အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Myanmar Airways International flew Yangon-Sydney flight via Denpasar-Bali- its first flight to Australia and its longest route yet, as part of its continued commitment to bringing home Myanmar citizens and other citizens across the region.
This flight was operated in collaboration with the Myanmar Ministry of Foreign Affairs (MOFA), Myanmar Embassy in Canberra, as well as Indonesia, Australia, and New Zealand embassies in Yangon.
In the first leg, this relief flight carried 45 Indonesian between Yangon to Denpasar-Bali, while 21 Australians and New Zealanders made their way to Sydney. On its return leg, MAI brought 83 Myanmar citizens who were returning home to Myanmar from Sydney and 7 Indonesian officials from Denpasar-Bali joined them.
Since the COVID-19 pandemic affected the Myanmar aviation sector, MAI has operated more than 140passenger and all-cargo flights, carrying nearly 5,200 passengers and 155,000 kilograms of cargo on behalf of various Government Bodies, Ministries, Embassies and Business Partners within Myanmar and across the region.
Besides that, MAI has actively involved in carrying much needed medical supplies and equipment from various countries on a free of charge basis to assist the country in its fight against the pandemic.
Myanmar Airways International သည် သြစတြေးလျနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများနှင့် ဒေသတွင်းမှ အခြားနိုင်ငံသားများကို နေရပ်သို့ ပြန်ခေါ်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံ ဘာလီရှိ Denpasar မှတစ်ဆင့် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ကူညီကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲခဲ့သည်။ အဆိုပါ ခရီးစဉ်မှာ သြစတြေးလျနိုင်ငံသို့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး အဝေးဆုံးခရီးစဉ်လည်းဖြစ်သည်။
ယင်းခရီးစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံး၊ သြစတြေးလျသံရုံးနှင့် နယူးဇီလန် သံရုံးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အသွားခရီးစဉ်တွင် အင်ဒိုနီးရှားနိုင်ငံသား ၄၅ ဦးကို ရန်ကုန်မှ ဘာလီသို့ ခေါ်ဆောင်သွားခဲ့ပြီး သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံသား ၂၁ ဦးကိုလည်း ဆစ်ဒနီသို့ ခေါ်ဆောင်သွားခဲ့သည်။ အပြန်ခရီးစဉ်တွင် သြစတေးလျနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာမည့် မြန်မာနိုင်ငံသား၈၃ ဦးနှင့် သြစတေးလျနိုင်ငံမှ နေရပ်ပြန်မည့် အင်ဒိုနီးရှားအရာရှိ ၇ ဦးကို ခေါ်ဆောင်လာခဲ့သည်။
မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားကတည်းက MAI သည် ခရီးသည်တင်၊ ကုန်တင်ခရီးစဉ်ပေါင်း ၁၄၀ ကျော် ပျံသန်းခဲ့ပြီး ခရီးသည်ပေါင်း ၅၂၀၀၊ ကုန်စည်တန်ချိန် ၁၅၅၀၀၀ ကီလိုဂရမ်တို့ကို သယ်ပို့ပေးခဲ့ပြီးဖြစ်သည်။