Freight forwarding companies have to rest some of their trucks due to lower demands as trading activities at the Myanmar-China border trade gate have eased. Moreover, the goods to transport have also reduced while there are mounting difficulties in transportation.
“If the Yangon-Muse trade route is working properly, out freight forwarding sector thrives. But now, the Yangon-Muse route is not functioning well. So, the trucks used in the route are not have running. Normally, these days are a peak season for our sector,” U Kyin Thein, President of Myanmar Highway Freight Transportation Service Association, told Myanmar Business Today.
China, Myanmar’s biggest trade partner, has changed border trade policy implementing shuttle system. The new policy caused more restrictions and required extra steps delaying the flow of trade. As the trade flow to China through the border trade post, less trucks are needed to transport goods.
Moreover, the security challenges caused by the ongoing conflicts in Myanmar and higher fuel prices are also adding more burden on logistics sector. Ill-functioning banking sector and cash shortage are restraining manufacturing and trade.
Meanwhile, in a move to boost border trade, Myanmar has accepted the Chinese Yuan as an official settlement currency for border trade with China. Bank of China – BOC (Hong Kong) and Industrial and Commercial Bank of China (ICBO) are chosen as designated banks for the settlement.
The estimated settlement scale in the pilot phase will be about 2 billion yuan ($314 million), the sources disclosed. That is equivalent to about 30 percent of the value of bilateral border trade via inland routes.
ပွင့်လင်းရာသီ ဖြစ်ပေမဲ့ ကုန်ရရှိမှုနည်းနေတာကြောင့် ကုန်စည်ပို့ဆောင်ရေးကားအချို့ ရပ်နား ထားရတယ်လို့ အဆိုပါလုပ်ငန်း အသိုင်းအ၀ိုင်းကနေ သိရပါတယ်။
ကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ကုန်ရရှိဖို့ အခက်အခဲအပြင် လမ်းခရီး အချိန်ကြန့်ကြာမှုတွေကြောင့် ကုန်စည်စီးဆင်းမှုမှာလည်း လွယ်ကူချော့မွေ့မှုမရှိဘူးလို့ ဆိုကြပါ တယ်။
“အဓိကက ရန်ကုန်−မူဆယ်လမ်းကြောင်းကြီး အလုပ်လုပ်နေရင် ကုန်စည်ပို့ဆောင် ရေးက အကုန်လုံး အလုပ်ကောင်းတယ်ပေါ့နော်။ ရန်ကုန်−မူဆယ်လမ်းကြောင်းကြီး အလုပ်မလုပ်တော့ ဒီလမ်းကြောင်းမှာ ပြေးဆွဲနေတဲ့ ကုန်ကားတွေက ပုံမှန် မပြေးဆွဲရဘဲဖြစ်နေတယ်။ အမှန်ဆို ဒီအချိန်ဟာ ကျွန်တော်တို့ ကုန်စည်ပို့ဆောင်ရေးအတွက် အရမ်းကောင်းတဲ့ရာသီပေါ့။ အခုကျတော့ မကောင်းဘူး”
လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအရ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ကုန်စည် ကူးသန်းရောင်း၀ယ်ရေးလုပ်ငန်းကို နှောင့်နှေးစေသလို၊ သယ်ယူပို့ဆောင်ရေးမှာ အတား အဆီး၊ အစစ်အဆေးများတဲ့ ကိစ္စရပ်တွေကလည်း ကုန်စည်စီးဆင်းမှုအပေါ် သက်ရောက်မှု တွေရှိခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးမှု၀ါဒ အပြောင်းအလဲအပြီး ကုန်သွယ်ရေးလုပ်ငန်းတွေ အရင်လို အလုပ်မဖြစ်တော့တာကလည်း ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ပြီး၊ ငွေကြေးစီးဆင်းမှုအားနည်းနေတာ၊ အရောင်း အ၀ယ်တွေ အား နည်းသွားတာ၊ စီးပွားရေးလုပ်ငန်းတွေ လုပ်သာကိုင်သာမရှိတဲ့ အခြေအနေတွေက လည်း အဆိုပါ ကဏ္ဍအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။
တစ်ဘက်မှာလည်း စက်သုံးဆီစျေးနှုန်းအပါအ၀င် စရိတ်စကတွေ မြင့်တက်နေတာကြောင့် သယ်ယူပို့ဆောင်ခ နှုန်းထားတွေကမြင့်တက်နေပါတယ်။ အခုအခြေအနေတွေအတိုင်း ဆက်ရှိနေမည်ဆိုပါက ရည်ရှည်မှာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေရပ်နားရတဲ့အထိ ဖြစ်လာနိုင်တာကြောင့် လုပ်ငန်းရှင် တွေက စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။