Home Business Local Oil Mill Holds only 5 % of Market Share

Local Oil Mill Holds only 5 % of Market Share

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

Local cooking oil mills have been struggling to have market share in the domestic oil market for years. Their struggle continues as they only manage to hold 5 percent of the market, U Khin Soe, President of Mynamar Edible Oil Millers Association, told Myanmar Business Today.

“We have been struggling even before the COVID-19,” he continued.

Their trouble can be traced back as far as the 2000s when imported oils crushed local producers and got worse after the emergence of chemical that can make oil smell like groundnut oil or sesame oil in 2012. Their market share has shrunk over the years, he said.

It is mainly because of the price. Consumers, most of them are working people, chose price over quality as a viss (1.63kg) of groundnut oil, sunflower oil, or sesame oil is around K6,000 while imported mixed low-quality oils are sold half of that price.

Imported oil dominates the domestic market holding a lion share of 80 percent while other oils such as gutter oil take 15 percent.

Since 1990, the country imported 5,000 to 10,000 tons of edible oil per month, and after three decades, edible oil importation reached as high as 50,000-70,000 tons per month.
The government has recently announced plans to import 12,000 metric tons of palm oil from to secure its food security during the COVID-19.

Written by Tayzar Bhone Myint/ Translated by Myanmar


ပြည်တွင်းဆီစက်များ လည်ပတ်မှုနည်းပါးကာ စျေးကွက်တွင်လည်း ဝယ်ယူရောင်းချမှုနည်းပါးနေပြီး စားသုံးသူ ငါး ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးခင်စိုးက Myanmar Business Today ကိုပြောသည်။

“ကိုဗစ်မဖြစ်ခင်ကတည်းက ကျွန်တော်တို့လောကက ခက်ခက်ခဲခဲရုန်းကန်နေရတာပါ”ဟု  မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုးက ပြောသည်။

ပြည်တွင်းဆီလောကသည် ၂၀၀၀ ခုနှစ်ကတည်းက စာသုံးဆီတင်သွင်းမှုနှင့် ၂၀၁၂ မှစ၍ မြေပဲဆီ နှမ်းဆီ ဓါတုဗေဒအနံ့များ ပေါ်ထွက်လာပြီးနောက် စျေးကွက်ဝေစုနည်းပါးကာ အခက်အခဲများ ကြာရှည်လာခဲ့ကြောင်းလည်း  ၄င်းကဆိုသည်။

COVID-19 ကာလ ပြည်တွင်းစားသုံးဆီလိုအပ်သည့်အချိန်တွင် ဖြန့်ချိနိုင်ရေးအတွက် စားအုန်းဆီတန်ချိန် ၁၂,ဝဝဝ ကို အရေးပေါ်ရိက္ခာအဖြစ် ဝယ်ယူမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မှသိရသည်။

လက်ရှိစျေးကွက်အတွင်း နှမ်းဆီ မြေပဲဆီ နေကြာဆီ တို့မှာတပ်ပိဿ လျှင် မြန်မာငွေ ၆၀၀ ကျော်စျေးနှုန်းရှိနေရာ အခြေခံလူတန်းစားအတွက် စားသုံးရန်အခက်အခဲဖြစ်နေပြီး စျေးကွက်အတွင်းမှ စျေးနှုန်းချိုသာသော စားသုံးဆီများကို ဝယ်ယူစားသုံးလျက်ရှိသည်။

ပြည်ပတင်သွင်းလာသည့် ဆီများ က စျေးကွက်ထဲတွင် ရာခိုင်နှုန်း ၈၀ ရှိနေသည်ဟု မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များကဆိုသည်။

၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ပြည်ပမှ စားသုံးဆီတင်သွင်း မှုသည် ပျမ်းမျှ တစ်လ တန်ချိန် ၅ဝဝဝ မှ ၁၀,ဝဝဝ ကြားရှိခဲ့ပြီး  နှစ်သုံးဆယ်နီးပါးအကြာတွင် ပြည်ပစားသုံး ဆီတင်သွင်းမှုသည် တစ်လပျမ်းမျှ တန်ချိန် ၅၀,ဝဝဝ မှ ၇၀,ဝဝဝ ကြား ရှိလာကြောင်းသိရသည်။

စျေးကွက်အတွင်း စားအုန်းဆီနှင့် ဓာတုဗေဒ ရောနှောထားသောစားသုံးဆီတွေများ၏ လွှမ်းမိုးမှုများကြောင့် ပြည်တွင်းဆီစက်များ ဈေးကွက်ဝေစုရရှိရေးခက်ခဲနေဆဲဖြစ်ပြီး ရပ်တည်ရန်လည်းရုန်းကန်နေရကြောင်းသိရသည်။

- Advertisment -

Must Read

Myanmar bank atm mastercard visa kbz (2)

Myamar Consumers Are into Contactless Payment: Visa Survey

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည် Nearly three in four (72 percent) of Myanmar consumers have expressed a clear interest in adopting contactless card payments, according to the...