အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Local investments in various sectors during the first 2019-20 Fiscal Year have reached over K1,500 billion representing K200 billion increase compared to that of the same period last fiscal year, according to data from the Myanmar Investment Commission.
The investments are from 113 companies who made over K1,543 billion and $348 million of investments per approval from the Myanmar Investment Commission and State/Region Investment Committees.
The sectors that received most of the investments are the industrial sector, the real estate industry, and the service sector.
The foreign direct investments into the country also in the same period have also reached $5.1 billion, which means the country is close the reaching its foreign direct investment target-$5.8 billion.
Written by Tayzar Bhone Myint
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၀ လအတွင်း မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ကျပ် ၁၅၀၀ ဘီလီယံ ကျော်လွန်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် အလားတူ ကာလနှင့်နှိုင်းယှဥ်ပါက ကျပ် ၂၀၀ ဘီလီယံ ပိုမို ဝင်ရောက်ခဲ့ကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှသိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ ခွင့်ပြု ချက်ဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်း ၁၁၃ ခုမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိသည်။
ရင်းနှီး မြှုပ်နှံမှုအများဆုံးဝင်ရောက်ခဲ့သည့် ကဏ္ဍများမှာ စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဉီး တည်ဆောက် ဖွံ့ဖြိုးမှု ကဏ္ဍနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတို့ ဖြစ်သည်။
ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ ၊ စိုက်ပျိုးရေးကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ စက်မှုဇုန်တည်ဆောက်ရေးကဏ္ဍ၊ သတ္တုကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတို့တွင် လည်း ရင်းနှီးမြှုပ်နှံမှုများ အများအပြားဝင်ရောက်လျက် ရှိကြောင်းသိရသည်။