HomeBusinessLocal၁၅ကြိမ်မြောက် ထီဖွင့်ပွဲကို ပြောင်းရွှေ့ဖွင့်လှစ်ပေးရန် ထီလုပ်ငန်းရှင်များအသင်းမှ တောင်းဆိုထားသော်လည်း မေလ၁ရက်နေ့တွင် ပုံမှန်အတိုင်း ဖွင့်လှစ်မည်

၁၅ကြိမ်မြောက် ထီဖွင့်ပွဲကို ပြောင်းရွှေ့ဖွင့်လှစ်ပေးရန် ထီလုပ်ငန်းရှင်များအသင်းမှ တောင်းဆိုထားသော်လည်း မေလ၁ရက်နေ့တွင် ပုံမှန်အတိုင်း ဖွင့်လှစ်မည်

၁၅ကြိမ်မြောက် ထီဖွင့်ပွဲကို COVID 19 ရောဂါဖြစ်ပွားမှု နည်းပါးပြီး စီးပွားရေး တည်ငြိမ်မှုရှိမှသာ ပြန်လည်ဖွင့်လှစ်ပေးရန်အတွက် မြန်မာနိုင်ငံထီလုပ်ငန်းရှင်များအသင်းမှ တောင်းဆိုထားသော်လည်း ပုံမှန်ထီဖွင့်ရက်အတိုင်း မေလ၁ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဧပြီလ ၂၅ရက်နေ့တွင် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ကြေငြာခဲ့သည်။

၁၅ကြိမ်မြောက် ၁၀၀၀ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို မေလ ၁ရက်နေ့တွင် မဟာဗန္ဓုလလမ်းနှင့် ၃၇လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမ၌ ပုံမှန်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ရောဂါအခြေအေနေများကြောင့် အောင်ဘာလေထီ ၀ယ်ယူခွင့်ရရှိထားသူများမှ အောင်ဘာလေ ထီလက်မှတ်များ လာရောက်ထုတ်ယူခြင်မပြုသဖြင့် မြို့နယ်အခွန်ဉီးစီးဌာနမှူးရုံးအသီးသီးတွင် ထီလက်မှတ်များ ကျန်ရှိနေလျက်ရှိသည်။

အဆိုပါ ကျန်ရှိသည့် မရောင်းရထီလက်မှတ်များစာရင်းကို စီစစ်ပြုစုပြီးပါက ၁၅ကြိမ်မြောက် ၁၀၀၀ကျပ်တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် ခွဲ ဝေချီးမြှင့်မည်ဖြစ်ပြီး ခွဲဝေချီးမြှင့်မည့် ဆုမဲစာရင်းကို အချိန်မီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၁ရက်နေ့မှစတင်၍ COVID 19 သည် မြန်မာနိုင်ငံအတွင်း ပိုမိုဖြစ်ပွားလာသည့်အတွက် အဝေးပြေးကားဂိတ်များ ရပ်နားထားခြင်း၊ အစားအသောက် နှင့် ဆေးဝါးဆိုင်များမှအပ အခြားသောဆိုင်များ ဖွင့်ခွင့်မပြုခြင်း၊ နေရအနှံ့ Lockdown များပြုလုပ်ထားခြင်းနှင့် အခြားသော အခက်အခဲများကြောင့် ထီရောင်းချ၍ မရရှိသည့်အတွက် ထီဖွင့်ရက်အား ပြောင်းရွေ့ပေးရန် မြန်မာနိုင်ငံ ထီလုပ်ငန်းရှင်များအသင်းမှ တောင်ဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

၁၄ကြိမ်မြောက် ထီရောင်းချသောကာလသည် ရောဂါများ စတင်ဖြစ်ပွားသည့်အချိန်ဖြစ်သည့်အတွက် ၀ယ်ယူသူနည်းပါးခဲ့ပြီး ထီရောင်းချရာတွင် အခက်အခဲများဖြစ်ပေါ်ခဲ့ခြင်းကြောင့် သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ ဖွင့်ပွဲရက်အား ပြောင်းရွေ့ပေးရန် တင်ပြခဲ့သော်လည်း လိုက်လျောခဲ့ခြင်းမရှိသည့်အတွက် ထီရောင်းချသူများ ၃၀%အထက် အရှုံးပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ ထီလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ထီလုပ်ငန်းရှင်များအနေဖြင့် အောင်ဘာလေထီရုံးမှ ထီစာအုပ်၀ယ်ယူမည်ဆိုပါက တစ်အုပ်လျှင် ၂၀၀ကျပ်နှုန်းဖြင့် ၃လစာကို ပြည်တွင်းအခွန်များဦးစီးဌာနသို့ Deposit တင်သွင်းထားရကြောင်း သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img