reaching over K1.28 these days,” a salesgirl at Aung Thamardi Gold Shop told Myanmar Business Today.

Today, the local gold price started at K1.287 million on the opening price and dropped to K1.283 million in the afternoon.

In the global gold market, the price, which has been on the rice since mid-July,  is $1,933 per ounce.

On July 1, a tical of gold was priced around K1.21 million. Local gold price in August 2019 hit a record high reaching K1.3 million.

Written by Tayzar Bhone Myint/ Translated into English by Min Thu Aung


ပြည်တွင်းရွှေစျေးကွက်တွင် ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၂ သိန်း ၈ သောင်း ခြောက်ထောင်ကျော်ထိ မြင့်တက်လာကြောင်း ရန်ကုန်ရွှေစျေးကွက်အတွင်းမှ သိရှိရသည်။

“ရွှေစျေးက ပြောမရဘူး အချိန်တိုင်းအတက်အကျရှိတယ်အခုရက်ပိုင်း ဆယ့်နှစ်သိန်းရှစ်သောင်းလောက်အထိ ဖြစ်လာတယ်”ဟု အောင်သမာဓိရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

ဇူလိုင်လ ၂၉ နံနက်ပိုင်း ရန်ကုန်ရွှေစျေးကွက်ဖွင့်ချိန်တွင် အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၁၂၈၇၀၀၀ ဖြင့် စျေးဖွင့်ပြီး မွန်းလွဲ ၁၂ နာရီကျော်ချိန်တွင် ၁၂၈၃၀၀၀ စျေးဝန်းကျင်ရှိခဲ့သည်။

မြန်မာ့ ရွှေဈေးသည်လည်း ဇူလိုင်လ ၁ ရက်က အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၂ သိန်း ၁ သောင်း ကျော် ရှိခဲ့ရာမှ ယနေ့တွင် ကျပ် ၁၂ သိန်း ၈ သောင်းကျော်အထိ ဈေးမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ထိုအပြင်ဇူလိုင်လ ၂၇ ရက်နေ့တွင်  အခေါက်ရွှေ ၁ ကျပ်သားလျှ င်၁၂၉၉၀၀၀ ဖြင့်စျေးပိတ်ခဲ့ဖူးသည်။

ကမ္ဘာ့ရွှေစျေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၃၃ ဒေါ်လာ ရှိပြီး ပြည်တွင်းငွေလဲစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ မြန်မာငွေ ၁၃၉၀  ကျပ်စျေးဝန်းကျင်တွင် စျေးပေါက်လျက်ရှိသည်။

ကမ္ဘာရွှေဈေးနှုန်းသည် ဇူလိုင်လ နှောင်းပိုင်းမှစတင်ပြီး တရိပ်ရိပ်မြင့်တက်လာခြင်းဖြစ်သည်။

မြန်မာနှင့် ဆက်စပ်လျက်ရှိသည့် နယ်စပ်မြို့များက ရွှေဝယ်လိုအား မြင့်တက်နေသဖြင့် ပြည်တွင်း၌ ရွှေဈေးနှုန်းများ ပြန်လည် မြင့်တက်လာခြင်းဖြစ်သည်။

ကမ္ဘာ့ရွှေဈေးသည် ဇူလိုင်လ ၂၀ ရက်က ၁ အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၂၄ မှ ယနေ့တွင် ၁၈၂၈ ဒေါ် လာ အထိ မြင့်တက်လာခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ် သြဂုတ်လက မြန်မာ့ရွှေဈေးသည် ၁ ကျပ်သားလျှင် ကျပ် ၁၃ သိန်းအထိ စံချိန်တင် မြင့်တက်ခဲ့ဖူး သည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img