Covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်တွင်း အခြေခံစားသောက်ကုန်ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် ပြည်ပပို့ကုန်ပဲမျိုးစုံဈေးကွက်ဖော်ဆောင်နိုင်ရန်အတွက် ရောင်းဝယ်ခြင်းလုပ်ငန်းများကို တယ်လီဖုန်းဖြင့်ဖြစ်စေ အွန်လိုင်းဖြင့် ဖြစ်စေ ဆက်သွယ်လုပ်ကိုင်ကြရန် ဘုရင်နောင်ကုန်စည်ဒိုင်မှ ဧပြီ ၂၀ ရက်က ထုတ်ပြန်ထားသည်။
ယင်းသို့ ပြည်ပသို့ ပဲတင်ပို့မှုရပ်ဆိုင်းခြင်းမရှိစေရန် ရောင်းဝယ်ခြင်းများကိုဘုရင့်နောင်ကုန်စည်ဒိုင် အသိအမှတ်ပြုပွဲစားများမှ တစ်ဆင့်တယ်လီဖုန်း၊ အွန်လိုင်းအသုံးပြုဆက်သွယ်ရောင်းချကြရန်နှင့် အသင်းဝင်အချင်းချင်း တိုက်ရိုက်ရောင်းဝယ်ခြင်းများကို ဆောင်ရွက်ရန် ညွန်ကြားထားသည်။
ထိုသို့ ဈေးကွက်မပျက်ရန် အရောင်းအဝယ်များလုပ်ဆောင်စဉ်တွင် ကုန်စည်ဒိုင်သို့ လူကိုယ်တိုင်လာရောက်၍ စုရုံးလာရောက်၍ ရောင်းဝယ်ခြင်းများ မပြုလုပ်ရန် ဘုရင်နောင်ကုန်စည်ဒိုင်မှ နှိုးဆော်ထားသည်။
ဘုရင့်နောင်ကုန်စည်ဒိုင်အား နံနက် ၁၀ နာရီမှ နေလည့် ၂ နာရီထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး အကျိုးဆောင်ပွဲများအနေဖြင့် နေ့လည် ၁၂ နာရီမှ ၂ နာရီအထိ ကုန်စည်ဒိုင်သို့ အရောင်းအဝယ်အခြေအနေနှင့် ဈေးနှုန်းသတင်းများကို ပေးပို့ရမည်ဖြစ်သည်။
ထိုပြင် အာမခံငွေဖြင့် ပဲကြိုတင်အရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် ရောင်းရငွေ၏ ၁၀ ရာခိုင်နှုန်းကို ကုန်စည်ဒိုင်သို့ လာရောက်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ဧပြီလ ၂၀ ရက်တွင် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲစင်းငုံတစ်တန်လျှင် ကျပ် ရှစ်သိန်းခုနှစ်ထောင်၊ မတ်ပဲတစ်တန်လျှင် ကျပ် ကိုးသိန်းခြောက်သောင်းကျော်မှ ကျပ် ဆယ်သိန်းခုနှစ်ထောင်အထိ ပေါက်ဈေးရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်၏ ကုန်စည်ဈေးနှုန်းများအရ သိရသည်။
ကြက်သွန်နီတစ်ပိသာလျှင် အနိမ့်ဆုံး ကျပ် ၇၀၀ မှ အမြင့်ဆုံး ကျပ် ၁၁၀၀ အထိ၊ ကြက်သွန်ဖြူတစ်ပိသာလျှင် အနိမ့်ဆုံး ကျပ် ၂၀၀၀ မှ အမြင့်ဆုံး ကျပ် ၃၀၀၀ အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
Baying Naung Wholesale Market announced on April 20 that all the trading must be carried out via telephone or online in order to avoid crowd at the wholesale market as the country is trying to contain the spread of coronavirus while making sure demand for necessary commodities are met.
The market will be open 10 a.m. to 2 p.m. daily and brokers must report the sales and prices on 12-2 p.m.